#Unicode
မိစ္ဆာနဂါးဆေးက သောက်တဲ့သူကို အသားအရောင် ပြောင်းစေနိုင်တဲ ့စွမ်းရည် ရှိနေတာလား။ ဒါက ဂိမ်းထဲကလို skin အလကား ပေးသလို ဖြစ်နေမလား မသိဘူး။
ငါတော ့ခံလိုက်ရပြီ။ ဘယ်လို သောက်ကျိုးနည်း ကောင်က လူသန်ကြီးဟော့ခ် ရဲ ့အသားအရောင်ကို လိုချင်မှာလဲ။ ဒီအသားအရောင် နဲ့ လျှောက်သွားနေမယ် ဒုက္ခများနေမယ် မဟုတ်လား။
အားရှီလျှူ နဲ့ ယုကျောင်းကျောင်း တို့ ငါ့ကို အံသြတုန်လှုပ်နေတဲ ့မျက်နှာပေး နဲ့ ကြည့်နေတာ အံသြစရာတော ့မဟုတ်ဘူး။
ရူဟန် က သူ့ကိုယ်သူ နှစ်သိမ့် လိုက်တယ် "ဟားဟား .. ဒီနေ့ကစပြီး မင်းတို့ ငါ့ကို ဟော့ခ်ဟန် လို့ ခေါ်တာ ပိုကောင်းမယ်"
အားရှီလျျှ က တောက်ပစွာ ပြုံးလိုက်တယ်။
"ရူဟန်" ယုကျောင်းကျောင်း ရဲ့ မျက်နှာ အမူအရာက လေးလေးနက်နက် ဖြစ်နေတယ်။ ဒါပေမဲ့ ယုကျောင်းကျောင်း ရဲ ့မျက်နှာသွင်ပြင် ကို စကား နဲ့ ဘယ်လိုပြန်ပြောရမလဲ ဆိုတာ ရူဟန် ကိုယ်တိုင်တောင်မှ မသိပါဘူး။
"အင်း" သူက ယုကျောင်းကျောင်းကို ဇဝေဇဝါ နဲ့ ကြည့်လိုက်တယ်။
"မင်းက အရသာ ရှိမယ့်ပုံပဲ" ယုကျောင်းကျောင်း က ပြောလိုက်တယ်။
ရူဟန် ကကြောက်လန့်သွားးတယ်။ ဒီတစ်ကြိမ်မှာ ယုကျောင်းကျောင်း က နောက်နေတာ မဟုတ်ဘဲ သူ့ကို စားသောက်စရာ တစ်ခုလို ကြည့်နေတာမှန်း ရူဟန် က ခံစားမိတယ်။
ဒါက ဟော့ခ် အဖြစ်ကို ပြောင်းလဲ သွားတာထက် ပိုပြီး ကြောက်စရာ ကောင်းတဲ့ ကိစ္စပါပဲ။
"ကျောင်းကျောင်း ဒီလိုမျိုး မနောက်နဲ့။ တစ်လှေထဲ စီးနေတဲ ့သူငယ်ချင်းတွေ ဆိုတာ တစ်ယောက်ကို တစ်ယောက် ကာကွယ်ပေးရမယ်။ မဟုတ်ရင် လှေမှောက်သွားနိုင်တယ်။" ရူဟန်က ခပ်တည်တည် နဲ့ ပြောလိုက်တယ်။
"အင်း" ယုကျောင်းကျောင်း က ခေါင်းညိတ်ပြီး ထပ်ပြောလိုက်တ်ယ "ဒါပေမဲ့ စောနတုန်းက ငါပြောတာ အမှန်ပဲ။ မင်းက တကယ့်ကို အရသာ ရှိမယ့်ပုံမှာ ရှိတယ်"