အပိုင်း (၈၂၆)

164 33 3
                                    


#Unicode


တရစပ်ဝင်လာတဲ့ စာမက်ဆေ့များ။

ဒါပေမဲ့ ဒီလုူကတော့ တခြားလူတွေ နဲ့ ခြားနားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ပစ်မှတ်က ချန်လင်းပဲ ဖြစ်ပြီး တခြား ဆက်ခံသူ ဘာညာတွေကို စိတ်မဝင်စားပါဘူး။

အရင်တုန်းက သူ့အနေနဲ့ ချန်လင်းရဲ့ ခေါင်းကို ဖိညှစ်ပြီး သတ်ဖြတ်ခဲ့ပြီး ချန်လင်းက ကိုယ်ရော၊ နမ်ဝိညာဉ်ပါ သေဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ဒီနှစ်ပိုင်း အတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု လွဲမှားနေတယ် လို့ သူခံစားမိနေတယ်။

ချန်လင်းက လွယ်လွယ်ကူကူ သေဆုံးနိုင်မဲ့ သူမျိုး မဟုတ်ဘူးလို့ သူခံစားမိနေတယ်။

ထိုလူက သွားကို တင်းတင်းစေ့ပြိး ပြောလိုက်တယ် "ငါရှာလို့မတွေ့စေနဲ့။ တကယ်လို့ မင်းအသက်ရှင်နေသေးမှန်း ရှာတွေ့ပြီ ဆိုရင် ငါက ကမ္ဘာအဆုံးထိ လိုက်ရှာပြီး သတ်မယ်"

အဆိပ်မြူတွေက ပိုမိုထူထပ်လာပြီး ထိုလူ့ကို ရစ်သိုင်းနေတယ်။

❄️❄️❄️

ဒီအတောအတွင်း ...

ကြီးမြတ်တဲ့ အဖြူ က ရုူဟန် နဲ့ အားရှီလျှူ တို့ကို ခေါ်ပြီး ဓားပျံပေါ်တင်ကာ ကျောက်စိမ်းရေကန် အပြင်ဘက် ဆီကို ဦးတည်လာခဲ့တယ်။

ဒီအချိန်မှာတော့ ကြီးမြတ်တဲ့အဖြူ က ဖီးနစ် ဦးရစ် နဲ့ ဖီးနစ် ဝတ်စုံတို့ကို ဝတ်ဆင်ထားရက်နှင့် ဖြစ်နေသည်။

သူက ကျောက်စိမ်းရေကန် နယ်မြေ တစ်ခုလုံးကို အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘွားမြေကနေ တဆင့် သူ့ပိုင်နေရာတစ်ခုဆီကို ယူူသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးချယ်စရာ မရှိဘဲ ဒီဝတ်စုံကို ဝတ်ဆင်ထားတာဖြစ်၏။ ဒါမှ ကျောက်စိမ်းရေကန် နယ်မြေကို ယူသွားရ ပိုလွယ်ကူမှာပါ။

အားရှီလျှူက ယုံကြည်ချက် မြင့်မားစွာနဲ့ ကျောက်စိမ်းရေကန် နယ်မြေ တစ်ခုလုံးကို ရွေ့ယူသွားဖို့ ပြင်ဆင်နေတဲ့ ကြီးမြတ်တဲ့အဖြူကို တိတ်တဆိတ်ပဲ ကြည့်နေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းTahanan ng mga kuwento. Tumuklas ngayon