Unicode
"ငါ့နာမည်က ဂျီမင်ပါ... ငါနဲ့သူငယ်ချင်းလုပ်ကြမလား"
ဂျီမင့်ရဲ့စကားသံကြောင့်စာရေးနေတဲ့ဂျန်းကု မော့ကြည့်လိုက်သည်.... ထို့အတူဂျန်းကုဘေးတွေင်ထိုင်နေသောဆော့ဂျင်သည်လည်း ဂျီမင့်စီကိုအကြည့်ရောက်သွားသည်...
"ငါ့နာမည်က ဂျန်းကုပါ"
ဂျီမင် လှမ်းလာတဲ့လက်ကိုဂျန်းကုဆုပ်ကိုင်လိုက်တာ ဆော့ဂျင်မြင်သည်... ရင်ဘတ်ကြီးကဘာလို့နာကျင်နေမှန်းဆော့ဂျင်မသိ... ထိုနာကျင်မှုတွေကိုလည်းဆော့ဂျင်ထုပ်မပြတတ်ပါ...
"ငါ့နာမည်ကထယ်ယောင်းပါ ဂျန်းကုရဲ့သူငယ်ချင်း... သူကမင်ယွန်းဂီတဲ့"
ထယ်ယောင်းကပါထလာရင်း မိတ်ဆက်သည်.. ယွန်းဂီသည်လည်း အသိအမှတ်ပြုကြောင်း ခေါင်းငြိမ့်ပြသည်.. ဒီနေရာမှာဆော့ဂျင်တယောက်တည်းအပိုလူဖြစ်နေပုံပင်...
'ဘာလို့ အားလုံးကသူ့ကိုသဘောကျတယ်လို့ ခံစားနေရတာလဲ
ငါကရော ဘာလို့အမြဲတမ်းသူ့ကိုရှုံးနေရတာလဲ
ငါမင်းကိုရှုံးရတာတကယ်ငြီးငွေ့လာပီ'ဆော့ဂျင်ထိုနေရာကနေ ထထွက်ခဲ့သည်.. အနောက်ကထယ်ယောင်းခေါ်သံတွေကို မျက်ကွယ်ပြုရင်းပေါ့..
"ဂျင်ဘယ်သွားမလို့လဲ!!!"
ဂျီမင့်ရဲ့မျက်၀န်းတွေမှေးစင်းသွားပီး သူထယ်ယောင်းကိုမေးလိုက်သည်..
"သူ့ရဲ့နာမည်က...??"
"ကမ်ဆော့ဂျင်လေ"
ထယ်ယောင်းရဲ့စကားအဆုံးမှာ ဂျီမင်လက်သီးကိုမသိမသာဆုပ်လိုက်သည်....
မှောက်အိပ်နေတဲ့ယွန်းဂီက ဂျီမင့်ရဲ့မျက်နှာပေါ်ကအမူအရာအချို့ကိုမြင်လိုက်ရတယ်...
ယွန်းဂီ တခြားသူတွေရဲ့မျက်နှာကိုကြည့်ရုံနဲ့ သူဘာဖြစ်နေတယ်ဆိုတာခန့်မှန်းလို့ရသည် သူမခန့်မှန်းနိုင်တဲ့သူကတယောက်ပဲရှိသည်
အဲ့တာကမ်ဆော့ဂျင်ပဲ
ဘာလို့ဆိုသူကခံစားချက်တွေကို ထုပ်မပြတတ်သူဖြစ်နေလို့လေ...."ကမ်ဆော့ဂျင်တဲ့လား"
ဂျီမင် ဆော့ဂျင်ရဲ့နာမည်ကိုရေရွတ်ရင်း ရီလိုက်မိသည်...
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...