Unicode
"တောင်းပန်ပါတယ် လူကြီးမင်းတို့ဒီမှာမနေသင့်တော့ဘူး
မကြာခင် မုန်တိုင်းလာတော့မှာပါ
ကျွန်တော်တို့ရှာဖွေရေးကို မုန်တိုင်းပီးသွားတဲ့အခါ ဆက်လုပ်ပေးပါ့မယ်"ဘေးက တိုက်ခတ်နေတဲ့ကြမ်းတမ်းတဲ့လေအဟုန်ကြောင့် ကယ်ဆယ်ရေးသမားပြောနေသည့် စကားတွေကိုပင် သေချာမကြားရ..
အရှေ့ပင်လယ်ပြင်မှာ ပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေ
ဖြစ်ပေါ်နေပီး ကြမ်းတမ်းတဲ့လေကြောင့် လူတွေခန္ဓာကိုယ်
ပင် လွင့်ပါတော့မတတ်..."လူတယောက်ကို တွေ့ခဲ့ပါတယ်!!!"
ဂျန်းကု ထယ်ယောင်း ယွန်းဂီ ဟိုဆော့ အကုန်လုံးမျှော်လင့်စိတ်နဲ့ကြည့်လိုက်သော်လည်း....
"ခင်များကို သတ်မယ်!!"
"ဂျန်းကု!!"
ထိုလူစီကိုဒေါသတကြီးပြေးသွားနေတဲ့ ဂျန်းကုကို ယွန်းဂီအမြန်တားလိုက်ရသည်..
ထိုလူကတော့ ကမ် မို ယောင်း..."အကုန်လုံးဒီနေရာကနေအမြန်ထွက်ရပါတော့မယ်
မုန်တိုင်းစတော့မှာပါ"ယွန်းဂီလည်း ဘယ်လိုလုပ်ရမှန်းမသိတော့..
ဂျန်းကုက ဆော့ဂျင်ကိုစိတ်ပူနေမှန်းသူနားလည်သည်..
သူကိုယ်တိုင်လည်း သူငယ်ချင်းဖြစ်တဲ့ ဆော့ဂျင်ကိုစိတ်ပူပါသည်..
သို့သော် ဟိုဆော့ ဂျီမင် Stevenတို့ရဲ့အခြေအနေက တည်ငြိမ်သေးတာမဟုတ်..
သူတို့ကိုလည်း ဆေးရုံအချိန်မှီပို့နိုင်မှဖြစ်မည်..
ပီးတော့ ကမ်မိုယောင်း..
သူလုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့် မသတီစရာကောင်းပေမဲ့ ဆရာ၀န်တယောက်အနေနဲ့ ကယ်ရပေဦးမည်.."အရင်ဆုံး ဒီ၄ယောက်ကို ဆေးရုံပို့ရမယ်"
"မင်ယွန်းဂီ!!!
ခင်များ ဒီခွေးကို ကယ်မှာလား
သူက သေသင့်တဲ့သူပဲ
သူဘာတွေလုပ်ခဲ့လဲဆိုတာ ခင်များမသိဘူးလား"ငါသိတယ်
ဒါပေမဲ့ ငါကဆရာ၀န်ပဲ
သူကလူနာ သူဘယ်သူဆိုတာကို ငါထည့်တွက်နေလို့မရဘူး"ဟိုဆော့ကလည်း ဆော့ဂျင်ကိုစိတ်ပူနေတာကြောင့် ဆေးရုံသွားရန်ငြင်းဆန်နေသော်လည်း နောက်ဆုံးတော့ငြင်းဆန်၍မရခဲ့ပေ..
ဂျီမင် ဟိုဆော့ ကမ်မိုယောင်းနဲ့ Steven တို့ကိုအရေးပေါ်ကားပေါ်ပီးနောက် ယွန်းဂီ ထိုကားနဲ့အတူလိုက်သွားသည်..
ထယ်ယောင်းကိုယ်တိုင်လည်း ဂျီမင်နဲ့Stevenတို့ကိုစိတ်ပူသော်လည်း အခုထိရှာမတွေ့သေးတဲ့ ဂျင့်ကိုပိုပီး စိတ်ပူမိနေသည်..
YOU ARE READING
အချစ်ကိုပေးခဲ့သည်(အခ်စ္ကိုေပးခဲ့သည္)√
FanfictionUnicode ပေးတိုင်းပြန်မရတတ်တာအချစ်လား?? အချစ်ကိုပေးခဲ့ပေမဲ့အမုန်းကိုပြန်ရတဲ့အတွက်ငါ၀မ်းမနည်းပါဘူး... ဒါပေမဲ့မင်းကိုချစ်တဲ့ဒီရင်ခွင်ရဲ့တနေရာမှာမင်းပေးခဲ့တဲ့ဒဏ်ရာတွေအများကြီးပဲ.. အဲဒီဒဏ်ရာတွေကိုပဲငါကအရူးတယောက်လိုဖက်တွယ်နေမိတယ်... မမေ့ပါနဲ့မင်းကိုသိပ်ချ...