*8*

2.3K 239 31
                                    

Unicode

ဂျင် မှန်ထဲကကိုယ့်ပုံကိုယ်အသက်မဲ့စွာကြည့်နေမိသည်..
ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ မျက်နှာကိုအသာကိုင်ကြည့်ရင်း ဆော့ဂျင်မဲ့ပြုံးတခုပြုံးလိုက်မိသည်...

'ကမ်ဆော့ဂျင် မင်းဘယ်တုန်းက ဒီလောက်ထိအားနည်းသွားရတာလဲ
ကြည့်ပါဦး အရမ်းကိုသနားစရာကောင်းနေပီ
ဒါပေမဲ့မင်းကိုသနားပေးမဲ့သူမရှိဘူး မင်းသန်မာမှဖြစ်မယ်
ဒါမှမင်းလိုချင်တာတွေအားလုံးကိုပိုင်ဆိုင်ရမှာ'

ဆော့ဂျင် ဆံပင်ဆေးဆိုးတဲ့ဘူးတခုကိုလှမ်းယူလိုက်ပီး မိမိရဲ့ဆံပင်ကိုခရမ်းရောင်တောက်တောက်ဆိုးလိုက်သည်...
ကျောင်း၀တ်စုံအပေါ်ကနေ အပြာရောင်လက်ရှည်ကိုထပ်၀တ်ဆင်လိုက်ပီး ငွေရောင်နားကပ်တဖက်ကိုတွဲထားလိုက်သည်...
ခုနမှန်ထဲမှာပေါ်နေတဲ့ဆော့ဂျင်ရဲ့ ဖြူဖပ်ဖြူရော် ပုံစံဟာ အခုတော့ရဲသွေးကြွနေတဲ့ကျားရဲတကောင်ရဲ့ပုံစံအသွင်ကူးပြောင်းသွားတော့သည်...

'ပတ်မျိုးရိုး မင်းစောင့်ကြည့်နေပါ
မင်းကငါ့ပြိုင်ဖက်ဖြစ်ဖို့မထိုက်တန်သေးဘူး'
.
.
.
.
.
.
.
"မင်းဆံပင်ဆေးဆိုးလာတာပဲ အခုမှဘာစိတ်ကူးပေါက်တာလဲ"

ယွန်းဂီရဲ့အမေးကို ဆော့ဂျင်ပြန်မဖြေဖြစ်ပါ..
အနောက်ကခုံမှာထိုငနေတဲ့ ကမ်ထယ်ယောင်းကမိမိကို စိုက်ကြည့်နေမှန်းသိသော်လည်း ဘာမှပြန်မတုံ့ပြန်ဖြစ်...

"ဂျင် မင်းဆံပင်ဆေးဆိုးလာတာလား လှလိုက်တာ"

စာသင်ခန်းထဲကိုရောက်လာတဲ့ ဂျန်းကုက ဆော့ဂျင်ရဲ့ခရမ်းရောင်ဆံပင်တွေကို ဖွရင်းဆိုလာလေသည်...
ဆော့ဂျင် ဂျန်းကုရဲ့လက်ကိုအသာဖယ်ချလိုက်သည်...

"ဂျင် ငါနဲ့စကားခနလောက်ပြောရအောင်"

အရေးပေါ်လှေကားရဲ့ဘေးမှာ ရပ်နေတဲ့ကောင်လေးနှစ်ယောက်ရဲ့မျက်၀န်းတွေထဲမှာ ပြိုင်ဆိုင်မှုတွေကပ်ပါနေခဲ့လေသည်...

"ဂျင် မင်းနဲ့ဒီအရောင်လိုက်တယ်"

"လိုရင်းကိုသာပြောပါ ပတ်ဂျီမင်
မင်းနဲ့ငါနဲ့က အာလာပသလာပတွေပြောရမဲ့ ဆက်ဆံရေးမျိုးမဟုတ်ဘူးထင်တယ်"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now