Unicode
"ဂျင် မင်းတကယ်အဆင်ပြေရဲ့လား"
ကားပါကင်မှာ ထယ်ယောင်းကငဲ့စောင်းမေးလာသည့်တိုင် ဆော့ဂျင်ဘက်တွင်တုံ့ပြန်မှုမရှိ..
"ငါတို့ ဆေးရုံသွားကြမလား"
ဆော့ဂျင် ခေါင်းရမ်းပြလိုက်သည်..
ထယ်ယောင်းဘက်ကတော့ ဆော့ဂျင်ကိုစိတ်ပူနေပုံပင်..
သို့သော် သူ(ထယ်ယောင်း)ဘာကိုမှမတတ်နိုင်ပါ..
သူဟာ ဆော့ဂျင်ကိုမပိုင်သလို ဆိုင်သူတယောက်လည်းမဟုတ်ခဲ့ပေ...ဆော့ဂျင် ကားရှိရာစီလမ်းလျှောက်သွားသည့်တိုင် မြင်ကွင်းတခုလုံးဟာဝေဝါးနေလေသည်..
ခြေလှမ်းတွေ စည်းချက်မမှန်သလိုဖြစ်လာသည့်နောက်တွင်တော့ ရုတ်တရက်..."ဂျင်!!"
လဲကိသွားတဲ့ ခန္ဓာကိုယ်ကိုထူမတ်ဖို့ မစွမ်းသာသော်လည်း သူစီကိုပြေးလာသည့် ထယ်ယောင်းကိုမှုန်ဝါးဝါးမြင်နေရသည်..
ထယ်ယောင်း သူ့အနားရောက်လာချိန်မှာတော့ သူ့ရဲ့မြင်ကွင်းတခုလုံး အမှောင်ကမ္ဘာထဲရောက်ရှိသွားတော့သည်..
.
.
.
.
.
.
.
.
.
.
ထယ်ယောင်း ဆော့ဂျင်ကို ဆေးရုံစီခေါ်ခဲ့ပီးနောက် ဆရာ၀န်ကြီးများနဲ့စမ်းသပ်ကုသခံစေသည်..
သို့သော် ဆော့ဂျင်ကတော့ အတော်ကြာသည်အထိနိုးလာခြင်းမရှိသေးပေ.."ဆရာ သူဘာဖြစ်တာလဲ"
ဆရာ၀န်ဟာ သူ့ကိုသေချာကြည့်ရင်း..
"သူနဲ့ဘာများတော်စပ်တာပါလဲ"
ထယ်ယောင်းမည်သို့ဖြေရမှန်းမသိပေ..
ဆော့ဂျင်အတွက်သူက သူငယ်ချင်းတယောက်တောင်ဖြစ်ခဲ့ဖူးခဲ့လား..
သူ့ကိုသူငယ်ချင်းတယောက်အနေနဲ့ရော ဆော့ဂျင်သတ်မှတ်ခဲ့ဖူးရဲ့လား.."သူ့ရဲ့အသိပါ"
ဆရာ၀န်ဟာ မျက်မှန်ကိုအသာပင့်တင်ရင်း..
"လူနာကအားအတော်နည်းနေလို့ လဲကျသွားတာပါ..
ပီးတော့ သူ့ရဲ့ခန္ဓာကိုယ်က လူနှစ်ယောက်အတွက်တောင့်ခံနေရတာဆိုတော့ ပိုပီးဂရုစိုက်ရမယ်""လူနှစ်ယောက်အတွက်?"
ထယ်ယောင်း ဆရာ၀န်ရဲ့စကားကို သံယောင်လိုက်,လိုက်မိသည်..
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...