Unicode
ခွဲစိတ်ခန်းရဲ့အလင်းရောင်မှန်ပြပြအလယ်က ဆေးရုံကုတင်ပေါ်မှာ ဆော့ဂျင် ပုံမှန်အတိုင်းအသက်မဲ့စွာလှဲနေမိသည်..
"လူနာ မေ့ဆေးစထိုးပါတော့မယ်"
ဆော့ဂျင် ခေါင်းငြိမ့်ပြလိုက်သည်
ဆရာ၀န်က လက်ထဲကဆေးထိုးအပ်ကို ဆော့ဂျင်လက်မောင်းအတွင်းသို့မသွင်းခင်.."လူနာ့အရေးကိစ္စကို ကျွန်တော်နားမလည်ပါဘူး
ဒါပေမဲ့ လူနာသေချာစဉ်းစားပါ
ဆုံးဖြတ်ချက်ချပီးမှ နောင်တရမှာမျိုးမဖြစ်ပါစေနဲ့"ဆော့ဂျင်ဘာမှပြန်မဖြေမိ..
ဒီဆုံးဖြတ်ချက်ကိုချလိုက်လို့ နောက်မှနောင်တရမိမလားမသိပေမဲ့
ဒီဆုံးဖြတ်ချက်ကိုမချမိရင်တော့ သေချာပေါက် နောင်တရမှာ ဆော့ဂျင်သိသည်..
ဒီကလေး..
ဒီဗိုက်ထဲက ဂျန်းကုနဲ့သူ့ရဲ့သွေး...
ဂရုဏာသက်မိသလိုဖြစ်မိပေမဲ့ ဒီဆုံးဖြတ်ချက်က ကလေးအတွက်လည်းအဆင်ပြေစေလိမ့်မည်..ဂျန်းကုသူ့ကိုမုန်းနေတာ ဆော့ဂျင်သိသည်..
သူ့ရဲ့ကလေးကိုရော သူ့ကိုမုန်းနေတဲ့ဂျန်းကုက ခက်ခံပေးနိုင်ပါ့မလား..
သူ(ဆော့ဂျင်)ကရော ဒီကလေးကိုအပြည့်အ၀ချစ်ပေးနိုင်ပါ့မလား?
ဘယ်သူ့စီကမှအချစ်ကို အပြည့်အ၀မရဖူးတဲ့ သူ(ဆော့ဂျင်)က ကလေးအပေါ်မိဘကောင်းတစ်ယောက်ဖြစ်လာနိုင်ပါ့မလား..အချစ်မခံရတဲ့ကလေးတယောက်ရဲ့ခံစားချက် မိဘချင်းအဆင်မပြေတဲ့ကလေးတစ်ယောက်ရဲ့ခံစားချက်ကို သူ(ဆော့ဂျင်)အသိဆုံးပင်..
သူကိုယ်တိုင်သိနေတဲ့နာကျင်မှုကို ဒီကလေးကိုခံစားခွင့်ပြုဖို့သင့်ပါမလားအထူးသဖြင့် ဒီကလေးမွေးပီးနောက်ပိုင်းမှာ ဒီကလေးကသူ့ရဲ့အားနည်းချက်ဖြစ်လာခဲ့ရင်ရော..
သူဘယ်တုန်းကမှအားနည်းချက်ဆိုတာမရှိအောင်နေထိုင်ခဲ့တာ..
နောက်တုံးဂျန်းကုဆိုတဲ့ သူချစ်ရတဲ့သူကိုတောင် သူ့ရဲ့အားနည်းချက်တခုမဖြစ်အောင်လုပ်ခဲ့တာ...
ဒီအကောင်အထည်မပေါ်သေးတဲ့အစိုင်အခဲ သက်ရှိသေးသေးလေး
သူ့အပေါ်မှာ ဒီထပ်ပိုပီး ဂရုဏာမထားမိခင် သူ့(ဆော့ဂျင်)ရဲ့အားနည်းချက်မဖြစ်သေးခင် သူဒီအရာကိုဖျက်ဆီးပစ်ရလိမ့်မယ်..
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...