*11*

2.3K 210 14
                                    

Unicode

"ဂျင် မင်းဘ၀ကို ဒီလိုကြီးမကုန်ဆုံးချင်စမ်းပါနဲ့"

ထယ်ယောင်း ဂျင့်ရဲ့လက်ထဲက ဆေးလိပ်ကိုအမြန်နင်းခြေပစ်လိုက်သည်...
ချစ်ရသူရဲ့ဒီလိုပုံစံကိုမြင်ရတာ ထယ်ယောင်းလဲနာကျင်လှပါသည်...
သို့သော်သူကဘာများတတ်နိုင်မည်တဲ့လဲ...

"ဂျင် မင်းဘာလိုချင်တာပြောပါ မင်းဖြစ်ချင်တာအကုန်ဖြစ်စေရပါမယ်"

ဂျင်က ထယ်ယောင်းကိုစူးစူးရဲရဲကြည့်လာပီး..

"ငါကအဲ့လောက်တောင်အားနည်းတယ်ထင်နေတာလား ကမ်ထယ်ယောင်း
ငါလိုချင်တာကို ငါကိုယ်တိုင်ရအောင်ယူနိုင်တယ်..
မင်းကအကူအညီကိုအလိုမရှိဘူး"

ဂျင် ရှေ့မှာပိတ်ထားတဲ့ ယောင်းရဲ့ပုခုံးကိုတိုက်ပီးထွက်သွားဖို့ပြင်လိုက်သည်...

"ငါမင်းကိုချစ်တယ် ဂျင်"

"ငါဘယ်သူ့ကိုချစ်လဲ မင်းသိပါတယ်"

ဂျင် ထယ်ယောင်းဘက်ကိုတချက်လှည့်ကာ စကားတခွန်းကိုပြောလိုက်လေသည်...

"ငါ့ကိုမချစ်နဲ့ ကမ်ထယ်ယောင်း
ဒါငါမင်းအတွက်ပြောပေးနိုင်တဲ့ တခုတည်းသောစကားပဲ"

'မင်းကိုဒုတိယငါအဖြစ်နဲ့ ထပ်မြင်ချင်တော့ဘူး
ဒါက ငါတို့သူငယ်ချင်အဖြစ်ခဲ့တဲ့
ဆယ်နှစ်ကျော်အတွင်းမှာ မင်းအတွက် ငါလုပ်ပေးနိုင်တဲ့တခုတည်းသောအရာပဲ'

"မင်းက တကယ်အတ္တကြီးတာပဲ ဂျင်"

ဆော့ဂျင် ထယ်ယောင်းရဲ့စကားကိုလျစ်လျူရှုပီး ထယ်ယောင်းရှေ့ကနေထွက်လာလိုက်သည်...
ထယ်ယောင်းကတော့ ကျဆင်းနေတဲ့ မျက်ရည်တချို့ကိုလျစ်လျူရှုပီး အပြုံတခုကိုဖန်တီးလိုက်လေသည်...
သို့သော် ထိုအပြုံးသည်ကားပျော်ရွှင်မှုကြောင့် ဖြစ်တည်တဲ့အပြုံးတခုမဟုတ်ပဲ နာကျင်မှုကြောင့်ဖြစ်တည်တဲ့အပြုံးတခုဆိုတာ ဘယ်သူများသိနိုင်ကြမှာလဲ....

'ဂျင် မင်းကအတ္တအရမ်းကြီးတယ်...
မင်းကိုယ်တိုင်မလုပ်နိုင်တဲ့အရာကိုငါ့ကိုလုပ်ခိုင်းခဲ့တယ်
ငါ့ကိုမချစ်ပါနဲ့တော့တဲ့လား လွယ်လိုက်တာ
အဲ့လောက်လွယ်နေရင် မင်းရော သူ့ကိုမချစ်ဖို့ကြိုးစားလိုက်ပါတော့လား
မင်းကိုယ်တိုင်သိပါတယ်
အချစ်ကလွယ်လွယ်နဲ့ဖြစ်တည်လာတာမဟုတ်သလို လွယ်လွယ်နဲ့ဖျောက်ဖျက်လည်းရတဲ့အရာမှမဟုတ်ပဲ..'

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now