#Unicode
မေးခွန်းနှစ်ခုလား။ သဘောတူတယ်။ဒါပေမဲ့ သူက ခေါင်းကို မော့ကြည့်လိုက်ချိန်မှာတော့ စီနီယာ အဖြူနှစ် က မေးထောက်ပြီး သူရေးထားတာတွေကို အေးအေးဆေးဆေး ကြည့်နေတာကို မြင်လိုက်ရတယ် "မင်းဘာရေးထားတာလဲ။ ဒါက လူသားတွေ အသုံးပြုတဲ့ ဘာသာစကား အသစ်လား"
"........" ရူဟန် ။
ကောင်းပြီ။ ဒါက တော်တော်ဆိုးတာပဲ။ ကြည့်ရတာ စီနီယာ အဖြူနှစ် က စံတရုတ်စာကို ဖတ်တတ်ပုံ မပေါ်ဘူး။
ရူဟန်က စုတ်တံကို ပြန်ချလိုက်တယ်။ သူ့မျက်နှာပေါ်မှာတော့ ဝမ်းနည်းတဲ့ အမူအရာ တွေပေါ်ပေါက်လာတယ်။ တစ်ဖက်လူက သူ ဘာရေးထားတာလဲ ဆိုတာကို နားမလည်ဘူး ဆိုမှတော့ ဒီစာကို ရေးတာ ဘာထူးမှာလဲ။
သူက လျှို့ဝှက် အသံပို့နည်းစနစ် နွှဲ့ ဆက်သွယ်ကြည့်ဖို့ ကြိုးစားလိုက်တယ်။ ဒါကလည်း အလုပ်မဖြစ်ပါဘူး။
"ဟီးဟီး ... မင်းအရှုံးပေးပြီလား" စိနီယာ အဖြူနှစ် က လေထဲမှာ ရပ်ရင်း သဘောတကျ နဲ့ ရယ်လိုက်တယ်။
ရူဟန် က မျက်စိတွေ ချာချာလည်သွားခဲ့တယ်။
တစ်ခါတစ်ရံမှာ တစ်ဖက်လူဆီက အကူအညီကို မျှော်လင့်ရတာထက် ကိုယ့်အားကိုယ် ကိုးတာ အကောင်းဆုံးပါပဲ။ ရူဟန်က သူ့မျက်လုံးကို ပွတ်ပြီး အသင့်ပြင်ထားလိုက်တယ်။ ငါးမိနစ် က မကြာခင် ပြည့်တော့မှာပါ။ ပြီးနောက် ထည်ဝါခန့်ညားတဲ့ အသံက ထပ်မံပေါ်ထွက်လာပြီး အရင်က အတိုင်း ပြောလိုက်ပြန်တယ်။
ရူဟန်က မြန်မြန်ပဲ ခေါင်းလှည့်ပြီး စုဝမ်ကျူ ရဲ ့အဖြေလွှာကို ထပ်မှတ်လိုက်တယ်။ပြီးနောက် သူအရင်တစ်ခေါက် ဖြေထားတာနဲ့ တူလားဆိုတာကို တိုက်ဆိုင် စစ်ေးဆလိုက်တယ်။
အသက်ဆယ်ရှိုက်စာလောက်ကြာတော့ ...
ချီးတဲ့မှ ..
ရူဟန်က စားပွဲကို ဆွဲလှန်ချင်စိတ်တွေ ပေါက်သွားတယ်။ ဒါပေမဲ့ အလကားပါပဲ။ စားပွဲက လှုပ်တောင်မလှုပ်ပါဘူး။