အပိုုင်း (၈၅၇)

158 34 1
                                    


#Unicode


မင်း ဘာကြောင့် လှိုင်းသုံးခု ကို အရမ်းကြိုက်ရတာလဲ ဆိုတာကို ငါအခု နားလည်သွားပြီ။

သူမ ပြောတဲ့ ငါရှုပ်လိုက်မိပြီ ဆိုတာ ဘာကို ပြောတာလဲ။

ငရဲပြည်က စွမ်းအင်တွေကို ခြေရာခံပြီး ပိုင်ရှင်က လိုက်လာပြီလို့ ငါ့ကို မပြောနဲ့နော်။

ဒါက ငွေလွှဲစာချုပ်ကြီး တွေးထားတဲ့ အတွေးပါ။ ငရဲပြည်က စွမ်းအင်တွေကတော့ သူ့ဘာသာ ဘောလုံးပုံသဏ္ဍာန် ဖွဲ့တည်ပြီး အပြာရောင် ဆံပင်နဲ့ အမျိုးသမီး ရဲ့ ခေါင်းပေါ်မှာ ပေါ်လာတယ်။

အဓိကတည်ရှိမှု ရဲ့ ဖိအားက လေးလံလာတယ်။ ဒီတစ်ချိန်မှာတော ငွေလွှဲစာချုပ် က နောက်ဆုတ်ဖိုတောင် မတတ်နိုင်တော့ ပါဘူး။

မိစ္ဆာစွမ်းအင် တွေနဲ့ ဖွဲ့တည်ထားတဲ့ ဘောလုံးကြီးက လေထဲမှာ ရပ်တည်နေတယ်။ အဓိက တည်ရှိမှု က အားလုံးရဲ့ ခေါင်းထဲကို ကြောက်လန့်မှုတွေ ရောက်ရှိလာစေတယ်။

"ငါသေပြီ။ သေပြီ. ဒီနေ့တော့ တကယ်ပဲ သေပြီ သနားစရာကောင်းတဲ့ ငါ့ရဲ့ အသက်ကို အဆင့်ခုနှစ် စိတ်ဝိညာဉ် ကျောက်တုံး ငါးခုလောက်နဲ့ လဲခဲ့မိတယ်။" ဒါကို တွေးမိလိုက်တော့ ငွေလွှဲစာချုပ်က နောင်တ ရသွားတယ်။

"မပူနဲ့ .. ငါတို့ မသေနိုင်ဘူး" အပြာရောင် ဆံပင်နဲ့ အမျိုးသမီး က ပြုံးကာ ပြောလိုက်တယ် ။ သူမ က အဓိက တည်ရှိမှု နဲ့ ရင်ဆိုင်နေချိန်မှာ ဖိအားဒဏ်ကို မခံစားရပါဘူ။

"မင်းမှတ်ထားဖို့ တစ်ခုရှိတယ်။ ဒီနေရာက ငရဲပြည် မဟုတ်ဘူး ဆိုတာပဲ" အပြာရောင် ဆံပင် နဲ့ အမျိုးသမီး က ပြောလိုက်တယ်။

သူတို့က အဓိက ကမ္ဘာမှာ ရှိနေတာ ဖြစ်ပြီး ငရဲပြည်မှာ မဟုတ်ပါဘူး။ တစ်ဖက်လူ က ငရဲပြည်မှာ ကန့်သတ်ခံထားရသရွေ့ သူတို့ဆီလာပြီး သတ်ဖြတ်မှုကို မပြုလုပ်နိုင်ပါဘူး။

"ငါတို့ မသေတော့ဘူးပေါ့" ငွေလွှဲစာချုုပ် က ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ် "တစ်ဖက် က ငါတို့ကို ရှာမတွေ့နိုင်တော့ဘူးမဟုတ်လား"

ကျင့်ကြံသူတို့ စကားဝိုင်းHikayelerin yaşadığı yer. Şimdi keşfedin