Unicode
"ဂျန်းကု ပြန်ကြရအောင်လေ"
ဂျန်းကုသည် ဂျင့်စီတွင်အာရုံမရပဲတယောက်ယောက်ကို မှော်နေဟန်ပင်..
"ဂျင် မင်းအရင်ပြန်လိုက်တော့
ငါဒီနေ့ ဂျီမင်နဲ့dateလုပ်မလို့"ဆော့ဂျင်ကိုနာကျင်စေဖို့ ဘယ်လက်နက်မှမလိုပါဘူး ဂျန်းကုဆိုတဲ့ထိုသူရဲ့စကားတခွန်းလောက်နဲ့တင် ဆော့ဂျင်ဟာ နာကျင်ရနေပီးသားပါ...
"အင်း အဲ့တာဆိုငါထယ်ယောင်းနဲ့ပြန်လိုက်မယ်*
ဂျန်းကုရဲ့မျက်၀န်းတွေထဲမှာ မည်သို့ပုံဖော်ရမှန်းမသိသော ပုံရိပ်တချို့တို့ဖြတ်ပြေးသွားလေသည်...
သို့သော် ထိုအရာသည်မကြာရှည်လိုက်ပါ..."ဂျန်းကု သွားမယ်လေ"
ဂျီမင် ရောက်လာပီး ဂျန်းကုထိုသူနဲ့ပါသွားလေသည်..
ဆော့ဂျင်ကတော့ ဂျီမင့်ကိုမမြင်ချင်ပါ...
ဆော့ဂျင်လိုချင်တဲ့အရာမှန်သမျှကိုသူရနေလို့ မနာလိုတယ်ထင်ရင်လည်းထင်ပါစေ...
ဆော့ဂျင်သိတာ ပတ်ဂျီမင်ကိုမြင်လိုက်တဲ့အခါတိုင်းအရာအားလုံး
ပျော်ဆုံးသွားသလိုခံစားချက်သာ..."ဆော့ဂျင် မိုးရွာတော့မယ်ထင်တယ် ငါနဲ့အတူတူပြန်မယ်လေ"
ဆော့ဂျင် ညို့တက်လာတဲ့မိုးသားတိမ်တိုက်တို့ကို ငေးကြည့်နေမိသည်..ဆော့ဂျင် ထယ်ယောင်းနဲ့အတူ မပြန်ဖြစ်ပါ...
သူဂျန်းကုကိုစောင့်နေချင်သေးသည်...
အကယ်၍ သူ့စီကိုပြန်လာမလားဆိုတဲ့စိတ်နဲ့ပေါ့...
.
.
.
.
.
.
.
"ဂျန်းကု ဒါလေးစားကြည့်ဘလိုလဲ""အင်း ကောင်းတယ်"
မိမိရှေ့မှာပြုံးရီနေတဲ့ဂျီမင်ဟာ တကယ်ကိုချောမောလှပပါပေသည်...
ဒါပေမဲ့ထိုသူ့ရဲ့အပြုံးတွေထပ် ဆော့ဂျင်ရဲ့အသက်မဲ့တဲ့အကြည့်တွေဟာ ဂျန်းကုရဲ့စိတ်ထဲမှာပိုပီးနေရာယူထားလေသည်...
ဂျီမင်နဲ့အတူရှိရတာပျော်ပါသော်လည်း ဆော့ဂျင်ကိုသတိရနေမိသည်..."ဂျန်းကု ဒါလေးလှတယ်နော်"
Shopping mallထဲက ပန်းရောင်နာရီလေးကိုလက်ညိုးထိုးပြနေတဲ့ဂျီမင်ကြောင့် ဂျန်းကုထိုနာရီလေးကို၀ယ်ပီးလက်ဆောင်ပေးလိုက်ပါသည်...
ဒါပေမဲ့ ဆော့ဂျင်အတွက်ပါ အပိုတလုံးထပ်၀ယ်ခဲ့လိုက်သည်...
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...