*32*

2.2K 192 37
                                    

Unicode

ထယ်ယောင်း တဖက်ကဖုန်းပြောသည်ကိုကြားတချက်မကြားတချက်..
ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ??

"သူတို့နှစ်ယောက်ရဲ့DNAကိုစစ်ကြည့်ဖို့ပြင်ထားပေး အကိုနမ်ဂျွန်း
DNAစစ်ဖို့လိုအပ်တာ ကျွန်တော်ရအောင်လုပ်ပေးမယ်"

ထယ်ယောင်း ဖုန်းကိုချလိုက်ပီးနောက် အတွေးတို့ထဲနစ်မြောနေမိသည်..
သူပထမဆုံးတွေးမိသည်က ဆော့ဂျင်..
အကယ်၍ ဆော့ဂျင်သာသိသွားရင် ဘယ်လိုလုပ်မလဲ..
သူကိုယ်တိုင် သူရဲ့သွေးရင်းဘ၀ကို ဖျက်စီးခဲ့မှန်းသာ သူသိသွားရင်...

ထယ်ယောင်း ခေါင်းကို ရမ်းမိသည်..
ဆော့ဂျင် သိသွားလို့လုံး၀မဖြစ်..
ဂျီမင့်အတွက်မတရားဘူးဆိုရင်တောင် သူကတော့သူချစ်ရတဲ့ဆော့ဂျင်အတွက်ကိုသာ တွေးပေးနိုင်သည်..

ထယ်ယောင်း ဖုန်းကိုယူပီး ဂျန်းကုစီကို စာတစောင်ပို့လိုက်သည်..

[ဆော့ဂျင်ရဲ့ သွားတိုက်တံ ယူလာပေးလို့ရမလား ဂျန်းကု
မနက်ဖြန် ××cafeကိုယူလာခဲ့ပေး]
.
.
.
.
.
.
.
.
.
.
"အချစ်"

ပေါင်ပေါ်မှာ အိပ်စက်နေသူက ဘာကိုမှတုံ့ပြန်မလာပေ..
ဂျန်းကု အိပ်နေတဲ့ဆော့ဂျင် နဖူးလေးပေါ်မှာ အနမ်းခြွေမိတော့ လူးလွန့်လာတဲ့ချစ်ရသူ..

"မအိပ်နဲ့တော့လေ
ခေါင်းကိုက်လိမ့်မယ်
ခြံထဲလမ်းဆင်းလျှောက်ရအောင်"

ဆော့ဂျင် ပျင်းရိစွာ ခေါင်းရမ်းမိသည်..
အခုရက်ပိုင်း ကိုယ်၀န်လရင့်လာတာနဲ့အမျှ စားသမျှအန်ပီး ဘာအနံ့မှခံလို့မရပါပေ..
ခြေလက်တွေ ဖောင်းကားပီး မအီမသာဖြစ်ကာ တနေကုန်အိပ်ချင်နေတော့သည်..

"ဘာဖြစ်လို့လဲ ဂျင်"

ဗိုက်က တချက်နာကျင်မှုကြောင့် ဗိုက်ကိုကိုင်လိုက်မိတော့ စိုးရိမ်စွာကြည့်လာတဲ့ဂျန်းကု..
ဆော့ဂျင် ဘာမှပြန်မဖြေမိ လက်နဲ့စမ်းမိနေတဲ့ အထိအတွေ့လေးကြောင့် တိတ်ဆိတ်နေမိသည်..

"ဘယ်နေရာ နာလို့လဲ ဗိုက်ကလား"

ဂျန်းကု စကားမဆုံးခင်မှာပဲ ဆော့ဂျင် ဂျန်းကုလက်ကိုယူပီး ထိုအထိအတွေ့လေးအပေါ်ကိုတင်ပေးလိုက်သည်..

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now