*29*

2.3K 206 21
                                    

Unicode

"အကို ဂျင် သတိရလာပီလား"

ဖြည်းညင်းစွာပွင့်လာတဲ့ ဆော့ဂျင်ရဲ့မျက်၀န်းတွေကြောင့်ဟိုဆော့အမြန် အနားသို့သွားလိုက်သည်..

"ကလေး~ကလေးရော"

သူ(ဆော့ဂျင်)ရဲ့ဗိုက်နေရာကို ကိုင်ကာ စိုးရိမ်တကြီးမေးလာ‌တာကြောင့် ဟိုဆော့ ပြုံးလိုက်ရင်း..

"ကလေးက ဘာမှမဖြစ်သွားပါဘူး
အကို ကာကွယ်လိုက်တာလေ"

ထိုမှသာ ဆော့ဂျင် စိတ်အေးသွားသလိုပင်..

"ငါလေ ခွဲစိတ်ခန်းထဲမှာ အိမ်မက်တခုမက်ခဲ့တယ်
ကလေးလေး နှစ်ယောက်က ငါ့ကိုမေးတယ်
ဘာလို့သူတို့ကို မလိုချင်တာလဲတဲ့"

ဟိုဆော့ ဆော့ဂျင်ကို ပွေ့ဖက်လိုက်ရင်း..

"အဲ့တာကြောင့် အကိုခွဲစိတ်ခန်းထဲကထွက်လာတာလား"

ဆော့ဂျင်ခေါင်းငြိမ့်ပြလိုက်လေသည်

"ဒါပေမဲ့ ငါ ဂျန်းကုနဲ့ကွာရှင်းရမှဖြစ်မယ်"

"ဘာဖြစ်လို့လဲ အကို"

ဆော့ဂျင် ဟိုဆော့ကိုကြည့်ရင်း...

"မင်းလဲ သိပါတယ်
ငါတို့လုပ်ခဲ့တာတွေက တရားဥပဒေနဲ့ညီမှမညီပဲ
ပီးတော့ ငါတို့ရဲ့မှောင်ခိုလုပ်ငန်းတွေ
ငါ့ရဲ့ပြိုင်ဘက်တွေ
သူတို့တွေက ငါ့ရဲ့အားနက်ချက်ကိုအသုံးချလာလိမ့်မယ်
ဒီကလေးက ငါ့ရဲ့အားနည်းချက်ဖြစ်လာလို့မဖြစ်ဖူး
ဂျန်းကုနဲ့ငါ ကွာရှင်းပီး ကလေးကိုသူနဲ့ပဲထားခဲ့ရလိမ့်မယ်"

ဟိုဆော့ ဆော့ဂျင်ကိုကြည့်လိုက်ရင်း တွေ့လိုက်မိသည်..
အကိုဆော့ဂျင်က ဘယ်လောက်ပဲအေးစက်စက်နေတတ်ပါစေ
သူချစ်တဲ့သူတွေကိုအဆုံးထိကာကွယ်ပေးတတ်သည်..
အခုလဲ မမြင်ဘူးသေးတဲ့သွေးသားကို
စိတ်ပူပေးနေသည်လေ..

"အကို ဆုံးဖြတ်ပီးသွားပီလား"

"အင်း ငါဆုံးဖြတ်ပီးပီ"

အခန်းအပြင်ဘက်က တံခါးလက်ကိုင်ကို ကိုင်ထားတဲ့ လက်တစ်စုံဟာ အားချည့်နဲ့စွာ လျော့ကျသွားလေသည်...
.
.
.
.
.
.
.
.
.
.
"ဆော့ဂျင် ဘယ်လိုနေလဲ"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now