အပိုင်း (၈၃၇)

163 31 0
                                    


#Unicode


ကျင့်ကြံသူတို့ ကမ္ဘာက ဘယ်လောက်ရက်စက်တယ်ဆိုတာ စီနီယာအစ်ကို ပြောပြမယ်။ ... အမ်..နေအုန်း.. ချီးတဲ့မှ ....။

ရီစင့် က သူမရဲ့ ရွှေစာအုပ်ကြီးကို အသက်သွင်းပြီး ရူဟန်တို့ကို ဝန်ကျန်းမြို့ဆီ ခေါ်ဆောင်လာတယ်။ တည်နေရာ မှတ်သားမှု က ကောင်းမွန်တာမို့ ရီစင့်က လမ်းမမှားပါဘူး။

ကြီးမားတဲ့ ရွှေစာအုပ်ကြီး ပေါ်မှာတော့ ကိုရင်လေးက ခြေချိတ်ထိုင် ၊ လက်အုပ်ချီပြီး ဗုဒ္ဒကျမး်စာတွေကို ရွတ်ဖတ်နေတယ်။

သူက မျက်နှာပေါ်မှာ ထူးမခြားနားတဲ အသွင်အပြင်မျိုး ပုံဖမ်းထားတယ် ဆိုပေမဲ့ စိတ်ထဲမှာတော့ ကြိတ်ပြီး ဆုတောင်းနေတာဖြစ်ပါတယ်။

စီနီယာအဖြူ.. စီနီယာအဖြူ .. စီနီယာအစ်ကို ရူဟန် ငါ့ကို မရိုက်ပါစေနဲ့။ နည်းနည်းပဲ ဆူပါစေ။ ရိုက်မယ်ဆိုရင်တောင်မှ နည်းနည်း ပဲ ရှိုက်ပါစေ။ ချီးထွက်အောင် မရိုက်ပါစေနဲ့။

သူ အဝေးသို့ လှည့်လည်သွားလာခြင်း ဘုရားကျောင်းမှ ရှိစဉ်ကတည်းက ဗုဒ္ဒကို ဖယ်ခွာပြီး စီနီယာအဖြူကို ယုံကြည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် သူ ဆုတောင်းတာက စီနီယာအဖြူ ဖြစ်နေတာပါပဲ။

အပြင်ပိုင်းမှာတော့ သူက ဗုဒ္ဓကျမ်းစာတွေကို ရွတ်ဖတ်နေတယ် ဆိုပေမဲ့ အမှန်မှာတော့ စီနီယာအဖြူ ဆီမှာ ဆုတောင်းနေတာပဲ ဖြစ်တယ်။

မိန်းကလေး နှစ်ယောက် ဖြစ်တဲ့ ရှစ် နဲ့ ကျူး တို့က ရူဟန်ကို စိတ်ဝင်တစား နဲ့ ကြည့်လိုက်ကြတယ်။

အငယ်မလေး က ရူဟန် ကို သွားဖြီးပြလိုက်တယ်။ ဒါပေမဲ့ သူမရဲ့ အမူအရာကို စကားလုံး အဖြစ် ပြောင်းလဲမယ် ဆိုရင် ဆိုလိုချင်တဲ ့အဓိပ္ပာယ်က စီနီယာအစ်ကိုကြိး ဂေါင်ရှန ်သေသင့်တယ် ဆိုတာပါပဲ။

ရုူဟန်က စီနီယာအစ်ကို သုံးရက်ဘုန်းကြီးလေး ဆီကို ဖုန်းခေါ်ဖို့ ပြင်လိုက်တယ်။

စိနီယာအစ်ကိုသုံးရက် ဘုန်းကြီးလေး ကို ကြည့်ရတာ ဖိအားတွေ အောက်ရောက်နေပုံပေါ်တယ်။ သူက မြန်မြန်ပဲ ဖုန်းကောကိ ကိုင်လိုက်တယ် "ဟယ်လို.. ရူဟန် .. မင်းဘာလို့ ငါ့ကို ခေါ်တာလဲ။ သတင်းကောင်း ရှိလို့လား"

ကျင့်ကြံသူတို့ စကားဝိုင်းKde žijí příběhy. Začni objevovat