Unicode
"Kim Seok Jin"
အနောက်ကလာခေါ်နေတဲ့ဂျီမင့်ကြောင့် ဆော့ဂျင် အေးစက်စက်အကြည့်တချို့တို့ပြန်ပေးလိုက်သည်...
"ငါ ဒီနေ့ ဂျန်းကုကိုဖွင့်ပြောတော့မှာ.."
အမှန်တော့ဆော့ဂျင်တုန်လှုပ်မိပါသည်..
သို့သော်အပြင်ပန်းပုံသဏ္ဉာန်ကတော့ သူနဲ့ဆန့်ကျင်ဘက် ခက်ထန်ခြင်းကိုကိုယ်စားပြုနေလေသည်.."အဲဒီတော့..."
ဆော့ဂျင် ဘာမှမဖြစ်သလို အေးစက်စက်စကားတချို့ကိုသာ တုံ့ပြန်ခဲ့သည်..
ကမ်ဆော့ဂျင်ဆိုသည့်သူဟာဟန်ဆောင်ကောင်းသည်လေ.."လာပီး မင်းရဲ့ရှုံးနိမ့်မှုတွေကိုကြည့်လှည့်ပါ ဆော့ဂျင်"
ဆော့ဂျင် ဆံပင်ကိုအသာသပ်တင်လိုက်ပီး ဂျီမင့်ရဲ့ပုခုံးပေါ်ကို အသာပုတ်လိုက်သည်..
"ကောင်းပီလေ လာကြည့်လှည့်မယ်...
ငါ့ရဲ့ရှုံးနိမ့်မှုကိုတော့ မဟုတ်ဘူး
မင်းရဲ့ရှုံးနိမ့်မှုကိုပေါ့"ဆော့ဂျင် အသက်မပါတဲ့အပြုံးတခုကိုဆင်မြန်းရင်း ထိုနရာကနေထွက်လာခဲ့လိုက်လေသည်...
အနောက်မှာ ကျန်နေခဲ့တဲ့ဂျီမင်ကရော မကြောက်ဘူးလို့ထင်ပါသလား သူလည်းအရမ်းကြောက်ပါသည်...
ဂျန်းကုသူ့ကိုလက်မခံမှာ ကမ်ဆော့ဂျင်စီမှာထပ်ပီးရှုံးနိမ့်ရမှာကိုပေါ့...
.
.
.
.
.
.
.
"ဂျန်းကု ငါမင်းကိုပြောစရာရှိတယ်"လေပြင်းညှင်းတွေကြားထဲမှာ ဂျီမင့်ရဲ့ရှတတအသံလေးဟာ ဖြေးညှင်းစွာထွက်ပေါ်လာခဲ့လေသည်..
လေထဲမှာလွင့်နေတဲ့ ဂျီမင်ရဲ့ဆံသားနုနုလေးတွေဟာ အရမ်းကိုလှပလှပါသည်.."အင်း ပြောလေဂျီမင်"
ဂျီမင် လက်ကိုအသာဆုပ်ကိုင်ရင်း အားတင်းကာပြောလိုက်လေသည်...
"ငါမင်းကိုအရမ်းချစ်တယ်"
ဂျန်းကုရဲ့နားထဲမှာ ဂျီမင်ရဲ့စကားသံတွေပြည့်နှက်သွားခဲ့လေသည်..
သူ့ရဲ့မျက်၀န်းတွေထဲမှာ အံ့ဩမှုဖြတ်ပြေးသွားပေမဲ့ ပျော်ရွှင်မှုနဲ့အချစ်တော့မပါ၀င်ခဲ့ပေ...
ဂျီမင် ဂျန်းကုရဲ့ မျက်၀န်းတွေကိုကြည့်ရင်း လန့်လာသည်..
အဝေးမှာသူတို့ကိုကြည့်နေတဲ့ ဆံပင်ခရမ်းရောင်ပိုင်ရှင် ကမ်ဆော့ဂျင် သူ့ကို ဂျီမင်မရှုံးနိမ့်ချင်ပါ...
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...