*20*

2.6K 216 54
                                    

Unicode

"သား ဂျီမင် မင်းအဘွားအခြေအနေအရမ်းဆိုးနေပီ"ဆိုတဲ့ မေမေ့ရဲ့စကားကြောင့် ဂျီမင် ဆေးရုံကိုအပြေးလာခဲ့လိုက်သည်...
သူ့ကိုချစ်ပေးခဲ့သည့် အဘွားရဲ့နောက်ဆုံးအချိန်မှာ ဂျီမင်သူ့အနားမှာရှိနေပေးချင်မိသည်...
သို့သော်...

"Omma ဘာလို့အပြင်ထွက်နေတာလဲ"

ဆေးရုံအခန်းရဲ့အပြင်မှာရပ်နေတဲ့ လူကြီး၃ဦး တစ်နည်းပြောရရင် ဂျီမင့်ရဲ့omma,ဆော့ဂျင်ရဲ့မေမေ,ပီးတော့ နှစ်ယောက်လုံးရဲ့အဖေဖြစ်သူ...

"အတွင်းထဲမှာ ဘယ်သူရောက်နေလို့လဲ"

Stevenကို့ အမေဖြစ်သူရဲ့လက်ထဲထည့်ပေးရင်း ဂျီမင် အခန်းတံခါးကိုအသာလေးဖွင့်ကြည့်တော့ မျက်နှာသေနှင့် အဘွားကိုစိုက်ကြည့်နေတဲ့သူတစ်ဦး..ကမ်ဆော့ဂျင်...
အဘွားက နှာခေါင်းမှာတပ်ထားတဲ့ အောက်စီဂျင်ပိုက်ကိုအသာဖြုတ်ရင်း ဆော့ဂျင်ရဲ့လက်ကိုဆုပ်ကိုင်ကာ အနား,နားကိုကပ်လာစေသည်...
ဂျီမင် အခန်းထဲမ၀င်သွားဖြစ်သလို တံခါးကိုလည်းပြန်မပိတ်ဖြစ်...

"ဆော့~ဂျင်~"

အဘွားရဲ့အသံဟာ အရင်ကနဲ့မတူ အားလျော့နေသောအသံမျိုးပင်..

"မြေးလေး~ဒီ...အဘွားကို....ခွင့်လွှတ်ပေးပါ..."

စကားကိုတလုံးချင်းစီအားယူပီးပြောနေတဲ့ အဘွားရဲ့အသံအဆုံးမှာ အဘွားရဲ့မျက်၀န်းတို့ပိတ်ကျသွားခဲ့လေသည်...

"အဘွား!!"

အခန်းထဲကို ဂျီမင် ပြေး၀င်သွားလိုက်ရင်း အဘွားကိုဖက်လိုက်မိသည်..
သို့သော် အဘွားကတော့ အရင်ကလိုဂျီမင့်ကိုပြန်ဖက်လာခြင်းမရှိတော့ပေ...
ဂျီမင့်ရဲ့ မျက်၀န်းထဲက မျက်ရည်စတွေ အတိုင်းအဆမရှိကျဆင်းလာသော်လည်း ဘေးမှာရပ်နေသည့် ဆော့ဂျင်ကတော့ အခန်းထဲကနေပုံမှန်အတိုင်းလေး အေးဆေးစွာလမ်းလျှောက်ရင်း ထွက်သွားခဲ့လေသည်...
.
.
.
.
.
.
.
.
.
ဆော့ဂျင် အဘွားဖြစ်သူရဲ့ဈာပနပွဲကြောင့် ဂျန်းကုအပြင်မထွက်ဖြစ်တော့ အိမ်မှာသာအချိန်ကုန်နေမိသည်..
အဓိကကတော့ ဆော့ဂျင်ကိုနှစ်သိမ့်ဖို့ဖြစ်ပေမဲ့ ဆော့ဂျင်ကတော့ဘာကိုမှခံစားမနေရသည့်အတိုင်းပင်..
အဘွားရဲ့ဈာပနပွဲကိုလည်း နောက်ဆုံးရက်မှသာ တာ၀န်အရသာသွားခဲ့လေသည်...

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now