အပိုင်း (၇၉၃)

188 33 2
                                    


#Unicode


စီနီယာအစ်ကိုကြိး ဂေါင်ရှန် သေသင့်တယ်။

ကြီးမြတ်တဲ ့အဖြူ က ခေါင်းမော့ပြီး ခပ်ယဲ့ယဲ ့ပြုံးလိုက်တယ်။ ပြီးနောက် သူက စာအုပ်ကို ပိတ်ပြီး စာအုပ်အဖုံးကို ပြလိုက်တယ် "ကိုယ်တိုင် ဒါရိုက်တာ ဖြစ်နည်း"

ရူဟန် က မျက်စိ ပေကလပ် ပေကလပ် ဖြစ်သွားတယ်။ မှားစရာ မရှိပါဘူး။ ခေါင်းစဉ်က ကိုယ်တိုင် ဒါရိုက်တာ ဖြစ်နည်းပါ။ စီနီယာ အဖြူစာအုပ် မှားကြည့်နေတာလား။ သူတကယ်လို့ ဖတ်ချင်တယ်ဆိုရင်တောင်မှ သရုပ်ဆောင်ခြင်း နဲ ့ပတ်သက်တာကို ဖတ်သင့်တာမဟုတ်ဘူးလား။ စီနီယာ အဖြူ က လိုင်းပြောင်းတော့မှာလား။

"မငး်တွေးနေသလိုမျိုး စာအုပ်မှားဖတ်နေတာ မဟုတ်ဘူး" ကြီးမြတ်တဲ ့အဖြူ က ရူဟန်ကို ကြည့်လိုက်တယ်။ ြ့ပီးနောက် ပြောင်စပ်စပ် နဲ့ ပြောလိုက်တယ် "ငါစိတ်ပိုင်းဖြတ်လိုက်ပြီ။ နောက်တစ်ခါ ဒါရိုက်တာ ဖြစ်ရမယ်"

"ဖွီး" မြောက်ပိုင်းမြစ် ပါးစပ်ထဲမှာ ရှိတဲ့ ရေတွေ က ပန်းထွက်လာတယ်။

တောင်ဝါကြီးရဲ ့လက်တွေက တုန်ရင်သွားတယ်။

သခင်လေး ဖီးနစ် သတ်ဖြတ်သူ ရဲ့ နှုတ်ခမ်းထောင့်တွေ က တုန်ခါသွားတယ်။

ရူဟန်က ကြီးမြတ်တဲ ့အဖြူ ကို ကြည့်လိုက်တယ်.။ စီနီယာ အဖြူ က ခပ်တည်တည် ပါပဲ။

"စီနီယာအဖြူ ငါမေးချင်တာ မေးလို့ ရမလား။ မင်းဘယ်လို ရုပ်ရှင်မျိုးကို ရိုက်ဖို့ စဉ်းစားထားလဲ" ရူဟန်က ခပ်တည်တည် နဲ့ မေးလိုက်တယ်။

"အင်းပေါ့်။ မင်းမေးလို့ ရတာပဲ" ကြီးမြတ်တဲ ့အဖြူ က ကိုယ်တိုင် ဒါရိုက်တာ ဖြစ်နည်း စာအုပ်ပိိတ်ပြီး ပြောလိုက်တယ် "ငါက The First and the Furious ဇာတ်လမ်းတွဲလို ရိုက်ချင်တာ။ ဒါပေမဲ ့ငါတို့ ပြိုင်တဲ ့နေရာမှာ ကားလောက်နဲ့ ကန့်သတ်မထားဘူဒ။ လေယာဉ်၊ သင်္ဘော၊ ရေငုတ်သင်္ဘော စတာတွေ နဲ့့ ပြိုင်နိုင်တယ်။ မြန်တဲ ့အရာအားလုံး ဇာတ်လမ်းထဲ ထည့်ရိုက်မယ်။ အမြန်နှုန်း ကသာ အရာအားလုံးဖြစ်ရမယ်"

ကျင့်ကြံသူတို့ စကားဝိုင်းTahanan ng mga kuwento. Tumuklas ngayon