Unicode
"ဂျန်းကု ငါတို့ဘာဆက်လုပ်ကြမလဲ"
မေးလာတဲ့ ဂျီမင့်ရဲ့အမေးကို ဂျန်းကုဘလိုဖြေရမည်မှန်းမသိပေ...
"ဂျန်းကု မင်းတကယ်ပဲ ဆော့ဂျင်နဲ့လက်ထပ်တော့မှာလား"
ဂျန်းကု ဂျီမင့်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်...
"လာမဲ့ သောကြာနေ့ ကိုယ့်ကိုဘတ်စ်ကားဂိတ်မှာစောင့်နေပေး"
"ငါတို့..."
"ကိုယ်တို့အတူတူထွက်ပြေးကြရအောင် ဂျီမင်
ကိုယ်နဲ့အတူလိုက်ရဲရဲ့လား"ဂျီမင် ခေါင်းကိုမြန်ငြိမ့်ပြလိုက်သည်...
ချစ်ရသူရဲ့လက်ကိုတွဲပီး မလိုက်ရဲစရာဘာရှိလို့လဲ...
အကယ်၍ ဂျန်းကုသာရှိနေမယ်ဆိုရင် သူငရဲပြည်ကိုတောင်ဆင်းရဲပါသေးသည်..
သို့သော် သူ့အတွက် ငရဲထက်ဆိုးမဲ့ ကံကြမ္မာရောက်လာမယ်ဆိုတာကို ကောင်လေးနှစ်ယောက်လုံးမသိခဲ့ကြသလို...
သူတို့ကိုကြည့်နေတဲ့ အေးစက်စက်မျက်၀န်းတစုံကိုလည်း သတိမထားမိခဲ့ကြပါပေ...
.
.
.
.
.
.
.
.
.
ဂျီမင် ဒီနေ့ဂျန်းကုနဲ့ ချိန်းထားတဲ့ ကားဂိတ်ရှေ့ကို အစောကြီးထွက်လာလိုက်လေသည်...
ညနက်ချိန်ဖြစ်၍ လူသူနည်းနေသည့်အပြင် အအေးဓာတ်ကလည်း အတော်ပင် ကြောက်စရာကောင်းလှပါသည်...
သို့သော် ဂျီမင်ဆိုတဲ့ ကောင်လေးကတော့ ချစ်ရသူနဲ့ ပုံဖော်မဲ့အနာဂတ်အတွက် အပျော်ကြီး ပျော်နေလေရဲ့..."ဂျီမင်!"
အနောက်ကခေါ်သံကြောင့် ဂျီမင် မျှော်လင့်တကြီးလှည့်ကြည့်လိုက်ပေမဲ့ သူမျှော်နေသူမဟုတ်ခဲ့ပေ...
"ထယ်ယောင်း မင်းက ဘလိုလုပ်ဒီကို..."
"ဂျန်းကုပြောပြလိုက်တာ"
ထယ်ယောင်း ဖုန်းထဲက မက်ဆေ့ကို ထုပ်ပြလိုက်လေသည်....
'ထယ်ယောင်း...
ငါ့ရဲ့အိမ်ကလူကြီးတွေကြောင့် ငါဒီနေ့အပြင်ထွက်ဖို့အဆင်မပြေဘူး
ကားဂိတ်မှာ ဂျီမင်စောင့်နေလိမ့်မယ်
သူ့ကိုမင်းကခနလောက်ခေါ်ထားပေးပါ'ဂျီမင် မက်ဆေ့ကိုတိတ်တဆိတ်ဖတ်လိုက်ပီး ထယ်ယောင်းစီကိုလှမ်းကြည့်လိုက်လေသည်...
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...