အပိုင်း (၇၇၈)

171 39 0
                                    


#Unicode


စိတ်ဝိညာဉ်ချီ အခ .. ကျင့်ကြံသူတွေက သေချာပေါက် တမူထူးသူ တွေပဲ။

အစစ်အမှန် နတ်ဘုရား ထာဝရမီး ရဲ့ လမ်းပြမှု အောက်မှာပဲ ရူဟန် နဲ့ ကြိးမြတ်တဲ့ အဖြူ တို့က ကျောင်းတော်သားနယ်မြေရဲ့ အလျှို့ဝှက်ဆုံးနေရာ ဖြစ်တဲ့ ရွှေကြာပန်း ကမ္ဘာဆီိကို ရောက်ရှိသွားတယ်။

ရွှေကြာပန်း ကမ္ဘာ က ဖန်တီးထားတာ မကြာသေးပါဘူး။ ဒီအချိန်မှာတော့ ဆွတ်ဆွတ်ဖြူနေတဲ့ အဖြူရောင် နေရာပြင်ကျယ်ကြီးကလွဲရင် အထဲမှာ ဘာမှမရှိပါဘူး။ အထဲကို ဝင်လိုက်တဲ့ လူတိုင်းက အမှောင်ခနး်လေးထဲ ရောက်သွားသလိုခံစားလိုက်ရတယ်။ အင်း.. မဟုတ်သေးဘူး။ အဖြူရောင်အခန်းကြီးလို့ ခေါ်တာ ပိုမှန်လိမ့်မယ်။ ဒါပေမဲ့ဘယ်လိုပဲ ခေါ်ခေါ် ဒီလို နေရာမှာ အကြာကြီးနေမယ်ဆိုရင် သူတို့ ကြောက်ရွံပြီး ရူးကြောင်ကြောင် တောင်မှ ဖြစ်သွားနိုင်ပါတယ်။

ရွှေကြာပန်းကမ္ဘာက အရမ်းကို ကြီးမားပါတယ်။ လက်ရှိမှ ဖန်တီးထားတာ ဆိုပေမဲ့ ပြည့်ဝတဲ့ အားအင်တွေ ရှိနေသလိုမျိုး တော်တော် ကြီးမားနေတာပါ။ ရူဟန်က သူရပ်နေတဲ့ နေရာကနေ လှမ်းကြည့်ချိန်မှာ ဒီကမ္ဘာရဲ့အဆုံးကို မမြင်ရပါဘူး။ ထပ်ပြောရရင် ဒီကမ္ဘာက ပိုပို ကြီးလာနေသေးတယ်လို့ ရူဟန် က ခံစားနေမိတယ်။

ရွှေကြာပန်း ကမ္ဘာနဲ့ နှိုင်းယှဉ်ရင် ဧက တော်တော်များများ ကျယ်တဲ့ ရွှေ့ပြောင်း သိုလှောင်အင်မော်တယ်ဂူ တို့ က စကားထဲ ထည့်ပြောစရာတောင် မရှိတော့ ပါဘူး။

ဒီရွှေကြာပန်း ကမ္ဘာက ခုမှ ဖန်တီးထားတာ ဆိုပေမဲ့ ကြီးမားတဲ့ မြို့ကြိး တစ်ခု အရွယ်လောက် ရှိနေပြီး ဆက်လက် ချဲ့ထွင်နေပါသေးတယ်။

တစ်စုံတစ်ယောက် က ဒီကမ္ဘာရဲ့အရှင် ဖြစ်လာမယ်ဆိုရင် မြိဲ့တစ်မြို့စာလောက်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒါက ဆက်လက် ကြီးထွားနေပါသေးတယ်။ အနာဂတ်မှာ လုံလောက်တဲ့ အားဖြည့်မှုတွေ ဆက်လုပ်နိုင်မယ်ဆိုရင် တရုတ်ပြည်လောက်၊ တိုက်ကြီးတစ်တိုက်လောက်၊ ကမ္ဘာကြီး တစ်ခုလောက် ဖြစ်လာနိုင်ပါတယ်။ တွေးကြည့်တာ နဲ့ တင် တော်တော် မိုက်တယ်။ ဟုတ်တယ်မလား။

ကျင့်ကြံသူတို့ စကားဝိုင်းМесто, где живут истории. Откройте их для себя