Unicode
"ဟိုဆော့ မင်းဘာလို့ဆော့ဂျင်လာတွေ့တာကိုလက်မခံရတာလဲ"
မှန်တဖက်ခြားကချစ်ရသူ၏မျက်နှာသည် သွေးရောင်မရှိသည့်နှယ်ဖြူစုတ်နေပီး ကွဲအက်နေသည့်ပိန်ချုံးနေသည့် ခန္ဓာကိုယ်..
ထိုအရာတို့ကိုကိုယ်တိုင်မြင်တွေ့နေရသော်လည်း ယွန်းဂီဘာမှမတတ်နိုင်ချေ..."ကျွန်တော် အကိုဂျင့်ကို ဒီလိုပုံစံမတွေ့စေချင်ဘူး မင်
အကိုကကျွန်တော့ဘ၀ကိုကယ်တင်ပေးခဲ့ပေမဲ့ ကျွန်တော်ကတော့..ကျွန်တော်ကတော့..."မျက်ရည်စတွေနဲ့နဲ့အတူပြောလာတဲ့ဟိုဆော့ကို ယွန်းဂီထွေးပွေ့ချင်မိသည်..
"ဟိုဆော့ ကိုယ်ပြောတာကိုနားထောင်ပါ ဒီတခါဂျင်မင်းကိုလာတွေ့ရင် လက်ခံတွေ့လိုက်ပါ ဟုတ်ပီလား
ဂျင်က နေပြန်ကောင်းတာမကြာသေးဘူး သူမင်းကိုအရမ်းတွေ့ချင်နေတယ် မင်းလည်းသူ့ကိုတွေ့ချင်နေတယ်မလား""ကျွန်တော်အကို့ကိုအရမ်းတွေ့ချင်တာပေါ့ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးနဲ့တော့မဟုတ်ဖူး
မင် စောင့်နေပါ
ကျွန်တော် အပြစ်ကြွေးတွေအကုန်ဆပ်ပီး မင်နဲ့အကို့ဘေးကိုရောက်အောင်ပြန်လာခဲ့မယ်
စောင့်နေပေးမယ်မလား မင်?"ယွန်းဂီ ခေါင်းငြိမ့်ပြရင်း...
"မေးစရာလိုသေးလို့လား ဟိုဆော့
ကိုယ်မျှော်နေပါ့မယ် မင်းကိုယ့်စီကိုပြန်လာနိုင်မဲ့နေ့
မင်းရဲ့လက်ကိုပြန်ဆုပ်ကိုင်ခွင့်ရမဲ့နေ့
မင်းကိုထွေးပွေ့ခွင့်ရနိုင်မဲ့နေ့ အဲဒီနေ့ကိုပေါ့""ကျေးဇူးတင်ပါတယ် မင်
အရာအားလုံးအတွက်ပါ""ကျေးဇူးတင်ပါတယ် ဟိုဆော့
မင်းဆိုတဲ့ဖြစ်လေးမှုလေးရှိနေတာကိုက ကိုယ့်အတွက်အသက်ရှင်သန်ရမဲ့အကြောင်းပြချက် ဖြစ်နေလို့ပါ"မှန်ခြားထားတဲ့နေရာ တဖက်တချက်စီကချစ်ရသူနှစ်ဦး..
တစ်ဦးနဲ့တစ်ဦးဝေးကွာနေကြသော်လည်း ရင်ခုန်သံချင်းထပ်တူကျလျက်...
.
.
.
.
.
.
.
.
.
.
"ဂျင်"ဧည့်ခန်းထဲမှာ မှုန်ကုတ်ကုတ်ထိုင်နေတဲ့ချစ်ရသူကို ဂျန်းကုထွေးပွေ့လိုက်တော့ ရုန်းလာတဲ့ချစ်ရသူ..
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...