အပိုင်း (၈၀၃)

163 29 0
                                    



                      အင်ပါယာသေရင် ပုလဲက ပျက်ဆီးမယ်။ အမ်.. ပျက်ဆီးသွားပြီဟ။


"ချီးတဲ့မှ .. ဘယ်သူက ကောင်းကင်ဘုံမြို့ ရဲ့ ဒီအစိတ်အပိုင်းကို ရှာတွေ့ခဲ့တာလဲ။ ဒါကို ဖုံးကွယ်ဖို့ ငါက နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့တယ်။ ဒါကိုတောင်မှ သူတို့က ရှာတွေ့သေးတယ်လား" အကြီးအကဲ လုချန် က စိတ်ဓာတ်ကျစွာ နဲ့ ပြောလိုက်တယ်။

သူ့နည်းလမ်းကို ဖြတ်ကျော်ပြီး မြင်နိုင်တဲ့စွမ်ရည် ရှိသူ ဒီအကန့်အသတ်မဲ ့နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘွားမြေမှာ မရှိဘူးဆိုတာကို သူ သေချာ သိတယ်။ အဆင့်ရှစ် သူတော်စင် တစ်ယောက် တောင်မှ ဒီကို ဖြတ်သွားဖြတ်လာလုပ်မိရင် သေချာဂရုမစိုက်မိပါက ဒီနေရာကို ရှာမတွေ့နိုင်အောင် သူက ပြုလုပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီထဲကို ဝင်လာပြီး ကောင်းကင်ဘုံမြို့ရဲ ့အစိတ်အပိုင်းကို ရှာတွေ့သွားတဲ ့ကျူးကျော်သူ က ဘယ်လို မျိုး ကောင်းကင်ဘုံက ငြင်းပယ်ရလောက်တဲ ့ကံတရားကို ပိုင်ဆိုင်ထားတာလဲ။

မိစ္တာကြီးမြတ်သူ လုချန်လမ်းကို သွားကို တင်းတင်းစေ့ပြီး ပြောလိုက်တယ် "သူတို့ ဘယ်လို အထဲဝင်လာတာလဲ ဆိုတာ အရေးမကြီးဘူး။ ကောင်းကင်ဘုံမြို့ အစိတ်အပိုင်း က ငါတန်ခိုးကျင့်ကြံတဲ ့နေရာပဲ။ ငါ့ရဲ ့အဆင့်ရှစ်သူတော်စင် ဖြစ်တည်ဖို့ ရည်ရွယ်ချက်က ဒီနေရာမှာ တည်ရှိနေတယ်။ ငါတန်ခိုးကျင့်တာကို ဘယ်သူ့ကိုမှ ခွင့်ပြုပေးလို့ မဖြစ်ဘူး။"

အစောပိုင်းတုန်းက သူ့အနေနဲ့ ဒီနေရာကို ကျူးကျော်ဝင်ရောက်လာတဲ ့ရုပ်သေးကို သတ်ဖြတ်ခြင်းဓားအစီအရင် အသုံးပြုကာ သတ်ဖြတ်ပြီး တောင်ကြား အပြင်ဆီကို ပစ်လွှတ်လိုက်တယ်။ သူက ဘာကြောင့်ဒီလို လုပ်တာလဲ ဆိုတော ့ရူပ်သေး ပိုင်ရှင်ကို အစိတ်စိတ် ပိုင်းခံရတဲ ့နာကျင်မှုကို ခံစားစေချင်တာကြောင့်ပဲ ဖြစ်ပါတယ်။

သူတန်ခိုးကျင့်တာကို နှောက်ယှက်တဲ ့အပြုအမူက သူ့မိသားစု တစ်ခုလုံးကို သတ်ဖြတ်တာထက် ပိုဆိုးတဲ့ ပြစ်မှုကြီးပါပဲ။ ဘယ်သူကများ သူတန်ခိုးကျင့်တာကို နှောက်ယှက်ရဲလဲ .. သေဆုံးသွားစေရမယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now