အပိုင်း (၈၅၂)

164 29 0
                                    


#Unicode


အသုံးမပြုတော့တဲ့ ငြိမ်းချမ်းတဲ့ နေရာ။

ရူဟန် က ပြောလိုက်တယ် "ဒါကြောင့် ရန်သူကို တိုက်ရိုက်သတ်ဖြတ်တာ အပြင် အခြား အကြံ ပြုချင်တာ ရှိလား"

သူ့မှာသာ ရန်သူကို တိုက်ရိုက်သတ်ဖြတ်ပစ်နိုင်တဲ့ စွမ်းရည် ရှိမယ် ဆိုရင် ရူဟန်က သူ့မိသားစု ကို အန္တရာယ် မကျရောက်စေဖို့ အကန့်အသတ်မဲ့နတ်ဆိုးဂိုဏ်းရော၊ ပင်လယ်လူတေ တွေကိုရောပါ သွားရောက် သတ်ဖြတ်လိုက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သူ့မှာ အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်း ဒါမှမဟုတ် ပင်လယ်လူတေ တွေကို အပြတ်ရှင်းဖို့ လုံလောက်တဲ့ စွမ်းရည် မရှိသေးပါဘူး။ ဒါကြောင့် သူ့စွမ်းရည် နဲ့ ဖြစ်နိုင်မယ့် ကာကွယ်ခြင်းနည်းလမ်းကို လိုချင်နေတာဖြစ်တယ်။

ကြီးမြတ်တဲ့အဖြူ က ခဏလောက် စဥး်စားပြီး ပြန်ပြောလိုက်တယ် "အင်း.. ငါကြားတာတော့ အစစ်အမှန် နတ်ဘုရား ထာဝရမီးက မင်းကို လာရှာမယ်တဲ့။ ကျောင်းတော်သားနယ်မြေ က မင်းကို အကြွေးတင်နေတာလေ။ ဒါကြောင့် သူတို့က အကောင်းဆုံး ပြန်လည်ပေးဆပ်လိမ်မယ်။ ဒါကြောင့် မင်းက ထာဝရမီးလာပြီဆိုရင် မင်းမိသားစု လုံခြုံရေးနဲ ပတ်သက်ပြီး ပြောပြလိုက်ပေါ့။ ကျောင်းတော်သား တွေဆီမှာ မင်းမိသားစု ကို စောင့်ရှောက်နိုင်မယ့် နည်းလမ်း တော်တော်များများ ရှိလိမ့်မယ်။ ဥပမာအားဖြင့် သူတို့က မင်းနေရာ နားမှာ ကျောင်းတစ်ခု တည်ထောင်ပြီး ကျောင်းတော်သားတွေကို သင်ကြားပေးရင်းကနေ တစ်ချိန်တည်းမှာပဲ မင်းကို ကူညီပေးနိုင်လိမ့်မယ်။ ဒါက ကျောက်ခဲတစ်ခု နဲ့ ဌက်နှစ်ကောင် ပစ်တာနဲ့ တူတူပဲ။ ပြီးတော့ မင်းအဆင့်လေး ရောက်ပြီ ဆိုရင် ကိုးစီရင်စု တာအိုရောင်းရင်းတွေ ဆီကနေ အကာအကွယ် အစီအရင်ကို ဘယ်လိုရေးဆွဲရမလဲ ဆိုတာ သင်ယူလို့ရနိုင်ပြီ"

"ပြောရမယ် ဆိုရင် အသက်ရသက် အဆောင်ဆရာ က တံခါးပိတ်ကျင့်ကြံမှု မပြုလုပ်ရစေးဘူး။ မင်း သူ့ဆီကနေ အဆောင် အနည်းငယ် ဝယ်လို့ရတယ်။ တစ်ခါသုံး မဟုတ်ဘဲ အထပ်ထပ် သုံးလို့ရတဲ့ အဆင့်မြင့် အဆောင်တွေရှိတယ်။ မင်းက မင်းရဲ့ သွေးစက်တွေကို အသုံးပြုပြီး အသက်သွင်းလို့ရမယ့် အဆောင်ကို မိသားစု ဆီ ပေးထားမယ် ဆိုရင် အဆင့်လေး ကျင့်ကြံသူ တစ်ယောက်ယောက်က မင်းမိသားစု ကို ဝင်ရောက် တိုက်ခိုက်မယ် ဆိုရင်တောင်မှ ပြဿနာရှိမှာ မဟုတ်ဘူး"

ကျင့်ကြံသူတို့ စကားဝိုင်းOù les histoires vivent. Découvrez maintenant