အပိုင်း (၇၇၁)

170 39 0
                                    


#Unicode


ကိစ္စအသေးလေး ကို တောင်မှ မှတ်သား ထားတတ်တဲ့ ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာ။

ယုကျောင်းကျောင်း ပြောသလိုပဲ ဒီအရမ်းကောင်းမွန်တဲ့စွမ်းရည်က အနီးကပ် တိုက်ပွဲတွေမှာ အရမ်းကို အသုံးဝင်မှာ ဖြစ်ပါတယ်။

ယုကျောင်းကျောင်းရဲ့ လက်သည်းသစ်တွေက ဘယ်လောက်ထိ သန်မာတယ် ဆိုတာကို မသိပေမဲ့ သူမ က ဒီလို ဖြစ်ပေါ်လာတဲ့ ရလာဒ်ကို ကျေနပ်နေပါတယ်။ ထပ်ပြောရရင် ရွှေကြာပန်းစေ့ကို ထပ်စားပြီး ဒီစွမ်းရည်ကို အဆင့်မြင့်တင်လို့ ရသေးတယ်လေ။

ဒါပေမဲ့ နောက်ပိုင်းမှာ သူမ လူပုံစံ ပြောင်းလဲ နိုင်ပြိဆိုရင် ဒီလက်သည်းတွေ ဘယ်လိုပုံစံ မျိုး ပြောင်းလဲ သွားမှာလဲ။

သူမရဲ ့လက်သည်း ဆယ်ချောင်းက ပိုရှည်ပြီး ပိုချွန်ထက်လာမှာလာ။ ဒါမှမဟုတ် X-men ကားထဲက wolverine လိုပဲ လက်ကြားထဲကနေ ချွန်ထက်တဲ့ လက်သည်းတွေ ထွက်ပေါ်လာမှာလား။

Wover- ကျောင်း လား။ ခေါ်လို့တော့ ကောင်းသားပဲ။

❄️❄️❄️

အချိန်အနည်းငယ်ကြာတော့ ..

ရူဟန်က ကြယ်ပျံဓားကို ကိုင်ဆွဲပြီး အားရှီလျှူ ၊ ယုကျောင်းကျောင်း တို့ နဲ့ ပူးပေါင်းကာ အဆင့်လေး မိစ္ဆာတွေကို ထပ်မံ အမဲလိုက်ပါတော့တယ်။

မိစ္ဆာတွေကို သတ်ဖြတ်နေစဉ်မှာ သူတို့သုံးယောက်က ဆေးဆရာ နဲ့ ခရမ်းရောင်မြူနှင်းတို့ လင်မယာ နားကပ်ကာ လျှို့ဝှက်အသံပို့ နည်းစနစ် နဲ့ ရူဟန်သိလာခဲ့တဲ့အကြောင်းအရာ တွေကို ပြန်ပြောပြလိုက်ကြတယ်။

ခရမ်းရောင် မြူနှင်း နဲ့ ဆေးဆရာ တို့ကလည်း ကိုးစီရင်စု က တခြားအဖွဲ့ဝင်တွေကို ပိုပြီး ဂရုစိုက်ကြဖို့ ၊ သတိမမူဘဲ မပြုလုပ်မိစေဖို့ လျှို့ဝှက် အသံပို့နည်းစနစ် နဲ့ သတင်းဆက် ဖြန့်လိုက်ကြတယ်။

ရူဟန် တို့ အဖွဲ့ အဆင့်လေး မိစ္ဆာတွေကို သတ်ဖြတ်တဲ့ အမြန်နှုန်း က အရင်တစ်ခေါက် အဆင့်ကို လိုက်မှီခဲ့ပြိး ဆယ်မိနစ်ကို မိစ္ဆာအကောင် ၂၀၀ သတ်ဖြတ်နိုင်ခဲ့ပါပြီ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now