*4*

2.5K 252 21
                                    

Unicode

'ငါ့ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်ကတခုတည်းရှိတယ်...
အဲတာက မင်းပဲ...'
.
.
.
.
.
"ရှက်ဖို့ကောင်းလိုက်တာ တခါမှဒီလိုအဖြစ်မကြုံဖူးဘူး"

အိမ်ထဲ၀င်လာတာနဲ့ကြာရတဲ့အသံတို့ကြောင့် ဆော့ဂျင်အံကိုတင်းတင်းကြိတ်မိသည်... ဟိုတနေ့ရန်ဖြစ်တဲ့ကိစ္စကြောင့် အုပ်ထိန်းသူခေါ်ခိုင်းလို့
ဆော့ဂျင်မေမေ့ကိုဆရာစီခေါ်သွားခဲ့ခြင်းဖြစ်သည်... ဒါကိုသိတဲ့ဆော့ဂျင်ရဲ့ဖွားဖွားက အခုလို့ဆော့ဂျင်ကိုခနဲ့နေတော့သည်... ဆော့ဂျင်မေမေကဆော့ဂျင်ဒေါသထွက်နေတာကိုရိပ်မိပုံပင် ဆော့ဂျင်ရဲ့လက်ဖဝါးလေးတွေကိုဆုပ်ကိုင်လာသည်... ဒါပေမဲ့ဆော့ဂျင်မေမေ့ရဲ့လက်တွေကို ရုန်းပီးဖယ်ပစ်လိုက်သည်...

တကယ်တော့ဒီလိုဖြစ်တာမေမေကြောင့် မေမေသာဖေဖေကို့အတင်းအကျပ်မယူခဲ့ရင်... မေမေနဲ့ဖေဖေသာမကွာရှင်းခဲ့ရင်... မေမေသာဖွားဖွားကိုအိမ်ပေါခေါ်မထားခဲ့ရင်.... ဒီလိုတွေဖြစ်လာမှာမဟုတ်ဖူး... အဲ့လိုဆိုရင်ဖေဖေက တခြားတယောက်နဲ့ လက်ထပ်မှာမဟုတ်သလို... ဖွားဖွားကိုတွေ့တိုင်းလဲ ဆော့ဂျင်ဒေါသထွက်စရာမလိုတော့ဘူး.. အရာအားလုံးကတကယ်တော့မေမေ့ကြောင့်ပဲ...

ဒါပေမဲ့ထိုစကားတွေကို ဆော့ဂျင်မေမေ့ရှေ့မှာထုတ်မပြောခဲ့ပါ... အံကိုတင်းတင်းကြိတ်ရင်းဧည့်ခန်းစီကိုသာ ၀င်လာခဲ့လိုက်သည်....

"လာပီလား ဟိုသားအမိ... ကြည့်စမ်းပါဦး.. ငါ့မြေးလို့ပြောရမှာရှက်ဖို့ကောင်းလိုက်တာ... ငါ့ရဲ့ဟိုမြေးဆိုရင်ဘလောက်ထိတောင်လိမ္မာလိုက်လဲ.."

"အမေ တော်ပါတော့!!!"

ဆော့ဂျင်ရဲ့မေမေက ဖွားဖွားကိုအော်ရင်းတားလိုက်သည်...

"ဟုတ်တယ်.. ကျွန်တော်ကဆိုးတယ်.. အဲ့တာကြောင့်ဟိုမယားငယ့်သားကိုပဲသွားချစ်‌ချည်လေ... အဲဒီအိမ်ပေါ်ပဲသွားတက်နေချည်လေ..
ဒီအိမ်မှာနေပီးအမေရှာတဲ့ပိုက်ဆံတွေနဲ့မျိုစို့နေပီးတော့.. အဲ့ဒီသားအမိနားမည်ကိုမပြောနဲ့... ပြောချင်ရင်အိမ်ပေါ်ကထွက်သွား... အဲဒီပတ်မျိုးရိုးဆိုတဲ့ကောင့်အိမ်ကိုသွားနေ..!!!!!"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now