Unicode
ဆော့ဂျင် ဂျီမင်ခေါ်တဲ့နောက်ကိုတယောက်တည်း လိုက်သွားလိုက်သည်..
ဂျီမင်ကတော့ လက်ထဲကStevenကို့ ဂျန်းကုတို့အနားတွင်သာချခဲ့ပီး ဆော့ဂျင်ကိုအရေးပေါ်လှေကားဘက်စီကို ခေါ်သွားလိုက်သည်..
အရေးပေါ်လှေကားဘက် လူရှင်းသည့်နေရာရောက်ရောက်ချင်း ဆော့ဂျင်မျက်နှာပေါ်ကိုပစ်သွင်းလာသည့် လက်သီးတချက်...
သို့သော် ထိုလက်သီးဟာ လေထဲမှာပဲရပ်တန့်သွားလေသည်.."ထိုးလိုက်လေ ပတ်ဂျီမင်"
ခနဲ့သံမပါတဲ့ ဆော့ဂျင်ရဲ့အသံကြောင့် ဂျီမင်အံကိုတင်းတင်းကြိတ်လိုက်မိသည်...
"ကမ်ဆော့ဂျင်!! ဒီနေ့ငါ့အဘွားရဲ့ဈာပနဖြစ်နေလို့ မင်းကံကောင်းသွားတယ်မှတ်ပါ.."
ဆော့ဂျင် ဂျီမင့်ကိုကြည့်ရင်း တချက်ရီလိုက်မိသည်..
"မင်းက ငါ့ရဲ့မျက်နှာကိုတောင်မထိုးရဲဘဲနဲ့
ငါနဲ့ယှဉ်ဖို့ကြိုးစားနေတာလား ပတ်မျိုးရိုး"ဆော့ဂျင် လက်ထဲက DNA resultစာရွက်ကိုအသာကိုင်မြှောက်လိုက်ရင်း...
"ငါ့ကိုနိုင်ချင်ရင်..မဟုတ်သေးဘူး..ငါနဲ့ယှဉ်ချင်ရင် အနည်းဆုံး ငါ့လောက်နီးနီးတော့ မိုက်ရူးရဲဆန်နိုင်နေသင့်တာပေါ့"
ဂျီမင် ဆော့ဂျင်လက်ထဲက စာရွက်ကိုလုဖို့ကြိုးစားသော်လည်းအချည်းနှီးသာ..
"ဒီစာရွက်က ဘယ်သူ့ရဲ့အဖြေစာရွက်ဆိုတာ ကမ်ထယ်ယောင်းသိသွားရင်တော့ ပွဲကအတော်လှမှာပဲ"
ဂျီမင် ဆော့ဂျင်ကိုလှောင်ပြုံးပြုံးကာ စကားတချို့ကိုဆိုလိုက်သည်...
"ဒီအဖြေက ငါ့သားstevenနဲ့ ကမ်ထယ်ယောင်းရဲ့resultမှန်းသိသွားကြရင် မင်းအတွက်လည်းကောင်းကျိုးမရှိဘူးလို့ ငါထင်တယ်...
မင်း ထယ်ယောင်းကိုဒီအကြောင်းပြောလိုက်တဲ့နေ့ အဲဒီနေ့မှာပဲ ငါ ဂျန်းကုကိုလွန်ခဲ့တဲ့ငါးနှစ်တုန်းက အကြောင်းပြောပြရလိမ့်မယ်..."ဆော့ဂျင် သူ့ရဲ့အေးစက်တဲ့အကြည့်တွေနဲ့ ဂျီမင်ရဲ့မျက်လုံးကိုတည့်တည့်ကြည့်ရင်း...
"ခြိမ်းခြောက်နေတာလား ပတ်ဂျီမင်..!
ဒါပေမဲ့ဘယ်လိုလုပ်မလဲ မင်းခြိမ်းခြောက်တာက ငါ့အတွက်တော့ဘာမှသက်ရောက်မှုမရှိဘူး...
ဂျန်းကုသိသွားရင်တောင် ကိစ္စလုံး၀မရှိဘူး..
ငါ့ကိုမချစ်တဲ့လူတယောက်စီကအမုန်းကိုထပ်ရတော့ရော ဘာများကွာခြားသွားမှာလဲ"
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...