အပိုင်း (၈၄၆)

178 36 0
                                    

#Unicode

အပိုင်း (၈၄၆)
ငါအရေးကြီးတာကို လုပ်စရာ ရှိတယ်။

မွန်းစတား အမဲလိုက်သူ လူငယ်က တစ်ခုခု လိုနေတယ်လို့ ခံစားမိနေတယ်။

စာအုပ်တောင်မှ ဖိအား က စီနီယာအစ်ကိုကြီး ဂေါင်ရှန် လို့ ရုတ်တရက် သိလိုက်ရချိန်မှာ သူက ဆွံ့အသွားခဲ့တယ်။ ပြီးနောက် ဦးနှောက် ကို အမြန်ဆုံး အလုပ်ပေးပြီး စီနီယာအစ်ကိုကြီး ဂေါင်ရှန် နဲ့့ရင်ဆိုင်ဖို့ နည်းလမ်းကို စဉ်းစားလိုက်တယ်။

ဒါပေမဲ့ သူက သေချာ ပြန်စဉ်းစားကြည့်တော့ ဂရုမပြုမိတဲ့ အကြောင်းအရာတွေ ရှိကြောင်း သိလိုက်ရတယ်။

ဥပမာအားဖြင့် ကလေးသုံးယောက်ဖြစ်တဲ့ ကိုရင်လေး နဲ့ ကလေးမလေး နှစ်ယောက် တို့ ကိုယ်ကနေ ချီ နဲ့ သွေးစွမ်းအင်တွေ ထွက်ပေါ်နေတယ်။ သူတို့က ကျင့်ကြံသူ တွေပဲ။

ပြီးနောက် စာအုပ်တောင်မှ ဖိအားနဲ့ မှားထင်မိတဲ့ မိန်းကလေး လည်းရှိနေပါတယ်။ သူမကိုယ်ကနေ ချီနဲ့သွေး စွမ်းအင် ၊ အစစ်အမှန်ချီ ဒါမှမဟုတ် စိတ်ဝိညာဉ်ချီတွေထွက်ပေါ်နေတာ မတွွှေ့ရဘူးဆိုပေမဲ့ သူမ အသားအရည်က ကြည်လင်ပြီး တောက်ပနေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက စွမ်းအင်တွေနဲ့ ပြည့်နှက်နေပုံပေါ်တယ်။ သူမ ကလည်း ကျိန်းသေပေါက် သာမာန်လူ မဖြစ်နိုင်ဘူး။ သူမ ကလည်း ကျင့်ကြံသူပါ။

ပြီးနောက် သူ့ကို နွေးထွေးစွာ ဖက်ထားတဲ့ စာအုပ်တောင်မှ ဖိအားရဲ့ အားအင် က နည်းနည်း ကြီးလွန်းနေတယ်။ စာအုပ်တောင်မှ ဖိအား ကရော ကျင့်ကြံသူပဲလား။

မဖြစ်နိုင်ဘူး။ ဟုတ်တယ်မလား။ ဒီလောက် တိုက်ဆိုင်နိုင်ပါ့မလား။

မွန်းစတား အမဲလိုက်သူ လူငယ်  က အခြေအနေကို တွေးကြည့်လိုက်တယ်။ စဉ်းစားလေ တစ်ခုခု မှားယွင်းလေလို့ သူ ခံစားနေမိတယ်။

အတွေးနက်နေတုန်းမှာပဲ သူ့နံရိုးတွေက စတင် နာကျင်လာတယ်လို့ ခံစားလာရတယ်။ စာအုပ်တောင်မှ ဖိအားက သူ့ကို ကြမ်းတမ်းလှတဲ့ ဝက်ဝံကြီး တစ်ကောင်လိုမျိုး ဖက်ထားတာပါ။ သူ့ရဲ့ ဆုပ်ကိုင်ထွေးဖက် ထားမှုက ပိုပိုပြီး သန်မာလာတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းМесто, где живут истории. Откройте их для себя