#Unicode
အိပ်ရာထဖို့ ပျင်းနေတယ်။
"အခုကနေစပြီး ငါက ဒီစွမ်းရည်ရဲ့ အလုပ်လုပ်ပုံကို တိုးမြင့်အောင် နည်းလမ်းရှာကြိုးစားရမယ်။ ဘာပဲဖြစ်ဖြစ် မင်းဒီနေ့ကံဆိုးနေတယ်နဲ့တူတယ်.. ဒူဒူ ။ ငါ့စွမ်းရည်က အောင်မြင်နိုင်ချေ နည်းတာတောင်မှ မင်းဆီမှာ အလုပ်ဖြစ်သေးတာပဲ" သခင်လေး ဖိးနစ် သတ်ဖြတ်သူ က ပိုးအိမ်ထဲက လုံးဝ ထွက်လိုက်ပြိီး ဒူဒူ့ဘေးကို ရောက်ရှိလာတယ်။
"မင်းဘာလုပ်ချင်တာလဲ။" ဒူဒူ့မျက်နှာပေါ်မှာ ကြောက်လန့်မှုတွေ ပေါ်ပေါက်လာတယ်။
"ဟီးဟီး" သခင်လေး ဖီးနစ် သတ်ဖြတ်သူက နူးညံ့စွာ ပြုံးလိုက်ပြီး အနားပတ်ဝန်ူကျင်ကို ကြည့်လိုက်တော့ ထောင့်တစ်ခုမှာ စည်ပိုင်းတစ်ခုကို မြင်လိုက်ရတာကြောင့် ယူချလာတယ်။
"ဖီးနစ် သတ်ဖြတ်သူ .. မင်းငါ့ကို ဒီထဲတည့်ဖို့ တွေးနေတာတော့ မဟုတ်ဘူးမလား။ မဟုတ်ဘူး။ မလုပ်နဲ့ ဒါက ဝိုင်စည်ကြီး။ အဲ့ထဲကို ထည့်လိုက်ရင် ငါက ဝိုင်တွေ နဲ့ ရောကုန်မှာပေါ့။" ဒူဒူ က တုန်လှုပ်စွာ အော်လိုက်တယ်။
"မပူနဲ့. ပြဿနာမရှိဘူး။ ဒီစည်ပိုင်းက အလွတ်ကြီး" သခင်လေး ဖီးနစ် သတ်ဖြတ်သူက ပက်ကျိလို ဖြစ်နေတဲ့ ဒူဒူကို နှစ်သိမ့်လိုက်တယ်။ပြိးနောက် သူက လက်ကို ဆွဲယူတဲ့ အမူအရာမျိုး ပြုလုပ်လိုက်တော့ မြေပေါ်မှာ ပြန့်ကျဲနေတဲ့ ဒူဒူ က စုစည်းလာပြီး ဝိုင်စည်ထဲကို ဝင်သွားတယ်။
သခင်လေး ဖီးနစ် သတ်ဖြတ်သူက စည်ပိုင်းပုတ်ကာ သဘောတကျ နဲ ပြောလိုက်တယ် "ကောင်းပြီ။ ဒီနေ့က ကောင်းမွန်တဲ့နေ့သစ် အစပဲ"
"...." ယုကျောင်းကျောင်။
"ရူဟန်.. ငါ့ကို ကယ်အုန်း။ ငါ ဒီစည်ပိုင်းကြီးထဲမှာ အချုပ်မခံချင်ဘူး" ဒူဒူက ကူညီဖို့ တောင်းပန်လိုက်တယ်။
ရူဟန်က သက်ပြင်းချလိုက်တယ်။ မင်းက သေလမ်းမရှာခင်တည်းက ဒီလိုဖြစ်မယ် ဆိုတာ ကြိုတွေးထား သင့်တယ် မဟုတ်လား။