*15*

2.6K 237 17
                                    

Unicode

"ပြော ဘာကိစ္စလဲ"

တဖက်က‌ဖြေလာတဲ့ ဖုန်းဖြေသံကြောင့် ယွန်းဂီ အနည်းငယ်တော့ဒေါသထွက်မိသည်..
သို့သော် ကမ်ဆော့ဂျင်ဟူသည် ထိုကဲ့သို့သာ...

"ဟေ့ကောင် ဆော့ဂျင် မင်းတို့စုံတွဲ ဒီနှစ် ကျောင်းသားဟောင်းတွေ့ဆုံပွဲလာမှာလား"

တဖက်ကအတော်ကြာတိတ်ဆိတ်နေပုံထောက်ရင် လာမည့်ပုံမပေါ်...

"မင်းတို့ကလည်းကွာ ထယ်ယောင်းနဲ့အဆက်အသွယ်မရတဲ့ကြားထဲ မင်းတို့ပါမလာတော့ ငါလည်းမလာချင်တော့ဘူး"

"မသွားနဲ့ပေါ့"

တဖက်ကအကန်တွေပဲဖြေနေ‌သည့် ဆော့ဂျင်ကို ယွန်းဂီ နာနာခေါက်ပစ်လိုက်ချင်မိသည်...

"တော်ပီ နောက်မှဆက်ပြောကြမယ်
ဒါနဲ့ မင်းအဘွားအခြေအနေ သိပ်မကောင်းဘူးဆို"

"မင်းကဘလိုသိတာလဲ"

"ငါ့ဂျူနီယာက မင်းအဘွားရဲ့doctorလေ
မင်းအဘွားက ခွဲစိတ်ကုရမဲ့အခြေအနေရောက်နေပီ"

"ငါသူ့အကြောင်းမသိချင်ဘူး"

ယွန်းဂီ ဆော့ဂျင်ကြောင့် သက်ပြင်းချလိုက်မိသည်...
ထိုစဉ် အမြဲယွန်းဂီကိုအေးချမ်းသွားအောင် ပြစားနိုင်တဲ့အပြုံးပိုင်ရှင်လေးတဦး အခန်းထဲသို့၀င်ရောက်လာသည်...
ထိုသူကတော့ ဆော့ဂျင်၏ညီ၀မ်းကွဲ ဂျန်းဟိုဆော့ပင်...

"ဟေ့ရောင် ယောက်ဖ မင်းညီလာနေပီ ငါဖုန်းချတော့မယ် ဒါပဲသိလား"

ဆော့ဂျင်၏အဖြေကိုတောင် မစောင့်ပဲ ယွန်းဂီဖုန်းချကာ ဟိုဆော့ဘေးကိုသွားထိုင်လိုက်သည်...
ဟိုဆော့ လက်ထဲက ထမင်းဘူးလေးတွေ ယွန်းဂီရှေ့ကိုပေးလိုက်ရင်း...

"အကိုမင် ဒီနေ့ညနေdutyမရှိဘူးမလား"

"အင်း ခနနေလူနာတယောက်ကြည့်ပီးရင်ပီးပီ ဘာလို့လဲ"

ဟိုဆော့ ထမင်းဘူးတွေကိုဖွင့်ရင်း ယွန်းဂီဘူးထဲကို ဟင်းတွေထည့်ပေးလိုက်သည်...

"ညနေကျရင် အတူတူ shoppingထွက်ရအောင်လို့"

"ဟုတ်ပီလေ"

"ညကျ ကျွန်တော်ဆေးရုံမှာ လာခေါ်လိုက်မယ်နော်"

"အင်း"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now