Unicode
'သားတို့ပါးပါးကိုမလိုချင်တော့ဘူး
ပါးပါးက မကောင်းဆိုးဝါးပဲ
သားတို့ ပါးပါးကိုမုန်းတယ်''ဟင့်အင်
မသွားပါနဲ့!!'အမှောင်ထဲက ကလေးနှစ်ယောက်..
တစ်ယောက်က အပြာရောင်ကို၀တ်ဆငါထားပီး နောက်တယောက်ကတော့ ပန်းရောင်၀တ်စုံ၀တ်ဆင်ထားလေသည်..
ထိုကလေးနှစ်ယောက်က တဖြေးဖြေး သူ့ကိုကျောပေးကာ ထွက်ခွာသွားကြသော်လည်း သူ့ရဲ့ခြေထောက်တွေကို ကြွ၍ပင်မရချေ..
သူထိုကလေးတွေစီကိုပြေးလိုက်ချင်သည်..
သို့သော် သူစင်စစ်တွင် ထိုနေရာကနေမရွေ့..."ဂျင်!! ဂျင်!! ကမ်ဆော့ဂျင်!!"
ဆော့ဂျင် ဂျန်းကုရဲ့အော်သံကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ စိုးရိမ်တကြီးစိုက်ကြည့်နေတဲ့ ချစ်ရသူ...
မင်ယွန်းဂီ..ကမ်ထယ်ယောင်း...ဂျန်းဟိုဆော့"ကလေး..ငါတို့ရဲ့ ကလေးရော?"
အပ်ရှရှအသံနဲ့မေးလာတဲ့ ဆော့ဂျင်ရဲ့အသံအဆုံးမှာ
အကုန်လုံးရဲ့မျက်နှာတွေပျက်ကုန်သည်.."ကိုယ်တို့ရဲ့ ကလေးက...."
ဂျန်းကု ဘယ်လိုပြောရမလဲမသိပေ..
ဆော့ဂျင်ရဲ့ နောက်ကျောကိုပုတ်ပေးရင်း..."အခြေအနေအတိအကျမသိရသေးဘူး ဂျင်
ဆရာ၀န်တွေက အခု အာထရာဆောင်းအဖြေကြည့်နေကြတယ်
သူတို့ပြောတာက အကယ်၍ အရေးပေါ်အခြေအနေဖြစ်လာရင် ကလေးကိုကယ်လို့မရ...."ဆော့ဂျင် ဂျန်းကုစကားကိုနားထောင်ကာဗိုက်ကိုအသာဖိရင်း..
"ကလေးကိုကယ်ရမယ်..
ဂျန်းကု ဘာတွေပဲဖြစ်လာဖြစ်လာ ကလေးကိုကယ်မယ်လို့ ငါ့ကိုဂတိပေးပါ"ဂျန်းကု တုန်နေတဲ့ဆော့ဂျင် လက်တွေကိုဆုပ်ကိုင်ရင်း..
"ကိုယ်ကတိပေးပါတယ်
ဘာမှမစိုးရိမ်ပါနဲ့"*ဒေါက် ဒေါက်*
တံခါးခေါက်သံနဲ့အတူ အဖြူရောင်ဂျူတီဂုတ်ကို၀တ်ဆင်ထားတဲ့ ဆရာ၀န်တချို့၀င်လာလေသည်..
"အာထရာဆောင်း အဖြေထွက်လာပါပီ"
ဆရာ၀န်တွေရဲ့မျက်နှာဟာ သိပ်မကောင်းပေ..
ယွန်းဂီက သူ့အသိဆရာ၀န်ပါနေပုံပင် ထိုဆရာ၀န်စီကိုတိုးတိုးလေးကပ်မေးလိုက်သည်...
ထိုဆရာ၀န့်စီကအဖြေကိုကြားပီးနောက်မှာ ယွန်းဂီကိုယ့်နေရာကိုယ်ပြန်၀င်ထိုင်လိုက်သည်..
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...