အပိုင်း (၇၆၈)

173 37 0
                                    


#Unicode


မိစ္ဆာအလောင်းတွေကို ပုခုံးပေါ်မှာ ထမ်းပြိး သယ်သွားကြတဲ့ ကျောင်းတော်သား တပည့်များ။

အစစ်အမှန်နတ်ဘုရား ထာဝရမီး က သူတို့လက်ထဲက သိုလှောင်အိတ်တွေကို ယူပြိး စိတ်စွမ်းအင်နဲ့ စစ်ဆေးလိုက်တယ်။

နောက်တော့ သိုလှောင်အိတ်တွေထဲမှာ အဆင့်လေး မိစ္ဆာအရေအတွက် ၁၁၈၀ တိတိရှိကြောင်း သိလိုက်ရတယ်။ ဒါ့အပြင် အဆင့်၃ မိစ္ဆာတွေလည်း အနည်းငယ်ပါဝင်နေပါသေးတယ်။

"အမ်" အစစ်အမှန် နတ်ဘုရား ထာဝရမီး က ခေါင်းပြန်မော့ပြီး ရူဟန် နဲ့ တခြားလူတွေကို ကြည့်လိုက်တယ်။ ဒါက ရုပ်သေးကိုယ်ပွား တစ်ခုဆိုရင်တောင်မှ သူက ရှေ့မှာ ရှိတဲ ့သုံးယောက် ရဲ့စွမ်းအင်အဆင့်တွေကို လွယ်လွယ်ကူကူ ပိုင်းခြားနိုင်ပါတယ်။ သူတို့ထဲက နှစ်ယောက်က အဆင့်သုံးတွေ ဖြစ်ပြီး တစ်ယောက်ကတော့ အဆင့်လေး ပါ။

ဒီလိုသူငယ်ချင်းလေး တွေက ပူးပေါင်းပြိး ဒီလောက်များတဲ့ မိစ္ဆာအရေအတွက် ရအောင် သတ်ဖြတ် ခဲ့ကြတာလား။ မိစ္ဆာတွေက စစ်ထုတ်ခြင်း ပိုက်ကွန် ကြောင့် အားနည်းသွားကြတယ် ဆိုပေမဲ့ အချိန်တို အတွင်း ဒီလောက်များတဲ့ မိစ္ဆာတွေ သတ်ဖြတ်လာတာလေ။

ဒါပေမဲ့ နောက်တော့ အစစ်အမှန် နတ်ဘုရား ထာဝရမီး က ရူဟန် လက်ထဲမှာ ကိုင်ထားတဲ့ ကြယ်ပျံဓားကို မြင်လိုက်တယ်။

ကြီးမြတ်တဲ့အဖြူ နဲ့ တခြားလူတွေက ဒီသူငယ်ချင်းလေးတွေကို ကူညီခဲ့ကြတာလား။

ကြီးမြတ်တဲ့အဖြူ နဲ့ တခြားလူတွေက မိစ္ဆာတွေကို သတ်ပြီး ဒီသူငယ်ချင်းလေး တွေကို ပေးလိုက်တာ ဖြစ်နိုင်တယ်။

ဒါကြောင့် ထာဝရမီး ရုပ်သေး ကိုယ်ပွားက ပြုံးပြီး ပြောလိုက်တယ် "သူငယ်ချင်းလေး .. မင်းတို့က အဆင့်လေး မိစ္ဆာ ၁၁၈၁ ကောင်ကို စုနိုင်ခဲ့တယ်။"

"အမ်.. ၁၁၈၁ လား။ ရွှေကြာပန်းစေ့ အပိုတစ်စေ့ ရဖို့ နောက်ထပ် ၂၀ နီးပါး လိုသေးတာပေါ့။" ယုကျောင်းကျောင်း က တီးတိုးရေရွတ်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းحيث تعيش القصص. اكتشف الآن