#Unicode
မင်းအတွက် .. မြစ်တွေ၊ချောင်းတွေ ပြည့်သွားအောင် ငိုပေးနိုင်တယ်။မိစ္ဆာစွမ်းအင်တွေက သူတို့ရဲ ့ဒဏ်ရာတွေမှ တဆင့် ကိုယ်ခန္ဓာထဲကို ဝင်ရောက်သွားတယ်။ နောက်တော့ မုန်တိုင်းက သူတို့ ခန္ဓာကိုယ်တွေ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေပါတယ်။
"........." ရူဟန်။
သူရဲကောင်းကြီး .. ငါ့ကိုကယ်တင်ပါ။
ဘာပဲဖြစ်ဖြစ် ငါတို့ တစ်ခါတည်း သေသွားလို့ မရဘူးလား။
ဒီဘက်ခေတ်ကြီးမှာ လုပ်ဆောင်နိုင်စွမ်း တွေက ပိုတောင် မြင့်မားလာသေးတယ်။ ငါတို့ကို ဓားတစ်ချက် တည်းနဲ့ သတ်ဖြတ်လို့ ရနိုင်တယ် မဟုတ်လား။ ထပ်ပြောရရင် အားအင်အကုန်တောင် သက်သာသေးတယ်လေ။
ကံဆိုးတာက သံလက်ချောင်း ပိုင်ရှင်က ချွေတာတတ်တဲ့သူ မျိုး မဟုတ်ပါဘူး။
ရူဟန်က သက်ပြင်းချ လိုက်တယ်။
ပြန်စဉ်းစားကြည့်ရင် သူက အစစ်အမှန် နတ်ဘုရား ထာဝရမီး ကိုယ်ပိုင်အမှတ် အသား ပြုလုပ်ပြိး ကတည်းက ဒီနေရာကနေ ထွက်ခွာ ခဲ့ရမှာပါ။
ခုချိန်မှာတော့ ဒူးနဲ့ မျက်ရည် သုတ်နေရပါပြီ။
အခု သူက ဒီလမ်းကို ရွေးခဲ့မိပြီ ဆိုမှတော့ ဆူးခင်းလမ်းဖြစ်နေရင်တောင်မှ ဆက်လျှောက်ရပါတော့မယ်။
အစကတည်းက ရူဟန် ဆီမှာ ထူးဆန်းတဲ့ ခံစားချက် ရှိနေပါတယ်။ ရွှေကြာပန်း ကမ္ဘာကြီးက သူ့ကို ဆွဲခေါ်ထားတယ်လို့ ခံစားမိနေတယ်။
ဘယ်လောက် ကြောင်တောင်တောင် နိုင်တဲ့ ခံစားချက်လဲ။
❄️❄️❄️
ပြိးတော့ သူတို့က သံသရာစက်ဝိုင်းထဲမှာ လည်ပတ်နေပါတော့တယ်။
ရွှေကြာပန်း ကမ္ဘာထဲက လူတွေက သံလက်ချောင်း ကြီးကြောင့် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်လိုက်၊ အစစ်အမှန် နတ်ဘုရား ထာဝရမီးက အံကြိတ်ပြီး အသစ် ပြန်လည် ဖြစ်တည်စေလိုက် နဲ့ လည်ပတ်နေပါတယ်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ...
ပထမတုန်းက ရူဟန် အပါအဝင် ကျောင်းတော်သားတွေက မုန်တိုင်းကို အံတုကြပါတယ်။ ပုရွက်ဆိတ် တွေ တောင်မှ သူတို့အသက်ကို ဖက်တွယ်ကြသေးတယ်။ လူသားတွေက ဘယ်လို စွန့်လွတ်နိုင်မှာလဲ။