အပိုင်း (၈၂၂)

165 35 3
                                    


#Uniocode


သံရည်ဘောလုံးကြီးရဲ့ ကြံကြံဖန်ဖန် အစီအစဉ်။

တစ်စုံတစ်ယောက်ရဲ့ အသက်ကို ပိုမိုရှည်လျားစေတဲ့ စွမ်းရည် အပြင် သက်ရှိ စမ်းချောင်းက နောက်ထပ် ဂုဏ်သတ္တိရှိနေပါသေးတယ်။ အဲ့တာကတော့ အရမ်း အရသာ ရှိတာပဲ ဖြစ်ပါတယ်။

နှလုံးချက်ကရာထဲမှာ သက်ရှိစမ်းချောင်းက အသွင်သဏ္ဍာန်ဖြစ်တည်ချိန်မှာတော့ တစ်စုံတစ်ခု မှားယွင်းသွားခဲ့တယ်လို့ ရူဟန်က ယုံကြည်နေတယ်။

ရွှေကြာပန်းစေ့က စားသုံးသူကို အသက်ရှည်စေနိုင်တဲ့ အပြင် ဘာကြောင့် အပိုစွမ်းရည်ကို ရရှိစေတာလဲ။ ငရဲပြည်က မိစ္ဆာစွမ်းအင်တွေကို စုပ်ယူပြီးတဲ့နောက် သူ့ရဲ့ နှလုံးချက်ကရာ ထဲရှိ ကလာပ်စည်း က သက်ရှိစမ်းချောင်း အဖြစ် အသွင်ပြောင်းလဲ ချိန်မှာ ဘာကြောင့် အရသာရှိတဲ့ အရာ ဖြစ်သွားခဲ့တာလဲ။

ရူဟန်က စိတ်ပျက်လက်ပျက် တော့ မဖြစ်ပါဘူး။ ကြာပန်းစေ့တွေထွက်လာသလိုမျိုး သက်ရှိ စမ်းချောင်း က ကိုယ်အတွင်းကနေ ထွက်လာတာ မဟုတ်လို့ပါပဲ။

ဘာပဲပြောပြော တစ်စုံတစ်ယောက်ရဲ အသက်ကို ရှည်လျားစေနိုင်တယ် ဆိုတဲ့ အချက်တစ်ခုနဲ့ တင် တော်တော်ကောင်းနေပါပြီ။

ထပ်ပြောရမယ်ဆိုရင် ရွှေကြာပန်းစေ့ နဲ့ ယှဉ်ရင် ဒီစမ်းရေ က သူ့မိဘတွေ နဲ့ သူငယ်ချင်းတွေကို စားခိုင်းစေဖို့ အိမ်ကို ယူသွားရင် ပိုပြီး အမြင်လှပါတယ်။

ဒါပေမဲ့ ကြာပန်းစေ့က စားသုံးသူကို အပိုစွမ်းရည် ပိုင်ဆိုင်နိုင်စေတဲ့ အစွမ်းသတ္တိရှိနေပါတယ်။ တကယ်လို့ ကြာပန်းစေ့ကို သာ စားလိုက်ရင် ဖေဖေစွန်း က စူပါစွန်း ဖြစ်သွားမလား မသိပါဘူး။။ ဒီဆိုရင် ပြဿနာပါပဲ။

ရွှေကြာပန်းစေ့ တွေကို လက်ထဲမှာ ကိုင်ဆောင်ရင်း ရူဟန်က ကြီးမြတ်တဲ့အဖြူ လို အပန်းဖြေနေရာ တစ်ခု ရှာပြီး သူ့မိဘတွေကို ပြောင်းရွှေ့ထားရှိဖို့ စဥး်စားလိုက်တယ်။ ပြီးမှ သူတို့ကို ကျင့်ကြံခြင်း လောက အကြောင်းကို ဖြည်းဖြည်းချင်းပြောပြြ့ပီး ကြာပန်းစေ့ကို ကျွေးတာ ပိုကောင်းပါလိမ့်မယ် ။

ကျင့်ကြံသူတို့ စကားဝိုင်းOpowieści tętniące życiem. Odkryj je teraz