Unicode
"ဂျီမင်"
ခေါ်ဆိုလာတဲ့ခပ်တိုးတိုးလေသံနဲ့အတူ သူ့မျက်၀န်းတွေမှာ အံ့ဩမှုအပြည့်ပင်...
ဂျီမင် စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထားသော်လည်း တုန်လှုပ်နေတဲ့စိတ်က ထိန်းချုပ်၍မနိုင်..."Hyung"
ဂျီမင့်လက်ကိုလာဆွဲတဲ့ stevenကို ဂျီမင် ပွေ့ချီလိုက်တော့အံ့ဩစွာကြည့်လာတဲ့သူ..
ဂျီမင်အစကတည်းက ဒီကိုပြန်လာရင် တနေ့နေ့တချိန်ချိန်မှာ ပြန်တွေ့ရမယ်ဆိုတာတွေးပီးသားပင်...
ဒီတခေါက်တည်းနဲ့ဒီလိုပြိုလဲလို့မဖြစ်..."အင်း ထယ်ယောင်း
မတွေ့တာတောင်ကြာပီပဲ"ဂျီမင်အတတ်နိုင်ဆုံး သက်တောင့်သက်သာပုံစံပြောလိုက်သော်လည်း
အသံဟာအနည်းငယ်တုန်ရီနေလေသည်..."အင်း မင်းဘယ်တုန်းကပြန်ရောက်တာလဲ"
တကယ်တော့ ထယ်ယောင်းထင်တာ ဂျီမင်သူ့ကိုအရမ်းမုန်းတီးနေမယ်ပေါ့...
ဒါပေမဲ့ သူ့ကိုသက်တောင့်သက်သာပုံစံနဲ့နှုတ်ဆက်နိုင်တာကို တကယ်နားမလည်နိုင်ဖြစ်မိတယ်.."မကြာသေးဘူး"
ထယ်ယောင်းစိတ်ထဲမှာ အခုရှိနေတဲ့မေးခွန်းက ဂျီမင်ပြန်ရောက်လာမှန်း ဆော့ဂျင်သိသွားပီလား..
ဆော့ဂျင်သိရင် နှစ်ဖက်လုံးအတွက်ကျိန်းသေပေါက်မကောင်းပေ..
သူချစ်ရတဲ့ဆော့ဂျင်ကိုမပူလောင်စချေင်သလို သူအပြစ်ပြုဖူးတဲ့ဂျီမင့်ကိုလည်း ဒုက္ခမရောက်စေချင်တော့..."ဦးဦးက hyungရဲ့သူငယ်ချင်းလား"
မပီမသပြောလာတဲ့ ဂျီမင့်လက်ထဲကကလေးစီ ထယ်ယောင်းအကြည့်ရောက်မိတော့ ဂျီမင့်မျက်၀န်းထဲမှာရှုပ်ထွေးတဲ့ အမူအရာတွေနဲ့...
"ဒီကလေးက?"
"ငါ့ရဲ့ညီ"
ထယ်ယောင်းကခေါင်းကိုငြိမ့်ပြလိုက်မှ ဂျီမင်စိတ်သက်သာရာရသွားတော့သည်...
"ငါ ပြန်လိုက်ဦးမယ်"
ဂျီမင် သိတာထိုနေရာကနေအမြန်ဆုံးထွက်သွားချင်သည်..
ဒီထက်ပိုပီးဟန်မဆောင်နိုင်တော့ပေ.…
သူမတွေ့ချင်တဲ့သူ စိတ်နာနေတဲ့သူရဲ့ရှေ့မှာ အသက်မပါတဲ့အပြုံးမျိုးပြုံးပီး ခံစားချက်တွေမဖော်ပြဘဲနေတတ်တာ ကမ်ဆော့ဂျင်တယောက်တည်းလုပ်နိုင်သည်ထင်ပါရဲ့...
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...