အပိုင်း (၇၆၅)

168 35 0
                                    


#Unicode


မိစ္ဆာနဂါးဆေး အတွက် အလဲအလှယ်က ပြီးဆုံးသွားပြီ။

"အရှက်မဲ့လိုက်တာ" မိစ္ဆာကြွက်ဖြူက သွားကြားထိုးတံ အရွယ် ဓားကို ဆုပ်ကိုင်ပြီး ရူဟန်ကို ချိန်ကာ ပြောလိုက်တယ်။

သူတို့က ပြိုင်ကွင်းမှာ တစ်ယောက်ချင်း တိုက်ခိုက်နေကြတာလေ။ ဒီအကောင် က တကယ်ပဲ တရားမဝင်တဲ့ အဆောင်တွေကို ထုတ်သုံးနေပါတယ်။

"ဘာ.. အရှက်မဲ့တယ်ဟုတ်လား။" ရူဟန်က မိစ္ဆာကြွက်ဖြူကို မယုံကြည်နိုင်ဟန် ဖြင့် စိုက်ကြည့်လိုက်တယ်။

ဒီကြွက်ဖြူ က ဒါကို ချစ်ကြည်ရေးပြိုင်ပွဲလို့ ထင်နေတာလား။ အခုက ငရဲပြည်က မိစ္ဆာနဲ့ လူသားကျင့်ကြံသူတို့ သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ခိုက်နေတာပါ။ သူတို့ရဲ ့ရည်ရွယ်ချက်က အခြားတစ်ဘက် ကို သတ်ဖြတ်နိုင်ဖို့ ဖြစ်ပြီး တစ်ယောက်ယောက် သေဆုံးမှာ ဖြစ်မှာပါ။

"အင်း.. ငါမင်းလို အရှက်မဲ့တဲ ့သူကို တစ်ခါမှ မမြင်ဖူးဘူး" မိစ္ဆာကြွက်ဖြူ က ခနိုးခနဲ့ ပြောလိုက်တယ်။

"တကယ်တော့ အရှက်မဲ့တာ ကို ပြောရမယ် ဆိုရင်.. မင်းက မှ အရှက်မရှိဆုံး မိစ္ဆာပဲ" ရူဟန်က အကာအကွယ် ထဲမှာ လှဲရင်း ပြောလိုက်တယ်။ သူက ထွင်းဖောက်မြင် အကာအကွယ်ထဲမှာ ရောက်နေတာပါ။ ဘာမှလုပ်စရာလည်း မရှိပါဘူး။ ဒါကြောင့် စကားနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ဘာ.. ငါကအရှက်မဲ့ဆုံး ဟုတ်လား။" မိစ္ဆာကြွက်ဖြူ က သွားကြားထိုးတံ အရွယ် ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ပြောလိုက်တယ် "ငါက ဘယ်လို အရှက်မဲ့တာလဲ ဆိုတာကို မြန်မြန်ရှင်းပြစမ်း။ မဟုတ်ရင် ငါမင်းကို အပိုင်းပိုင်း ဆွဲဆုပ်ပစ်မယ်"

ရူဟန်က မြေပေါ်မှာ လှဲရင်း သူ့ကိုယ်သူ ညွှန်ပြလိုက်တယ် "ငါ့ရဲ ့လက်ရှိ စွမ်းအင် အဆင့်က ဘာလဲ"

"မင်းက တတိယအဆင့်ကို ခုမှရောက်တာလေ" မိစ္ဆာကြွက်ဖြူ က ပြန်ပြောလိုက်တယ်။

ရူဟန်က သွားကို တင်းတင်းစေ့ပြီး ပြောလိုက်တယ် "ကောင်းပြီ။ အခု .. မင်းရဲ ့စွမ်းအင် အဆင့် ဘယ်လောက်လဲ ဆိုတာကို ဘာကြောင့် ငါ့ကို မပြောသေးတာလဲ"

ကျင့်ကြံသူတို့ စကားဝိုင်းTempat cerita menjadi hidup. Temukan sekarang