အပိုင်း (၈၇၁)

167 28 1
                                    

#Unicode


အသချေင်္များပြားတဲ့ အသုံးပြုပုံများ။

ဂျင်နန် ဧရိယာ ...

စီနီယာအစ်မရီ က ကျုး ရဲ့ ကျင့်ကြံမှု ကို လက်ရှိမှာ ကူညီပေးနေတယ်။ ပြီးနောက် ရူဟန်အခန်း ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ မြန်မြန်သွားလိုက်တယ်။

ကျုး က ဇဝေဇဝါ နဲ့ စီနီယာအစ်မရီ နောက်ကို လိုက်သွားလိုက်တယ်။

ရူဟန် အခန်းထဲမှာတော့ ...

စီနီယာအစ်မရီ က အိပ်ရာအလွတ်ကြီးကို ကြည့်ပြီး မျက်မှောင်ကုတ်လိုက်တယ်။

"အမ်.. စီနီယာအစ်ကို ရူဟန် ပျောက်သွားတာလား" ကျုး က ကြောင်တောင်တောင် ဖြစ်သွားတယ်။ အစောပိုင်းတုန်းကတင် စီနီယာအစ်ကို ရူဟန် က အိပ်ရာပေါ်မှာ လူသေကောင်ကြီးလို လှဲနေတာပါ။ ဘယ်လိုဖြစ်ပြီး ပျောက်သွားတာလဲ။

သတိပြန်ဝင်သွားတာလား။

မဖြစ်နိုင်ဘူး။ စီနီယာာအစ်ကို ရူဟန် နိုးလာပြီဆိုရင် အောက်ထပ်ကို ဆင်းလာပြီး သူမတို့ကို လာရှာမှာ ကျိန်းသေပါတယ်။ ဒီလို ပျောက်သွားမှာ မဟုတ်ပါဘူး၊ ဒါဆို တစ်စုံတစ်ယောက်က သယ်ပြေးသွားတာလား။

စီနီယာအစ်မရီ က ရူဟန် အိပ်ရာဘေးကို ရောက်တော့ လက်ကို ဆန့်တန်းကာ ထိလိုက်တယ်။ မကြာမီမှာပဲ အိပ်ရာ တစ်ခုလုံးကို စိတ်ဝိညာဉ် စွမ်းအင်တွေက ရစ်ပတ်သွားတယ်။ သူမ က အထူး ထောက်လှမ်းခြင်း မှော်နည်းစနစ် ကို အသုံးပြုလိုက်တာ ဖြစ်တယ်။ တစ်စုံတစ်ယောက် က ရူဟန်ကို သယ်ပြေးသွားတယ်ဆိုရင် ဒီနည်းလမ်း နဲ့ ခြေရာခံလိုက်လို့ ရနိုင်မှာပါ။

ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ က အိပ်ရာပေါ်မှာပဲ နေပြီး နည်းနည်းလေးမှ မလှုပ်ပါဘူး။

ကျုးက မေးလိုက်တယ် "စီနီယာအစ်ကို ရူဟန် ပျောက်သွားတာလား"

"အင်း" ရီစင့် က ခေါင်းညိတ်လိုက်တယ်။

ပြီးနောက် သူမ က မျက်လုံးကို မှိတ်လိုက်ပြိး စိတ်ဝိညာဉ် ကောင် နဲ့ သူ့သခင်ကြားက ဆက်သွယ်မှု ကို အခြေခံပြီး ရူဟန်ကို ရှာလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now