အပိုင်း (၇၂၇)

186 34 0
                                    


#Unicode



မလွတ်မြောက်နိုင်တဲ့ ကံကြမ္မာ

ဟုတ်ပါတယ်။ ဓားပျံလက်ရမ်း ရောင်းချဖို့ အတွေးက ရူဟန် စိတ်ထဲမှ ဖြတ်ခနဲ ပေါ်လာတဲ့ အတွေးတစ်ခု သက်သက်ပါ။ သူက တကယ်ပဲ ဒီမှာ ဆိုင်ဖွင့်ဖို့ စီစဉ်နေတာ မဟုတ်ပါဘူ။ ပြီးတော့ သူ့မှာ ဆိုင်ဖွင့်စရာ ပိုက်ဆံလည်း မရှိဘူးလေ။

"အားရှီလျှူ .. ဘယ်ဆိုင်ကို သွားချင်တာလဲ။ ဝေးလား" ရူဟန် က မေးလိုက်တယ်။

"နည်းနည်းဝေးတယ်။ ခြေလျှင် သွားမယ်ဆိုရင်တော့ နည်းနည်းကြာလိ်မ့်မယ်" အားရှီလျှုက သူမ ဖုန်းကို သိမ်းပြီး ခံစားချက် အပြည့်နဲ့ သက်ပြင်းချ လိုက်တယ် "ပထမတုန်း က ငါ ဝှီးခနဲ ဓားပျံ အက်ပလီကေးရှင်းကို သုံးပြီး အဌားဓားပျံ ကို ခေါ်မလို့ပဲ. အခုတော့.."

အခုအချိန်မှာတော့ သူတို့နှစ်ယောက်လုံးက ဝှီးခနဲ ဓားပျံ အက်လီကေးရှငး်ကို အသုံးပြုဖို့ အစီအစဉ် လုံးဝ မရှိတော့ပါဘူး။

ကျောင်းတော်သား ငါးယောက်ရဲ့ အော်သံက ကောင်းကင်ပေါ်မှာ ပျံနှံ့ နေတုန်းပါပဲ။ ဒါကြောင့် သူတို့က တူညီအမှားကို ပြုလုပ်လို့ မဖြစ်ဘူးလေ။

"ခြေလျှင်ပဲ သွားကြစို့" ရူဟန်က ပြောလိုက်တယ်.။

"ငါလည်း အဲ့လိုပဲ တွေးထားတယ်" အားရှီလျှူက ခေါင်းညိတ်ပြီး ပြောလိုက်တယ် ။

သူတို့နှစ်ယောက် ဆွေးနွေးနေုတုန်းမှာပဲ ကောင်းကင်ပေါ်မှာတော့ ကြီးမြတ်တဲ့ အဖြူ ရဲ့ ရွှေရောင် ဂဋ္ဌုန် ဓားအလင်းက ပြန်ရောက်လာပါတယ်။

ရူဟန် နဲ့ အားရှီလျှူတို့ကို မြင်တော့ ကြီးမြတ်တဲ့အဖြူ က သူ့ဓားပျံကို ထိန်းချုပ်ပြီး သူတို့ဘေးကို နောက်တစ်ကြိမ် ဆင်းသက်လာပြန်တယ်။

ကြီးမြတ်တဲ့ အဖြူက လက်ကို ဝေ့ယမ်းပြိး ပြောလိုက်တယ် "အိုး.. ရူဟန်"

"ဟားဟား.. စီနီယာ အဖြူ .. မင်း တစ်ခါစာ ပို့ခဲ့ပြီး ပြန်ပြီလား" ရူဟန်က မေးလိုက်တယ်။ သူနဲ့ အားရှီလျှူ တို့ ဆွေးနွေးနေတာက ၃၀ စက္ကန့်လောက်ပဲ ရှိပါသေးတယ်။ ကြီးမြတ်တဲ့ အဖြူ က ဒီလောက် တိုတဲ့ အချိန်အတွင်းမှာ ခရီးစဉ် တစ်ခုကို ပို့ဆောင်ပေးခဲ့ပြီးပါပြီ။

ကျင့်ကြံသူတို့ စကားဝိုင်းDonde viven las historias. Descúbrelo ahora