အပိုင်း (၇၈၈)

172 41 3
                                    


#Unicode


သင်းကြိုင်တဲ ့ရနံ့။

ပိုးအိမ်ဆောက်တာ ပြီးဆုံးသွားပြီးတဲ့နောက် ရူဟန် က လိပ်အသက်ရှုနည်းကို အသက်သွင်းလိုက်တယ်။ ပြီးနောက် အိပ်မောကျသွားပြီး မိစ္ဆာနဂါးဆေး စွမ်းအင်တွေကို စတင်စုပ်ယူနေတယ်။

ဒီတစ်ကြိမ်မှာ မိစ္ဆာနဂါးဆေးရည် အပြည့်နီးပါးကို သောက်သုံးခဲ့တာပါ။ ဒါကြောင့် ပိုးအိမ်ထဲကနေ ထွက်ခွာပြီးတဲ့နောက် လူသန်ကြီးဟော့ခ် လို့ ဖြစ်သွားမလား မသိပါဘူး။

အိပ်မောကျပြီးတဲ့နောက် ရူဟန် က ထူးဆနး်တဲ ့စာမေးပွဲတည်နေရာ၊ မဟူရာဂိုဏ်းရဲ ့ကျိန်စာအိမ်မက် တို့အပြင် သူရဲ ့သန္ဓေစွမ်းရည် အိမ်မက် ပါ အသက်မဝင်တော့ဘဲ အိမ်မောကျသွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာပဲဖြစ်တယ်။

သူ က ကောင်းကောင်း အိပ်မောကျနေပါတယ်။ ပိုးအိမ်ထဲမှာ အိပ်စက်ရတာ တကယ်ပဲ ကောင်းမွန်လှတယ်။

အိပ်ရာက နိုးပြီးတဲ့နောက် ရူဟန်က သန်းဝေလိုက်တယ် "ဘယ်တုန်းက အိပ်ပျော်သွားတာလဲ ဆိုတာတောင် မသိဘူး။ ထင်ထားတဲ့ အတိုင်းပဲ ပိုးအိမ်ထဲမှာ အိပ်ရတာ တကယ်ကောင်းတာပဲ။ စီနီယာ အဖြူ ထွက်မလာချင်တာ အံသြစရာ မဟုတ်တော့ဘူး။"

ဒါပေမဲ ့ဒီအချိန်မှာပဲ အားရှီလျှူ ရဲ့ အသံ က ပိုးအိမ်အပြင်ဘက် ဆီက ထွက်ပေါ်လာတယ်။ "ရူဟန်.. မင်းနိုးလာပြီလား။ နိုးလာပြီဆိုရင် မြန်မြန်ထွက်ခဲ့တော့။ ညစာစားချိန်ရောက်နေပြီ"

"ညစာစားချိန်ပဲ ရှိသေးတာလား။ ငါက အကြာကြီး အိပ်ပျော်သွားတယ်တောင် ထင်နေတာ" ရူဟန်က ဇဝေဇဝါ နဲ့ ပြန်မေးလိုက်တယ်။ သူက အချိ်န်အကြာကြီး အိပ်ပျော်ခဲ့တာလို့ ခံစားနေမိတယ်။

"ဟီးဟီး" ယုကျောင်းကျောင်း ရဲ ့အသံက ပိုးအိမ် အပြင်ဘက်ဆီကနေ ထွက်ပေါ်လာတယ် "အချိ်န်ခဏလေး ဟုတ်လား။ မင်းအိပ်ပျော်သွားတာ သြဂုတ်လ ၁၃ ရက်နေ့က ။ ဒီနေ့က သြဂုတ်လ ၁၈ ရက်ရောက်နေပြီ။ မင်းငါးရက်တောင်မှ အိပ်ပြီးနေပြီ သူငယ်ချင်းလေး ဗိုလိကျသူ ဓားမော့"

ကျင့်ကြံသူတို့ စကားဝိုင်းWo Geschichten leben. Entdecke jetzt