*28*

2.4K 166 9
                                    

Unicode

သူမ ဓာတ်ပုံ albumထဲကဟောင်းနွမ်းနေတဲ့ဓာတ်ပုံလေးတခု ထိကြည့်နေမိသည်..
ထိုဓာတ်ပုံထဲက ဆယ်ကျော်သက်လေးယောက်ရဲ့တောက်ပတဲ့အပြုံးတွေ..
သူတို့ရဲ့မျက်၀န်းတွေကနေပြောပြနေတဲ့အချစ်တွေ အားလုံးက အခုတော့ပုံပြင်လေးတခုဖြစ်ခဲ့လေပြီ..

//Flesh back//

လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ခန့်က

"အယ်ရာ မင်းသိပြီပီလား
ငါ့အကိုကို ပတ်ကသဘောကျနေတာတဲ့"

စာရေးနေတဲ့အယ်ရာ့လက်တွေမသိမသာ တွန့်သွားမိသည်..
အယ်ရာဆိုသည့်မိန်းကလေး တည်ငြိမ်တဲ့မျက်နှာထားနဲ့ မာနကြီးတဲ့အငွေ့အသက်တွေ..
ထို့အတူအသက်မဲ့တဲ့မျက်လုံး အပြုံး အနီရောင်သန်းတဲ့ ဆံနွယ်အလိပ်လေးတွေနဲ့လှပတဲ့ အလှနတ်ဘုရားမ..
သို့သော် ထိုအလှနတ်ဘုရားမရဲ့ မာနကြီးမှုနဲ့အေးစက်မှုကြောင့် မည်သူမှသူ့အနား မကပ်ဝံ့ကြပေ..

"နင်က ဘယ်ကကြားလာတာလဲ မိုယောင်း"

ကမ်မိုယောင်းက စာရေးစားပွဲပေါ်မှာခေါင်းမှောက်နေရင်း..

"တကျောင်းလုံးက သူတို့အကြောင်းပြောနေကြတာပဲလေ"

ခေါင်းမှောက်ထားတဲ့ ကမ်မိုယောင်းရဲ့မျက်၀န်းထဲမှာ မနာလိုမှုတွေပါ၀င်နေတယ်ဆိုတာကိုတော့ အယ်ရာတယောက်မမြင်နိုင်ခဲ့ပါ..
ကမ်မိုယောင်း..
ကမ်အိမ်တော်ရဲ့ ဒုတိယသား..
ချောမောတဲ့ရုပ်ရည်နဲ့အတူ ပျော်ပျော်နေတတ်သည်ကသူ့အကျင့်..
သို့သော် သူဘယ်လောက်ကြိုးစား ကြိုးစား အကိုဖြစ်သူရဲ့လောင်းရိပ်အောက်ကျရောက်မြဲပေ.။

"မိုယောင်း မင်းကဘာလို့ငါတို့အခန်းထဲရောက်လာတာလဲ"

Basketball ကစားပြီးချိန်မို့ ချွေးတွေထွက်နေသော်လည်း နေရောင်ခြည်တခုကဲ့သို့ချောမောခန့်ညားနေသည့် ထိုလူသား..
ကမ်အိမ်တော်ရဲ့အကြီးဆုံးသား ကမ်ဟျွန်းဆော့..
တကျောင်းလုံးရဲ့အချောဆုံးကောင်လေး..
အားကစားမှာရော စာမှာမက ရုပ်ရည် ပိုင်ဆိုင်မှု ပြောစရာမလိုလောက်အောင်ပြည့်စုံသူတယောက်..

"ချွေးဆော်နံတယ်ဗျ အကိုရ"

ညီဖြစ်သူကို လှမ်းဖက်လိုက်တော့ မကျေနပ်သံထွက်လာလေသည်..

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now