အပိုင်း (၈၄၉)

167 29 1
                                    

#Unicode

စွမ်းအားမြင့်သူ တွေက သာမာန်လူတွေ လျှောက်တဲ့လမ်းကို မလျှောက်ဘူးလေ။
"ငရဲပြည်က မိစ္ဆာစွမ်းအင်တွေ လွှမ်းမိုးနေတဲ ့သာမာန်လူ ကို ရီစင့်ရဲ့ မှော်ရတနာထဲမှာ ချုပ်ထားတယ်။ အခု ငါ့အိမ်အနောက်ဘက်ကို ရွှေ့့ထားတယ်။" ရူဟန်က ပြန်ပြောလိုက်တယ်။ ပြောပြီးတဲ့နောက် ရူဟန်က တောင်ဝါကြီးဘေးနားက ကြီးမားတဲ့လူကြီးကို ကြည့်လိုက်တယ်။ သူအစောပိုင်းတုန်းက တွေ့ခဲ့တဲ့ သက်လတ်ပိုင်းလူလိုပဲ ဒီလူကြီးကလည်း ငရဲပြည်က မိစ္တာစွမ်းအင်တွေ လွှမ်းမိုးခံထားရပါတယ်။ ဒါကြောင့်ပဲ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုမို သန်မာလာတယ်။ ရူဟန်က ဒီလူကောင်ကြီး ကိုယ်ပေါ်က ထွက်ပေါ်လာတဲ့ မိစ္ဆာစွမ်းအင်တွေကို အာရုံခံမိတယ်။ ဒီအချိန်မှာတော့ သူ့နှလုံးချက်ကရာထဲမှာ ရှိတဲ့ ကလာပ်စည်းက ဂဏှာမငြိမ် ဖြစ်လာပါတယ်. သူ့နှလုံးချက်ကရာထဲက ကလာပ်စည်းရဲ့ စားချင်သောက်ချင်စိတ်က ပိုမိုကြီးမားလာတယ်။ ငရဲပြည်က စိတ်ဝိညာဉ် စွမ်းအင်ပဲ ဖြစ်ဖြစ်၊ စိတ်ဝိညာဉ်ကျောက်တုံးပဲဖြစ်ဖြစ် အရေအတွက်ကြီးကြီး၊ သေးသေး ကိစ္စမရှိပါဘူး။ ကလာပ်စည်းက အားလုံးကို စားမှာပါပဲ။ ဒါပေမဲ့ ကြီးမြတ်တဲ့အဖြူ က သူ့နှလုံးချက်ကရာထဲက ကလာပ်စည်းဆီကဖြစ်ပေါ်လာတဲ့ ရွှွေကြာပန်း ပုံရိပ်ယောင်ကို စည်းခတ်ပြီးတဲ့နောက် ကလာပ်စည်းက အမိန့်နာခံလာတယ်။ နောက်ဆုံး သူလုပ်ချင်တာကို လုပ်တာမျိုး မဟုတ်တော့ပါဘူး။ တောင်ဝါကြီးက ကြီးမားတဲ ့လူကောင်ကြီးကို လက်ညိုးညွှန်ပြ ပြီး မေးလိုက်တယ် "သူငယ်ချင်းလေး ရူဟန် .. ဒီကောင်ကြီးရဲ ့အခြေအနေက မင်းဖမ်းမိထားတဲ ့သက်လတ်ပိုင်းလူနဲ့ တူတူပဲလား.""အင်း.. တူတူပဲ။ ငရဲပြည်က မိစ္ဆာစွမ်းအင်တွေက သူတို့ကိုယ်ပေါ်မှာ ရစ်သိုင်းနေတယ်။ ပြီးတော့ သူတို့ကို အသွင်ပြောင်းစေပြီး ပိုမို သန်မာစေတယ်။ ငရဲပြည်က စွမ်းအင်တွေက အရမ်းသန့်စင်တာမလို့ သူတို့ရဲ့ အရင်းအမြစ်က တူတူပဲ ဖြစ်လိမ့်မယ်။." ရူဟန်က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။ အခု သူတို့က ရိုးရိုး တိုက်ဆိုင်တာ မဟုတ်ဘူး ဆိုတာ သေချာသွားပါပြီ။ ငရဲပြည် က စွမ်းအားမြင့် သတ္တဝါ တစ်ကောင်ကောင် က ပြုလုပ်နေတာ ဖြစ်ပါတယ်။ တစ်ဖက်လူက သာမာန်လူတွေက ငရဲပြည်က မိစ္ဆာအဖြစ် ပြောင်းလဲ ဖို့ ကြိုးစားနေတာလား။ ဘာကိုပဲလုပ်လုပ် ကောင်းမွန်တဲ ့အရာတော ့ဖြစ်လာမှာ မဟုတ်ပါဘူး။ တောင်ဝါကြီးက ခေါင်းညိတ်ပြီး ပြောလိုက်တယ် "သူငယ်ချင်းလေး ရူဟန် .. မင်းဖမ်းမိတဲ့ကောင်ဆီ ငါ့ကို ခေါ်သွားပေး။ ငါ သူတို့ကို ခေါ်သွားပြီး သတင်းအချက်အလက်တွေ ရမလား ကြည့်မယ်။ပြီးတော့ ငါ ဒီသောက်ရူးတိမ်မြူ ဆိုတဲ ့ကောင်ကို ညနေခင်းမှာ အမိဖမ်းရပြီး စည်းခတ်ထားရအုန်းမှာ"ကြည့်ရတာ တာအိုဘုန်းကြီး တိမ်မြူကတော့ ဒီညနေမှာ အပြီးသတ်သွားမယ့် ပုံပါပဲ။ ❄️❄️❄️ရူဟန်က တောင်ဝါကြီးကို ဘေးအခန်းဆီ ခေါ်လာလိုက်တယ်။ အခန်းထဲမှာတော့ ရီစင့်က မေးထောက်ပြီး တာအိုဘုန်းကြီး တိမ်မြူရဲ ့စာအုပ်စင်ကိုကြည့်နေတယ်။ စာအုပ်တွေက နှစ်တစ်ရာအတွင်း တရုတ်ပြည်မှ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားထားတာပါ။ တခြားသော နည်းပညာ ပစ္စည်း အကြောင်းအရာတွေ လည်းပါဝင်ပါတယ်။ သံပန်းတံခါးသော့၊ လျှပ်စစ်သော့၊ လက်ဗွေနှိပ်စက် စတာတွေရဲ့ အကြောင်းပါ။ စာအုပ်တွေ အားလုံးက တိမ်မြူ ဖတ်တာ ဖြစ်နိုင်တယ်။ ဂေါင်ဂေါင်၊ ရှစ် နဲ ့ကျုး တို့က ဘေးချင်းထိုင်ပြီး အားတက်တရော ကျင့်ကြံနေကြတယ်။ အလင်းကျောက်ရဲ ့အစွမ်းက အထူးသဖြင့် ပထမအဆင့် ကျင့်ကြံသူ တွေ အတွက် အထူးကို အကျိုးရှိစေတယ်။ ကျင့်ကြံြုခင်း နည်းစနစ် တွေကို နားလည်စေတဲ ့အပြင် ပထမအဆင့် ကျင့်ကြံသူတွေ ကျင့်ကြံမယ်ဆိုရင် ချက်ကရာတွေကို ချိုးဖျက်ဖို ့နှစ်ဆ အခွင့်အရေး ပိုရပါလိ်မ့်မယ်။ စီနီယယာ အစ်မရီ က ခေါင်းမော့ပြီး ရူဟန် နဲ့ တောင်ဝါကြီး တို့ကို ကြည့်ကာ ပြောလိုက်တယ် "ကလေးသုံးယောက်က ကျင့်ကြံနေတုန်းပဲ ရှီသေးတယ်။ ရူဟန် မင်း တောင်ဝါကြီးကို ခေါ်သွားပြီး လှောင်အိမ်ထဲက လူကို ထုတ်ပေးလိုက်ပါလား။ ငါ ကလေးတွေ ပြီးတဲ့အထ်ိ စောင့်လိုက်အုန်းမယ်။" ကြည့်ရတာ ရီစင့်က သူနဲ့တောင်ဝါကြီး တို့ ပြောစကား တွေကို အစောကတည်းက ကြားထားပုံရတယ်။ "ကောင်းပြီ ..ဒါဆို ကလေးတွေကို မင်းနဲ ့ထားခဲ့တော့မယ်။" ရူဟန်က အလင်းကျောက် နဲ့ ကြက်သွန်လေး တို့ကို ရီစင့်ဆီ ပေးခဲ့လိုက်တယ်။ ပြီးနောက် ရူဟန်က တောင်ဝါကြီးကို သူ့ရဲ့ခြံအနောက်ဘက်ကို ခေါ်လာလိုက်တယ်။ ❄️❄️❄️ရူဟန် အိမ်မှာတော့ ... ရူဟန် နဲ့ တာအိုဘုန်းကြီးတိမ်မြူ တို့က ကျင့်ကြံဖို ့ထွက်ခွာသွားတယ်။ မွန်းစတား အမဲလိုက်သူ လူငယ်က ထမင်းစားပြီးနောက် ရူဟန်တို့ ပြန်လာမှာကို ပျင်းရိစွာထိုင်စောင့်နေတယ်။သူစောင့်နေတာ နာရီအနည်းငယ် ကြာနေပါပြီ။ ပြီးနောက်... မွန်းစတား အမဲလိုက်သူ လူငယ်က ရူတ်တရက် သူခေါင်းကို သူပုတ်လိုက်တယ်။ ချီးတဲ့မှ .. ငါက ဘာလို့ စာအုပ်တောင်မှ ဖိအား ပြန်လာတာကို စောင့်နေရတာလဲ။ အခွင့်အရေးယူပြီး သူ့အိမ်ကနေ ထွက်သွားရမှာ မဟုတ်လား။ စာအုပ်တောင်မှ ဖိအား ကလဲ့စားချေတာကို ခံဖို့ ငါဒီမှာ ထိုင်စောင့်နေတာလား။ပြီးရင် ခေါင်းကို ဂုံနီအိတ်ပြန်စွပ်မယ်လို့ စာအုပ်တောင်မှ ဖိအားက သူ့ကို ပြောခဲ့ပါတယ်။ဒါ့အပြင် သူက ရူဟန်ကို နဲ့တူတူ ဂျင်နန်ကို သွားမယ်လို့ ဆုံးဖြတ်လိုက်တာက ရူဟန်ကို လမ်းခရီးမှာ ကာကွယ်ပေးချင်လို့ပါ။ ဒါပေမဲ့ သူ့ရဲ့ အင်တာနက် သူငယ်ချင်းက သူ့ထက်တောင် တစ်ဆင့်မြင့်တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပါတယ်။ သူ့ရဲ့ ကာကွယ်မှု ကို လုံးဝ မလိုအပ်လောက်ပါဘူး။ ဒါကိုတွေးမိလိုက်တော့ မွန်းစတား အမဲလိုက်သူ လူငယ်က ထပြီး မေမေစွန်းကို နှုတ်ဆက်ဖို့ ပြင်လိုက်တယ်။"အဒေါ် .. ရူဟန် ပြန်မလာသေးဘူး။ နောက်ကျနေတာမို့ ကျွန်တော် လုပ်စရာလေးတွေ လွတ်သွားမှာစိုးတယ်။ သူပြန်လာရင် ဂျင်နန်မှာ စောင့်နေမယ်လို့ ပြောပေးပါ" မွန်းစတား အမဲလိုက်သူ လူငယ်က ပြုံးပြီး ပြောလိုက်တယ်။ သူက ဒီအိမ်ကိုရောက်မှ ရူဟန် ရဲ့ နာမည်ကို သိတာပါ။ မေမေစွန်းက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ပထမတုန်းက ဒီလူငယ်လေးကို နေပါအုန်းလို့ ဆွဲထားဖို့ တွေးလိုက်ပါသေးတယ်။ ဒါပေမဲ့ တိမ်မြူက ရူဟန်ကို ခေါ်သွားတာ ကြာပြီဖြစ်ပြိး ခုထိ ပြန်မလာသေးပါဘူး။ မွန်းစတား အမဲလိုက်သူ လူငယ်က က ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတာ ကြာပြီ ဖြစ်ပြီး မေမေစွန်းနဲ့ မွန်းစတား အမဲလိုက်သူ လူငယ်က တို့ စကားလက်ဆုံကျ စရာ ကိစ္စလည်း မရှိပါဘူး။ ဒါကြောင့် အခြေအနေက နည်းနည်း အူကြောင်ကြောင် နိုင်နေတယ်။ ဒါကြောင့် ဒီလူငယ်ကို မတားတော့ဖို့ မေမေစွန်းက ဆုံးဖြတ်လိုက်တယ်။ လူငယ်က သက်မချလိုက်တယ်။ပြီးနောက် အဝင်ဝ ဆီကို ဦးတည်လိုက်တယ်။ ဒါပေမဲ့ သူက တံခါးကို ဖွင့်ဖို့ လက်လှမ်းလိုက်ရုံပဲ ရှိပါသေးတယ် တံခါးက အလိုလို ပွင့်လာခဲ့တယ်။ ဒီတံခါးက အလိုအလျှောက် တံခါး တစ်ခုလား။ဒါပေမဲ့ နောက်တော့ တောင်ဝါကြီး နဲ့ ရူဟန်တို့က ရယ်ကာမောကာ နဲ့ စကားပြောရင်း ဝင်လာခဲ့တယ်။တောင်ဝါကြီးရဲ့ နောက်မှာ ဓားပျံတစ်ချောင်း ရှိနေတယ်။ ဒီအချိန်မှာတော့ ဓားပျံပေါ်မှာ ကြီးမားတဲ့လူကြီး အပြင် သက်လတ်ပိုင်း လူ ပါ ပါလာတယ်။ သူတို့နှစ်ယောက်လုံးက ငရဲပြည်က မိစ္ဆာစွမ်းအင်တွေ ထည့်သွင်းခံရသူတွေဖြစ်တယ်။ "စီနီယာ တောင်ဝါကြီး" မွန်းစတား အမဲလိုက်သူ လူငယ်က က တောင်ဝါကြီးကို မြင်တော့ အနည်းငယ် အံ့အားသင့်သွားတယ်။ စိနီယာ တောင်ဝါကြီးက ဘယ်လိုလုပ် ရောက်လာတာလဲ။"သူငယ်ချင်းလေး .. ပြန်တွေ့ပြန်ပြီ" တောင်ဝါကြီးက ပြုံးပြလိုက်တယ် "ငါငှားထားတဲ့ ချပ်ဝတ်က အသုံးဝင်လား""........."မွန်းစတား အမဲလိုက်သူ လူငယ်။ သေချာပြီ။ စာအုပ်တောင်မှ ဖိအား နဲ့ စီနီယာ တောင်ဝါကြီး တို့က တစ်ယောက် နဲ့ တစ်ယောက် သိနေကြတာပဲ။"ဘာရတနာချပ်ဝတ်လဲ" ရူဟန်က မေးလိုက်တယ်။ "အမ်.. ကြည့်ရတာ ရတနာချပ်ဝတ်ကို အသုံးမပြု ရသေးပုံပဲ။ သူငယ်ချင်းလေး ရူဟန် ရဲ့ သည်းခံနိုင်မှု က ငါထင်ထားတာထက် ပိုကောင်းနေတာပဲ" တောင်ဝါကြီး က ရယ်လိုက်တယ်။ "........" မွန်းစတား အမဲလိုက်သူ လူငယ်။ ရူဟန် ရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါ အမူအရာ တွေ ပေါ်လာတယ်။ နောက်တော့ မွန်းစတား အမဲလိုက်သူ လူငယ်က ရူဟန် ၊ တောင်ဝါကြီး တို့နဲ့ အတူ ဧည့်ခန်းကို ပြန်လိုက်လာတယ်။ သူ့မျက်နှာက မလွတ်မြောက်ခဲ့တဲ့ အတွက် ကြိတ်မနိုင်ခဲမရ ဖြစ်နေတယ်။ ဧည့်ခန်းထဲမှာတော့ ရူဟန် ပြန်လာတာကို မြင်တော့ မေမေစွန်းက ပြောလိုက်တယ် "ရူဟန် .. မင်းပြန်လာပြီလား။ ဟုတ်ပြီ။. မင်းသူငယ်ချင်းက မင်းကို အကြာကြီး စောင့်နေတာ။ ဒါပေမဲ့ မင်းမလာတာနဲ့ ပြန်သွားတယ်။ လမ်းမှာ တွေ့သေးလား""အဒေါ်.. ငါဒီမှာ ရှိသေးတယ်" မွန်းစတား အမဲလိုက်သူ လူငယ်က တောင်ဝါကြီး နဲ့ အတူ ဝင်လာပြီး မေမေစွန်းကို လက်ဝေ့ယမ်းပြလိုက်တယ်။ မေမေစွန်းက ရယ်ပြီး ပြောလိုက်တယ် "နောက်ထပ် ဧည့်သည်လား။ နေအုန်း .. ငါလက်ဖက်ရည် သွားပြင်လိုက်အုန်းမယ်"ပြောပြီးတဲ့နောက် မေမေစွန်းက သူတို့ သုံးယောက်ကို ထားပြိး ထွက်ခွာသွားတယ်။ .............မေမေစွန်း ထွက်ခွာသွားတဲ့နောက် တောင်ဝါကြီးက ရူဟန်ကို ပြောလိုက်တယ် "သူငယ်ချင်းလေး ရူဟန်.. မင်း စက်တင်ဘာ အစောပိုင်းမှာ အားလား။ တစ်ရက်လောက် အားရင် ရပြီ""အင်း .. ပုံမှန် ဆိုရင် ကျောင်းက ၁ ရက်နေ့ ကနေ ၃ ရက်နေ့ထိ ကျောင်းအပ်လက်ခံတာ။ ၆ ရက်နေ့မှာ စာစသင်တယ်။ ဒါကြောင့် အချိန်အနည်းငယ် ရနိုင်တယ်။" ရူဟန်က ပြန်ပြောလိုက်တယ် "စီနီယာ တောင်ဝါကြီး ငါ့အကူအညီ လိုလို့လား"ရူဟန်က ကိုးစီရင်စု ဂရုထဲကို ရောက်ပြီး ကတည်းက ရူဟန် ရဲ့ အကူအညီ ကို ယူခဲ့တယ်။ တောင်ဝါကြီး ဆိုတာက ဂရုတည်ထောင်သူ ဖြစ်ပြိး အဖွဲ့ဝင်တွေက တစ်ခုခု အကူအညီလိုတယ်ဆိုရင် တောင်ဝါကြီးကို အရင်ဆုံး စဉ်းစားကြပါတယ်။ ဒါကြောင့် တောင်ဝါကြီး အကူအညီလိုတယ်ဆိုရင် ရူဟန်က မတွန့်မဆုတ် နဲ့ ချက်ချင်း ကူညီရမှာပါ။"တကယ်တော့ .. စက်တင်ဘာ အစောပိုင်းမှာ ထရွင်ဂန် နဲ့ မြောက်ပိုင်းမြစ် တို့က တားမြစ်နယ်မြေမှာ တိုက်ခိုက်ရမှာ မဟုတ်လား" တောင်ဝါကြီးက ပြောလိုက်တယ်။ ရူဟန်က ခေါင်းညိတ်လိုက်တယ်။ သူ ဂရုကို စဝင်ပြီးတဲ့နောက် စီနီယာ မြောက်ပိုင်းမြစ် နဲ့ ထရွင်ဂန် တို့က တိုက်ခိုက်ဖို့ ချိန်းဆိုကြတာပဲ ဖြစ်တယ်။ ဒါကြောင့် သူက မှတ်မိနေတယ်။ တောင်ဝါကြီးက ဆက်ပြောလိုက်တယ် "အဲ့အချိန်ရောက်ရင် သူတို့ တိုက်ပွဲကို ငါလာကြည့်ပြီး လက်ဆောင်ပေးမယ်လို့ ပြောထားခဲ့တယ်။ ဒါပေမဲ့ ငါက စက်တင်ဘာ တစ်ရက်နေ့မှာ တံခါးပိတ် ကျင့်ကြံတော့မယ်။. ဒါကြောင့် သူငယ်ချင်းလေး ရူဟန် .. မင်းအားတယ် ဆိုရင် သူတို့ဆီသွားပြီး လက်ဆောင် သွားပေးပေးပါ။""ကောင်းပြီ။ ပြဿနာ မရှိဘူး" ရူဟန်က ခေါင်းညိတ်ကာ ပြောလိုက်တယ်။ သူကိုယ်တိုင်ကလည်း တိုက်ပွဲ ရလဒ်ကို သိချင်နေတာပါ။ ထပ်ပြောရရင ်ဒီတိုက်ပွဲကို စီ်နီယာ အဖြူ နဲ့ အတူ သွားကြည့်ဖို့ သူ စီစဉ်ထားပြီး သားပါ။"ဒါဆိုရင် သူငယ်ချင်းလေး ရူဟန်ကိုပဲ ဒုက္ခပေးရတော့မယ်" ပြောပြီးတဲ့နောက် တောင်ဝါကြီးက သေတ္တာနှစ်လုံကို ထုတ်ယူ လိုက်တယ်။ ဒီသေတ္တာတွေ ပေါ်မှာတော့ ထရွင်ဂန် နဲ့ မြောက်ပိုင်းမြစ် ဆိုပြိး အသီးသီး ရေးထားပါတယ်။ "ကိစ္စမရှိဘူး စီနီယာ တောင်ဝါကြီး" ရူဟန်က လက်ဆောင်သေတ္တာနှစ်လုံးကို ယူပြီး သိမ်းလိုက်တယ်။ ပြီးနောက် နောက်ကိစ္စတစ်ခုကို ထပ်မေးလိုက်တယ် "စီနီယာ တောင်ဝါကြီး .. တံခါးပိတ်ကျင့်ကြံမယ် ဆိုရင် ဒူဒူ့ မင်္ဂလာဆောင်ကို ဘယ်သူ ကျင်းပမှာလဲ"ဒူဒူ မင်္ဂလာဆောင်ရင် ဘယ်လို ပုံစံ ဖြစ်နေမလဲ။ သတို့သမီး ဝတ်စုံ နဲ့ ကြည့်ကောင်းပါ့မလား။ ရူဟန် က အရမ်းပဲ သိချင်နေတယ်။တကယ်တော့ သူတင်မဟုတ်ပါဘူး။ ကိုးစီရင်စု ဂရု တစ်ခုလုံးက အရမး် သိချင်နေတယ်။ "မပူနဲ့။ ငါအားလုံး ပြင်ဆင်ထားပြီးပြီ" တောင်ဝါကြီး က ပြုံးကာ ပြောလိုက်တယ် "ဘာပဲပြောပြော အရမ်းနောက်ကျနေပြီ။ ငါတိမ်မြူ ကို သွားဖမ်းတော့မယ်။ သူငယ်ချင်းလေး ရူဟန်.. နောက်မှ တွေ့မယ်"ပြောပြီးတဲ့နောက် တောင်ဝါကြီးက ကြည့်ကောင်းလှစွာနဲ့ ဧည့်ခန်းအပြင် ဘက်က လသာဆောင် ဆီ ဦးတည်လိုက်တယ်။ သူက လသာဆောင်ရဲ့ ပြတင်းပေါက် ကနေ ခုန်ချ ဖို့ ပြင်လိုက်တယ်။ စွမ်းအားမြင့်သူ တွေက သာမာန်လူတွေ လျှောက်တဲ့လမ်းကို မလျှောက်ဘူးလေ။ ဒါပေမဲ့ စီနီယာ တောင်ဝါကြီး ဒီလို ခုန်ဆင်းသွားတာတော့ ဟုတ်ပါပြီ။ လက်ဖက်ရည် သွားဖျော်နေတဲ့ မေမေစွန်း ပြန်လာရင် ဘယ်လို ပြောရမှာလဲ။ မေ..သား သူငယ်ချင်းက ပြတင်းပေါက် က ခုန်ဆင်းသွားတာ လို့ ပြောရမှလား။ရူဟန် က ကြောင်တောင်တောင် ဖြစ်နေတယ်။
#Zawgyi
**အပိုင်း (၈၄၉)**
**စွမ်းအားမြင့်သူ တွေက သာမာန်လူတွေ လျှောက်တဲ့လမ်းကို မလျှောက်ဘူးလေ။**
"ငရဲပြည်က မိစ္ဆာစွမ်းအင်တွေ လွှမ်းမိုးနေတဲ့သာမာန်လူ ကို ရီစင့်ရဲ့ မှော်ရတနာထဲမှာ ချုပ်ထားတယ်။ အခု ငါ့အိမ်အနောက်ဘက်ကို ရွှေ့့ထားတယ်။" ရူဟန်က ပြန်ပြောလိုက်တယ်။
ပြောပြီးတဲ့နောက် ရူဟန်က တောင်ဝါကြီးဘေးနားက ကြီးမားတဲ့လူကြီးကို ကြည့်လိုက်တယ်။
သူအစောပိုင်းတုန်းက တွေ့ခဲ့တဲ့ သက်လတ်ပိုင်းလူလိုပဲ ဒီလူကြီးကလည်း ငရဲပြည်က မိစ္တာစွမ်းအင်တွေ လွှမ်းမိုးခံထားရပါတယ်။ ဒါကြောင့်ပဲ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုမို သန်မာလာတယ်။ ရူဟန်က ဒီလူကောင်ကြီး ကိုယ်ပေါ်က ထွက်ပေါ်လာတဲ့ မိစ္ဆာစွမ်းအင်တွေကို အာရုံခံမိတယ်။ ဒီအချိန်မှာတော့ သူ့နှလုံးချက်ကရာထဲမှာ ရှိတဲ့ ကလာပ်စည်းက ဂဏှာမငြိမ် ဖြစ်လာပါတယ်.
သူ့နှလုံးချက်ကရာထဲက ကလာပ်စည်းရဲ့ စားချင်သောက်ချင်စိတ်က ပိုမိုကြီးမားလာတယ်။ ငရဲပြည်က စိတ်ဝိညာဉ် စွမ်းအင်ပဲ ဖြစ်ဖြစ်၊ စိတ်ဝိညာဉ်ကျောက်တုံးပဲဖြစ်ဖြစ် အရေအတွက်ကြီးကြီး၊ သေးသေး ကိစ္စမရှိပါဘူး။ ကလာပ်စည်းက အားလုံးကို စားမှာပါပဲ။
ဒါပေမဲ့ ကြီးမြတ်တဲ့အဖြူ က သူ့နှလုံးချက်ကရာထဲက ကလာပ်စည်းဆီကဖြစ်ပေါ်လာတဲ့ ရွှေကြာပန်း ပုံရိပ်ယောင်ကို စည်းခတ်ပြီးတဲ့နောက် ကလာပ်စည်းက အမိန့်နာခံလာတယ်။ နောက်ဆုံး သူလုပ်ချင်တာကို လုပ်တာမျိုး မဟုတ်တော့ပါဘူး။
တောင်ဝါကြီးက ကြီးမားတဲ့လူကောင်ကြီးကို လက်ညိုးညွှန်ပြ ပြီး မေးလိုက်တယ် "သူငယ်ချင်းလေး ရူဟန် .. ဒီကောင်ကြီးရဲ့အခြေအနေက မင်းဖမ်းမိထားတဲ့သက်လတ်ပိုင်းလူနဲ့ တူတူပဲလား."
"အင်း.. တူတူပဲ။ ငရဲပြည်က မိစ္ဆာစွမ်းအင်တွေက သူတို့ကိုယ်ပေါ်မှာ ရစ်သိုင်းနေတယ်။ ပြီးတော့ သူတို့ကို အသွင်ပြောင်းစေပြီး ပိုမို သန်မာစေတယ်။ ငရဲပြည်က စွမ်းအင်တွေက အရမ်းသန့်စင်တာမလို့ သူတို့ရဲ့ အရင်းအမြစ်က တူတူပဲ ဖြစ်လိမ့်မယ်။." ရူဟန်က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
အခု သူတို့က ရိုးရိုး တိုက်ဆိုင်တာ မဟုတ်ဘူး ဆိုတာ သေချာသွားပါပြီ။ ငရဲပြည် က စွမ်းအားမြင့် သတ္တဝါ တစ်ကောင်ကောင် က ပြုလုပ်နေတာ ဖြစ်ပါတယ်။ တစ်ဖက်လူက သာမာန်လူတွေက ငရဲပြည်က မိစ္ဆာအဖြစ် ပြောင်းလဲ ဖို့ ကြိုးစားနေတာလား။
ဘာကိုပဲလုပ်လုပ် ကောင်းမွန်တဲ့အရာတော့ဖြစ်လာမှာ မဟုတ်ပါဘူး။
တောင်ဝါကြီးက ခေါင်းညိတ်ပြီး ပြောလိုက်တယ် "သူငယ်ချင်းလေး ရူဟန် .. မင်းဖမ်းမိတဲ့ကောင်ဆီ ငါ့ကို ခေါ်သွားပေး။ ငါ သူတို့ကို ခေါ်သွားပြီး သတင်းအချက်အလက်တွေ ရမလား ကြည့်မယ်။ပြီးတော့ ငါ ဒီသောက်ရူးတိမ်မြူ ဆိုတဲ့ကောင်ကို ညနေခင်းမှာ အမိဖမ်းရပြီး စည်းခတ်ထားရအုန်းမှာ"
ကြည့်ရတာ တာအိုဘုန်းကြီး တိမ်မြူကတော့ ဒီညနေမှာ အပြီးသတ်သွားမယ့် ပုံပါပဲ။
❄️❄️❄️
ရူဟန်က တောင်ဝါကြီးကို ဘေးအခန်းဆီ ခေါ်လာလိုက်တယ်။
အခန်းထဲမှာတော့ ရီစင့်က မေးထောက်ပြီး တာအိုဘုန်းကြီး တိမ်မြူရဲ့စာအုပ်စင်ကိုကြည့်နေတယ်။ စာအုပ်တွေက နှစ်တစ်ရာအတွင်း တရုတ်ပြည်မှ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားထားတာပါ။ တခြားသော နည်းပညာ ပစ္စည်း အကြောင်းအရာတွေ လည်းပါဝင်ပါတယ်။ သံပန်းတံခါးသော့၊ လျှပ်စစ်သော့၊ လက်ဗွေနှိပ်စက် စတာတွေရဲ့ အကြောင်းပါ။ စာအုပ်တွေ အားလုံးက တိမ်မြူ ဖတ်တာ ဖြစ်နိုင်တယ်။
ဂေါင်ဂေါင်၊ ရှစ် နဲ့ကျုး တို့က ဘေးချင်းထိုင်ပြီး အားတက်တရော ကျင့်ကြံနေကြတယ်။
အလင်းကျောက်ရဲ့အစွမ်းက အထူးသဖြင့် ပထမအဆင့် ကျင့်ကြံသူ တွေ အတွက် အထူးကို အကျိုးရှိစေတယ်။ ကျင့်ကြုံခင်း နည်းစနစ် တွေကို နားလည်စေတဲ့အပြင် ပထမအဆင့် ကျင့်ကြံသူတွေ ကျင့်ကြံမယ်ဆိုရင် ချက်ကရာတွေကို ချိုးဖျက်ဖို့နှစ်ဆ အခွင့်အရေး ပိုရပါလ်ိမ့်မယ်။
စီနီယယာ အစ်မရီ က ခေါင်းမော့ပြီး ရူဟန် နဲ့ တောင်ဝါကြီး တို့ကို ကြည့်ကာ ပြောလိုက်တယ် "ကလေးသုံးယောက်က ကျင့်ကြံနေတုန်းပဲ ရှီသေးတယ်။ ရူဟန် မင်း တောင်ဝါကြီးကို ခေါ်သွားပြီး လှောင်အိမ်ထဲက လူကို ထုတ်ပေးလိုက်ပါလား။ ငါ ကလေးတွေ ပြီးတဲ့အထ်ိ စောင့်လိုက်အုန်းမယ်။"
ကြည့်ရတာ ရီစင့်က သူနဲ့တောင်ဝါကြီး တို့ ပြောစကား တွေကို အစောကတည်းက ကြားထားပုံရတယ်။
"ကောင်းပြီ ..ဒါဆို ကလေးတွေကို မင်းနဲ့ထားခဲ့တော့မယ်။" ရူဟန်က အလင်းကျောက် နဲ့ ကြက်သွန်လေး တို့ကို ရီစင့်ဆီ ပေးခဲ့လိုက်တယ်။
ပြီးနောက် ရူဟန်က တောင်ဝါကြီးကို သူ့ရဲ့ခြံအနောက်ဘက်ကို ခေါ်လာလိုက်တယ်။
❄️❄️❄️
ရူဟန် အိမ်မှာတော့ ...
ရူဟန် နဲ့ တာအိုဘုန်းကြီးတိမ်မြူ တို့က ကျင့်ကြံဖို့ထွက်ခွာသွားတယ်။ မွန်းစတား အမဲလိုက်သူ လူငယ်က ထမင်းစားပြီးနောက် ရူဟန်တို့ ပြန်လာမှာကို ပျင်းရိစွာထိုင်စောင့်နေတယ်။
သူစောင့်နေတာ နာရီအနည်းငယ် ကြာနေပါပြီ။
ပြီးနောက်... မွန်းစတား အမဲလိုက်သူ လူငယ်က ရူတ်တရက် သူခေါင်းကို သူပုတ်လိုက်တယ်။
***ချီးတဲ့မှ .. ငါက ဘာလို့ စာအုပ်တောင်မှ ဖိအား ပြန်လာတာကို စောင့်နေရတာလဲ။ အခွင့်အရေးယူပြီး သူ့အိမ်ကနေ ထွက်သွားရမှာ မဟုတ်လား။ စာအုပ်တောင်မှ ဖိအား ကလဲ့စားချေတာကို ခံဖို့ ငါဒီမှာ ထိုင်စောင့်နေတာလား။***
ပြီးရင် ခေါင်းကို ဂုံနီအိတ်ပြန်စွပ်မယ်လို့ စာအုပ်တောင်မှ ဖိအားက သူ့ကို ပြောခဲ့ပါတယ်။
ဒါ့အပြင် သူက ရူဟန်ကို နဲ့တူတူ ဂျင်နန်ကို သွားမယ်လို့ ဆုံးဖြတ်လိုက်တာက ရူဟန်ကို လမ်းခရီးမှာ ကာကွယ်ပေးချင်လို့ပါ။
ဒါပေမဲ့ သူ့ရဲ့ အင်တာနက် သူငယ်ချင်းက သူ့ထက်တောင် တစ်ဆင့်မြင့်တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပါတယ်။ သူ့ရဲ့ ကာကွယ်မှု ကို လုံးဝ မလိုအပ်လောက်ပါဘူး။
ဒါကိုတွေးမိလိုက်တော့ မွန်းစတား အမဲလိုက်သူ လူငယ်က ထပြီး မေမေစွန်းကို နှုတ်ဆက်ဖို့ ပြင်လိုက်တယ်။
"အဒေါ် .. ရူဟန် ပြန်မလာသေးဘူး။ နောက်ကျနေတာမို့ ကျွန်တော် လုပ်စရာလေးတွေ လွတ်သွားမှာစိုးတယ်။ သူပြန်လာရင် ဂျင်နန်မှာ စောင့်နေမယ်လို့ ပြောပေးပါ" မွန်းစတား အမဲလိုက်သူ လူငယ်က ပြုံးပြီး ပြောလိုက်တယ်။
သူက ဒီအိမ်ကိုရောက်မှ ရူဟန် ရဲ့ နာမည်ကို သိတာပါ။
မေမေစွန်းက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။
ပထမတုန်းက ဒီလူငယ်လေးကို နေပါအုန်းလို့ ဆွဲထားဖို့ တွေးလိုက်ပါသေးတယ်။ ဒါပေမဲ့ တိမ်မြူက ရူဟန်ကို ခေါ်သွားတာ ကြာပြီဖြစ်ပြိး ခုထိ ပြန်မလာသေးပါဘူး။
မွန်းစတား အမဲလိုက်သူ လူငယ်က က ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတာ ကြာပြီ ဖြစ်ပြီး မေမေစွန်းနဲ့ မွန်းစတား အမဲလိုက်သူ လူငယ်က တို့ စကားလက်ဆုံကျ စရာ ကိစ္စလည်း မရှိပါဘူး။ ဒါကြောင့် အခြေအနေက နည်းနည်း အူကြောင်ကြောင် နိုင်နေတယ်။
ဒါကြောင့် ဒီလူငယ်ကို မတားတော့ဖို့ မေမေစွန်းက ဆုံးဖြတ်လိုက်တယ်။
လူငယ်က သက်မချလိုက်တယ်။
ပြီးနောက် အဝင်ဝ ဆီကို ဦးတည်လိုက်တယ်။
ဒါပေမဲ့ သူက တံခါးကို ဖွင့်ဖို့ လက်လှမ်းလိုက်ရုံပဲ ရှိပါသေးတယ် တံခါးက အလိုလို ပွင့်လာခဲ့တယ်။
***ဒီတံခါးက အလိုအလျှောက် တံခါး တစ်ခုလား။***
ဒါပေမဲ့ နောက်တော့ တောင်ဝါကြီး နဲ့ ရူဟန်တို့က ရယ်ကာမောကာ နဲ့ စကားပြောရင်း ဝင်လာခဲ့တယ်။
တောင်ဝါကြီးရဲ့ နောက်မှာ ဓားပျံတစ်ချောင်း ရှိနေတယ်။ ဒီအချိန်မှာတော့ ဓားပျံပေါ်မှာ ကြီးမားတဲ့လူကြီး အပြင် သက်လတ်ပိုင်း လူ ပါ ပါလာတယ်။
သူတို့နှစ်ယောက်လုံးက ငရဲပြည်က မိစ္ဆာစွမ်းအင်တွေ ထည့်သွင်းခံရသူတွေဖြစ်တယ်။
"စီနီယာ တောင်ဝါကြီး" မွန်းစတား အမဲလိုက်သူ လူငယ်က က တောင်ဝါကြီးကို မြင်တော့ အနည်းငယ် အံ့အားသင့်သွားတယ်။ စိနီယာ တောင်ဝါကြီးက ဘယ်လိုလုပ် ရောက်လာတာလဲ။
"သူငယ်ချင်းလေး .. ပြန်တွေ့ပြန်ပြီ" တောင်ဝါကြီးက ပြုံးပြလိုက်တယ် "ငါငှားထားတဲ့ ချပ်ဝတ်က အသုံးဝင်လား"
"........."မွန်းစတား အမဲလိုက်သူ လူငယ်။
သေချာပြီ။ စာအုပ်တောင်မှ ဖိအား နဲ့ စီနီယာ တောင်ဝါကြီး တို့က တစ်ယောက် နဲ့ တစ်ယောက် သိနေကြတာပဲ။
"ဘာရတနာချပ်ဝတ်လဲ" ရူဟန်က မေးလိုက်တယ်။
"အမ်.. ကြည့်ရတာ ရတနာချပ်ဝတ်ကို အသုံးမပြု ရသေးပုံပဲ။ သူငယ်ချင်းလေး ရူဟန် ရဲ့ သည်းခံနိုင်မှု က ငါထင်ထားတာထက် ပိုကောင်းနေတာပဲ" တောင်ဝါကြီး က ရယ်လိုက်တယ်။
"........" မွန်းစတား အမဲလိုက်သူ လူငယ်။
ရူဟန် ရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါ အမူအရာ တွေ ပေါ်လာတယ်။
နောက်တော့ မွန်းစတား အမဲလိုက်သူ လူငယ်က ရူဟန် ၊ တောင်ဝါကြီး တို့နဲ့ အတူ ဧည့်ခန်းကို ပြန်လိုက်လာတယ်။ သူ့မျက်နှာက မလွတ်မြောက်ခဲ့တဲ့ အတွက် ကြိတ်မနိုင်ခဲမရ ဖြစ်နေတယ်။
ဧည့်ခန်းထဲမှာတော့ ရူဟန် ပြန်လာတာကို မြင်တော့ မေမေစွန်းက ပြောလိုက်တယ် "ရူဟန် .. မင်းပြန်လာပြီလား။ ဟုတ်ပြီ။. မင်းသူငယ်ချင်းက မင်းကို အကြာကြီး စောင့်နေတာ။ ဒါပေမဲ့ မင်းမလာတာနဲ့ ပြန်သွားတယ်။ လမ်းမှာ တွေ့သေးလား"
"အဒေါ်.. ငါဒီမှာ ရှိသေးတယ်" မွန်းစတား အမဲလိုက်သူ လူငယ်က တောင်ဝါကြီး နဲ့ အတူ ဝင်လာပြီး မေမေစွန်းကို လက်ဝေ့ယမ်းပြလိုက်တယ်။
မေမေစွန်းက ရယ်ပြီး ပြောလိုက်တယ် "နောက်ထပ် ဧည့်သည်လား။ နေအုန်း .. ငါလက်ဖက်ရည် သွားပြင်လိုက်အုန်းမယ်"
ပြောပြီးတဲ့နောက် မေမေစွန်းက သူတို့ သုံးယောက်ကို ထားပြိး ထွက်ခွာသွားတယ်။
.............
မေမေစွန်း ထွက်ခွာသွားတဲ့နောက် တောင်ဝါကြီးက ရူဟန်ကို ပြောလိုက်တယ် "သူငယ်ချင်းလေး ရူဟန်.. မင်း စက်တင်ဘာ အစောပိုင်းမှာ အားလား။ တစ်ရက်လောက် အားရင် ရပြီ"
"အင်း .. ပုံမှန် ဆိုရင် ကျောင်းက ၁ ရက်နေ့ ကနေ ၃ ရက်နေ့ထိ ကျောင်းအပ်လက်ခံတာ။ ၆ ရက်နေ့မှာ စာစသင်တယ်။ ဒါကြောင့် အချိန်အနည်းငယ် ရနိုင်တယ်။" ရူဟန်က ပြန်ပြောလိုက်တယ် "စီနီယာ တောင်ဝါကြီး ငါ့အကူအညီ လိုလို့လား"
ရူဟန်က ကိုးစီရင်စု ဂရုထဲကို ရောက်ပြီး ကတည်းက ရူဟန် ရဲ့ အကူအညီ ကို ယူခဲ့တယ်။ တောင်ဝါကြီး ဆိုတာက ဂရုတည်ထောင်သူ ဖြစ်ပြိး အဖွဲ့ဝင်တွေက တစ်ခုခု အကူအညီလိုတယ်ဆိုရင် တောင်ဝါကြီးကို အရင်ဆုံး စဉ်းစားကြပါတယ်။
ဒါကြောင့် တောင်ဝါကြီး အကူအညီလိုတယ်ဆိုရင် ရူဟန်က မတွန့်မဆုတ် နဲ့ ချက်ချင်း ကူညီရမှာပါ။
"တကယ်တော့ .. စက်တင်ဘာ အစောပိုင်းမှာ ထရွင်ဂန် နဲ့ မြောက်ပိုင်းမြစ် တို့က တားမြစ်နယ်မြေမှာ တိုက်ခိုက်ရမှာ မဟုတ်လား" တောင်ဝါကြီးက ပြောလိုက်တယ်။
ရူဟန်က ခေါင်းညိတ်လိုက်တယ်။ သူ ဂရုကို စဝင်ပြီးတဲ့နောက် စီနီယာ မြောက်ပိုင်းမြစ် နဲ့ ထရွင်ဂန် တို့က တိုက်ခိုက်ဖို့ ချိန်းဆိုကြတာပဲ ဖြစ်တယ်။ ဒါကြောင့် သူက မှတ်မိနေတယ်။
တောင်ဝါကြီးက ဆက်ပြောလိုက်တယ် "အဲ့အချိန်ရောက်ရင် သူတို့ တိုက်ပွဲကို ငါလာကြည့်ပြီး လက်ဆောင်ပေးမယ်လို့ ပြောထားခဲ့တယ်။ ဒါပေမဲ့ ငါက စက်တင်ဘာ တစ်ရက်နေ့မှာ တံခါးပိတ် ကျင့်ကြံတော့မယ်။. ဒါကြောင့် သူငယ်ချင်းလေး ရူဟန် .. မင်းအားတယ် ဆိုရင် သူတို့ဆီသွားပြီး လက်ဆောင် သွားပေးပေးပါ။"
"ကောင်းပြီ။ ပြဿနာ မရှိဘူး" ရူဟန်က ခေါင်းညိတ်ကာ ပြောလိုက်တယ်။ သူကိုယ်တိုင်ကလည်း တိုက်ပွဲ ရလဒ်ကို သိချင်နေတာပါ။
ထပ်ပြောရရင်ဒီတိုက်ပွဲကို စ်ီနီယာ အဖြူ နဲ့ အတူ သွားကြည့်ဖို့ သူ စီစဉ်ထားပြီး သားပါ။
"ဒါဆိုရင် သူငယ်ချင်းလေး ရူဟန်ကိုပဲ ဒုက္ခပေးရတော့မယ်" ပြောပြီးတဲ့နောက် တောင်ဝါကြီးက သေတ္တာနှစ်လုံကို ထုတ်ယူ လိုက်တယ်။ ဒီသေတ္တာတွေ ပေါ်မှာတော့ ထရွင်ဂန် နဲ့ မြောက်ပိုင်းမြစ် ဆိုပြိး အသီးသီး ရေးထားပါတယ်။
"ကိစ္စမရှိဘူး စီနီယာ တောင်ဝါကြီး" ရူဟန်က လက်ဆောင်သေတ္တာနှစ်လုံးကို ယူပြီး သိမ်းလိုက်တယ်။ ပြီးနောက် နောက်ကိစ္စတစ်ခုကို ထပ်မေးလိုက်တယ် "စီနီယာ တောင်ဝါကြီး .. တံခါးပိတ်ကျင့်ကြံမယ် ဆိုရင် ဒူဒူ့ မင်္ဂလာဆောင်ကို ဘယ်သူ ကျင်းပမှာလဲ"
ဒူဒူ မင်္ဂလာဆောင်ရင် ဘယ်လို ပုံစံ ဖြစ်နေမလဲ။ သတို့သမီး ဝတ်စုံ နဲ့ ကြည့်ကောင်းပါ့မလား။
ရူဟန် က အရမ်းပဲ သိချင်နေတယ်။
တကယ်တော့ သူတင်မဟုတ်ပါဘူး။ ကိုးစီရင်စု ဂရု တစ်ခုလုံးက အရမ်း သိချင်နေတယ်။
"မပူနဲ့။ ငါအားလုံး ပြင်ဆင်ထားပြီးပြီ" တောင်ဝါကြီး က ပြုံးကာ ပြောလိုက်တယ် "ဘာပဲပြောပြော အရမ်းနောက်ကျနေပြီ။ ငါတိမ်မြူ ကို သွားဖမ်းတော့မယ်။ သူငယ်ချင်းလေး ရူဟန်.. နောက်မှ တွေ့မယ်"
ပြောပြီးတဲ့နောက် တောင်ဝါကြီးက ကြည့်ကောင်းလှစွာနဲ့ ဧည့်ခန်းအပြင် ဘက်က လသာဆောင် ဆီ ဦးတည်လိုက်တယ်။ သူက လသာဆောင်ရဲ့ ပြတင်းပေါက် ကနေ ခုန်ချ ဖို့ ပြင်လိုက်တယ်။
စွမ်းအားမြင့်သူ တွေက သာမာန်လူတွေ လျှောက်တဲ့လမ်းကို မလျှောက်ဘူးလေ။
***ဒါပေမဲ့ စီနီယာ တောင်ဝါကြီး ဒီလို ခုန်ဆင်းသွားတာတော့ ဟုတ်ပါပြီ။ လက်ဖက်ရည် သွားဖျော်နေတဲ့ မေမေစွန်း ပြန်လာရင် ဘယ်လို ပြောရမှာလဲ။ မေ..သား သူငယ်ချင်းက ပြတင်းပေါက် က ခုန်ဆင်းသွားတာ လို့ ပြောရမှလား။***ရူဟန် က ကြောင်တောင်တောင် ဖြစ်နေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now