အပိုင်း (၈၂၃)

161 37 0
                                    


#Unicode


တကယ်တော့ ငါမင်းကို လှည့်စားခဲ့တာ။

"မဖြစ်နိုင်ဘူး။မင်းရဲ့ စည်းခတ်ခြင်းနည်းစနစ် က တော်တော် ဆိုးရွားတယ်။ အရင်တုန်းကလည်း ငါအိပ်ပျော်နေတာတောင်မှ မင်းက စည်းခတ်နိုင်တာ မဟုတ်ဘူး။ ခုလို အသင့် ဖြစ်နေတဲ့ ငါ့ကို ဆိုရင် အဝေးကြီး ဖြစ်သွားပြီ။ ဒါကြောင့် ဒီနေရာမှာ ရပ်လိုက်တာ အကောင်းဆုံးပဲ" စိနီယာအဖြူ နှစ်က ပြောလိုက်တယ်.

တကယ်တော့ စီနီယာအဖြူနှစ် က သူလုပ်ခဲ့တာတွေ အတွက် နောင်တ ရနေပါတယ်။ ဒီတစ်ကြိမ်မှာ သူက သံရည်ဘောလုံးကြီးကို ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး ဒေါသထွက် အောင် ပြုလုပ်ခဲ့မိပြီ။ ဒါကြောင့် လက်ရှိမှာ တရေးတမော အိပ်ဖို့တောင်မှ အခြေအနေ မရှိသလို ဖြစ်သွားခဲ့တယ်။

ဒါပေမဲ့ နောင်တရတယ် ဆိုရင်တောင်မှ နောင်တစ်ချိန် သံရည်ဘောလုံးကြီး ရဲ့ အစီအစဉ်ကို ဖျက်ဆီးဖို့ အခွင့်အရေး ပေါ်ခဲ့ရင် ဖျက်ဆီးအုန်းမှာပါပဲ။

ပြီးတော့ သံရည်ဘောလုံးကြီး စွေ့စွေ့ခုန် ဒေါသဖြစ်နေတာကို မြင်ရတာ သူ့နှလုံးသားက ပိုးစက်ပက်စက် ပျော်ရွှင်မိနေပါတယ်။ ငရဲပြည် ဆိုတာက တကယ့်ကို ပျင်းစရာကောင်းတဲ ့နေရာတစ်ခုပါပဲ။ ပျော်ရွှင်စရာ ဆိုလို သံရည်ဘောလုံးဒေါသ ထွက်တာကို ကြည့်ရတာ တစ်ခုပဲ ရှိတယ်။

တစ်ဖက် လူက ထိန်းမနိုင်သိမ်းရ ဖြစ်တဲ့ အထိ ဒေါထွက်လေ သူ ပိုပြီး ပျော်ရွှင်လေပါပဲ။.

တော်တော်ကြာ တိုက်ခိုက်ပြီးတဲ့နောက် စီနီယာအဖြူ နှစ်က ပျင်းရိလာတာကြောင့် ဆက်ပြီး မတိုက်ခိုက်ချင် တော့ပါဘူး။ သူက စိတ်အားတက်ကြွမှု မရှိတော့ပါဘူး။

ဒါကြောင့် သူက အကြံပြုလိုက်တယ် "ခဏလောက်နားရရှုင် ဘယ်လိုလဲ။ ဒီတိုင်းဆက်သွားမယ် ဆိုရင် ပိုပိုပြီး ပျင်းစရာ ကောင်းလာလိမ့်မယ်။. ဒါကြောင့် ခဏလောက် နားကြရအောင်။ တစ်ပိုင်းနားတုန်းမှာ မင်းပျော်အောင် ငါ ဟာသတွေ ပြောပြလို့ ရတယ်။"

"မင်းကိုယ်တိုင် စည်းခတ်တာကို လက်ခံလိုက်တာ က ငါပျော်ရွှင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ" သံရည်ဘောလုံးကြီး က နာနာကျင်ကျင် နဲ့ ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now