အပိုင်း (၇၇၉)

177 37 0
                                    

#Unicode

လျှို့ဝှက် နည်းစနစ် - ကံကောင်းရှောင်ရှားခြင်း။

ရူဟန်က သဘောတူညီပုံနဲ့ ခေါင်းညိတ်လိုက်တယ်။ အဖြူမိသားစုက အရမ်းချမ်းသာတယ်လေ။ ဘာကိုပဲ လုပ်ချင် လုပ်ချင် လုပ်နိုင်တယ်။

“နှစ်တစ်ရာလုံးလုံး အင်မော်တယ်ဂူထဲကို ဘယ်သူမှ ခြေတစ်လှမ်း မလှမ်းတာတောင်မှ ငါက စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးသွင်းပြီး စိတ်ဝိညာဉ်ချီတွေ အပြည့်ဖြည့်ပေးထားတယ်” ဒါက အဖြူရဲ့ လော့ဂျစ်ပါပဲ။

အခြားတစ်ဘက်က ကြည့်မယ်ဆိုရင် စိတ်ဝိညာဉ်ချီကြေး ဘယ်လောက်ကုန်ကျ နိုင်လဲ။ စျေးနှုန်း က သင့်တင့်လောက်တယ်။ ရူဟန်က တွေးလိုက်တယ်။

သူက အနာဂတ်မှာ တံခါးပိတ်ကျင့်ကြံချင်လာရင် သင့်တော်တဲ့နေရာ တစ်ခု ကို ရှာရမယ်။ ပြီတော့ စိတ်ဝိညာဉ်ချီ ရောင်းတဲ့ ကုမ္မဏီ တစ်ခုကို ဆက်သွယ်ရမယ်။ နေအုန်း .. ကုမ္မဏီ မဟုတ်ဘူး။ ဒါပေမဲ့ ဂိုဏ်းတစ်ခုပါ။ ဘာပဲပြောပြော သူက စိတ်ဝိညာဉ်ချီရောင်တဲ့ ဂိုဏ်းတစ်ခုခုကို ရှာရပါမယ်။ ဒါဆိုရင် တံခါးပိတ်ကျင့်ကြံချိန်မှာ စိတ်ဝိညာဉ်ချီ ပြတ်လပ်မှာ ပူစရာ မလိုတော့ ပါဘူး။

ဒါနဲ့ စိတ်ဝိညာဉ်ချီကို ဘယ်လိုသယ်ပို့လဲ။ ရေပိုက်လိုင်းကလား။ ဒါမှမဟုတ် ကျင့်ကြံသူတွေ အသုံးပြုတဲ့ ကြားဖြတ်နည်းစနစ် တွေန့လား။ ဥပမာ အစီအရင်တစ်ခု ရေးဆွဲလိုက်မယ်။ အဲ့ကနေ စိတ်ဝိညာဉ်ချီ တွေ ထွက်လာမယ်..အဲ့လိုလား။

ရူဟန်က အတွေးနက်နေတုန်းမှာ ကြီးမြတ်တဲ့အဖြူက ထပ်ပြောလိုက်တယ် “အခု .. တာအိုရောင်းရင်း တောင်ဝါကြီး က ငါ့ကို စာပို့ထားတယ်။ တောက်ပနေစိတ်ဝိညာဉ်ချီ ဂိုဏ်းကလည်း ဒီပွဲကို လာတက်တယ် သူတို့ခေါင်းဆောင်က အခွင့်အရေး ရတုန်း တောင်ဝါကြီး နဲ့ စကားပြောနေတယ်။ ပြောရင်း နဲ့ ငါက အကြွေးတင်နေတဲ့အကြောင်း ပြောခဲ့တာလေ။ ဒါပေမဲ့ ငါက သူတို့ရဲ့ အထူးဖောက်သည်လို ဖြစ်နေတာကြောင့် စိတ်ဝိညာဉ်ချီ ပို့ဆောင်မှုကို အခုချိန်ထိ မရပ်တန့်ခဲ့ဘူး။ ဟားဟား”

ရူဟန်က ခေါင်းညိတ်လိုက်တယ်။ ဒါက ဖြစ်နိုင်တယ်လေ။ အခုခေတ်ကြီးက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ခေတ်ကြီးပါ။ ကြီးမြတ်တဲ့ အဖြူလိုမျိုး ချမ်းသာပြီး ရက်ရော တဲ့ ဖောက်သည်မျိုးကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲလှတယ်လေ။ ဒါကြောင့် သူက တန်ကြေးပေးသွင်းဖို့ လိုအပ်နေတာတောင်မှ ဆက်တိုက်ပဲ ထပ်မံပြီး စိတ်ဝိညာဉ်ချီတွေ ပို့ဆောင်ပေးခဲ့တာပါ။

ကျင့်ကြံသူတို့ စကားဝိုင်းTahanan ng mga kuwento. Tumuklas ngayon