အပိုင်း (၈၃၂)

164 32 2
                                    


#Unicode


ဒူဒူ့ မင်္ဂလာဆောင်ဖိိတ်စာ။

စိတ်ကျန်းမာရေးဆေးရုံရဲ့ ဒါရိုက်တာ ပြန်ပြောတာကို မြင်တော့ ရူဟန် ရဲ့ နှုတ်ခမ်းထောင့်တွေက တုန်ရီသွားတယ်။ မမျှော်လင့်ဘဲ ဒီလူက ဝန်ကျန်းမြို့ ကို ရောက်နေတဲ့ အပြင် ကမ္ဘာပျက်စစ်ပွဲ ရုပ်ရှင်ကိုပါ ကြည့်နေပါသေးတယ်။

ဒီအချိန်မှာပဲ ရုပ်ရှင်ကြည့်ပြီးတဲ့သူတွေရဲ့ မှတ်ချက်စကားသံတွေက ရူဟန် နားထဲကို တိုးဝင်လာတယ်။

"နောက်ဆုံးခန်းမှာ ငါ့သွေးတွေ ပွက်ပွက်ဆူလာတယ်။ ဘယ်လောက် ကောင်းတဲ့ တင်ဆက်မှုလဲ"

"ဒါပေမဲ့ ... စီနီယာအစ်ကိုကြီး ဂေါင်ရှန် က နောက်ဆုံးမှာ ဇာတ်ပြန်ဖြည်ခံလိုက်ရတာပဲ။ ဘာမှ ဆိုးဆိုးဝါးဝါး ပြန်မဖြစ်ခဲ့ဘူး။"

"ငါလည်း တူတူပဲ ခံစားရတယ်။ သူက မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး အဓိက သရုပ်ဆောင် လင်းရီ ရဲ့ လက်ထဲမှာ သေမယ်လို့ ငါထင်ထားခဲ့တာ"

"စီနီယာအစ်ကိုကြီး ဂေါင်ရှန် က ငါတို့ စိတ်ကျေနပ်အောင် အကြိမ်ပေါင်းများစွာ သေသင့်တယ်။ ဒီကားက နောက်ဆက်တွဲ ကားအဆက် ရှိအုန်းမလား မသိဘူး။ ရှိတယ် ဆိုရင် စီနီယာအစ်ကိုကြီး ဂေါင်ရှန် က မိစ္ဆာအဖြစ် ပြန်လည်မွေးဖွားလာလိမ်မယ်။ ဒါဆိုရင် ကြည့်ကောင်းပြီ"

"......." ရူဟန် ။

ရုပ်ရှင်ကြည့်ပြီးတဲ့ လူတိုင်းက စိနီယာအစ်ကိုကြီး ဂေါင်ရှန် အကြိမ်ပေါင်းများစွာ သေစေဖို့ မျှော်လင့်ခဲ့ကြတယ်။ ဒီလိုဆိုရင် ကမ္ဘာပျက်စစ်ပွဲ ရုပ်ရှင်ကိုကြည့်ပြီးတဲ့ စိတ်ကျန်းမာရေးဆေးရုံ ရဲ့ ဒါရိုက်တာ အကောင့် နဲ့ လူကို သူတွေ့လို့ ဖြစ်ပါ့မလား။

သူ့ကို မြင်တော့ တစ်ဖက်လူက ဒီလိုမျိုး ထအော်လိုက်တယ် "ချီးပဲ .. မင်းက တကယ်ပဲ စီနီယာအစ်ကိုကြီး ဂေါင်ရှန် ဖြစ်နေတာကိုး။" ပြီးနောက် သူ့ကို ပြေးထိုးရင် ထိုးမှာပါ။

ဒါကြောင့် ရူဟန်က ပြန်ပြောလိုက်တယ် "ဘယ်လောက်တိုက်ဆိုင်လိုက်လဲ။ ငါလည်း ခုလေးတင် ကမ္ဘာပျက်စစ်ပွဲ ကို သူငယ်ချင်း တစ်ယောက် နဲ့ ကြည့်ပြီးခဲ့တာ။ ဟုတ်ပြီ။ စိတ်ကျန်းမာရေးဆေးရုံ ရဲ့ ဒါရိုက်တာ .. စီနီယာအစ်ကိုကြီး ဂေါင်ရှန် ရဲ့ ဇာတ်ရုပ်ကို မင်းဘယ်လိုထင်လဲ"

ကျင့်ကြံသူတို့ စကားဝိုင်းМесто, где живут истории. Откройте их для себя