*37*Ending

4.6K 258 30
                                    

Unicode

မျက်လုံးထဲစူး၀င်လာတဲ့ အလင်းတန်းကြောင့် ဆော့ဂျင် မျက်မှောင်ကျုံ့လိုက်မိသည်...
နားထဲကို တိုးတိုး တိုးတိုးနဲ့ဝင်လာတဲ့အသံတချို့ကြောင့် မျက်လုံးဖွင့်ကြည့်မိတော့.....

"ဂျင် နိုးလာပီလား"

ဘေးမှာ ဝိုင်းအုံနေတဲ့လူတချို့...
ယွန်းဂီ ဂျီမင် ထယ်ယောင်း ပီးတော့...
ဒီလူ...ဒီလူကဘယ်သူလဲ...?

"ဂျင် မင်းတကယ်ပဲသတိရလာပီ"

လက်ကိုဆွဲကိုင်လာတဲ့ ထိုလူ့ကြောင့် ဆော့ဂျင်ရုန်းလိုက်မိသည်...

"ဂျင်!!"

"ဆောဂျင် မင်းငါ့ကိုမှတ်မိလား"

ဆော့ဂျင် ခေါင်းငြိမ့်ပြလိုက်သည်...

"သူတို့ကိုရော?"

"ပတ်ဂျီမင်"

"ဒါဆိုရင် သူကရော?"

"........"

ဆော့ဂျင် ခေါင်းရမ်းပြလိုက်မိသည်..
ထိုလူ့ရဲ့မျက်၀န်းထဲက ၀မ်းနည်းရိပ်သန်းနေတဲ့အကြည့်တွေ ဘာကြောင့်သူ့ကိုရင်နာစေရတာလဲ?

"ဟိုဆော့ရော?"

ဟို‌ဆော့နာမည်ကိုပြောလိုက်တော့ အားလုံးကမျက်နှာမကောင်းပေ..

"မင်းနေကောင်းလာရင် ငါသူနဲ့မင်းကိုပေးတွေ့ပေးမယ်နော် ဂျင်"

သူ့ရင်ထဲမှာလေးနေသည်..
သူမရှိတဲ့အချိန်မှာ ဘာတွေဖြစ်သွားကြတာလဲ?

"ဂျင်~"

ဂျန်းကု ဆော့ဂျင်ကိုစကားပြောဖို့ပြင်လိုက်သော်လည်း ယွန်းဂီကတားလိုက်လေသည်..

"ငါသူ့ကိုရှင်းပြလိုက်မယ်
မင်း ကလေးတွေကိုသွားကြိုရမယ်လား"

နာရီကိုကြည့်လိုက်တော့ 4နာရီခွဲ ဒီလောက်ဆိုကလေး
နှစ်ယောက်မျှော်နေရောပေါ့..

ဂျန်းကုထွက်သွားသည်နှင့် ဂျီမင်ကဆော့ဂျင်ကိုဆွဲဖက်လေသည်..

"ကျေးဇူးတင်ပါတယ် ပြန်လာပေးလို့"

ဆော့ဂျင် ဂျီမင့် နောက်‌ေကျာကိုပွတ်သပ်ပေးနေမိသည်..

"မင်း မာမီနဲ့‌စကားပြောကြည့်ပီးပီလား"

"အင်း ကြာတော့ကြာပါပီ အန်တီလည်းမင်းသတိရတာသိရင် ပျော်နေမှာ"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now