အပိုင်း(၇၃၅)

191 33 3
                                    


#Unicode



အသချေင်္ စာအုပ်တောင် - "ဟယ်လို.. အားလုံးပဲ.."

လိုင်ချီးက ဆက်ပြောလိုက်တယ် "ကျောင်းတော်သားတွေ နဲ့ ငရဲပြည်က မိစ္ဆာတွေ က ရန်ဘက်တွေ ဖြစ်တာကြောင့် ကျောင်းတော်သားတွေ က မိစ္ဆာတွေရဲ ့အားနည်းချက်ကိုအမြဲပဲ သုတေသန ပြုလုပ်ပြီး မိစ္ဆာတွေ ရဲ ့ခန္ဓာကိုယ်ကနေ အများဆုံးဘယ်လို အကျိုးအမြတ်ယူရမလဲ ဆိုတာကိုစဉ်းစားထားကြမှာပဲ။ သူတို့ရဲ ့ရည်ရွယ်ချက်က မိစ္ဆာတွေကိုအသုံးပြုပြီး မှော်ရတနာတစ်ခု တည်ဆောက်ဖို့ ဖြစ်နိုင်တယ်။ မိစ္ဆာတွေရဲ့ အလောင်းကိုအသုံးပြုပုံ နဲ့ ပတ်သက်ပြီး ကျောင်းတော်သား တွေထက်ပိုပြီး သိနိုင်တဲ့သူ ဒီကမ္ဘာမှာ မရှိနိုင်ဘူးး။

ကြီးမြတ်တဲ့အဖြူ က ခေါင်းညိတ်လိုက်တယ်။ ကျောင်းတော်သား တပည့်တွေ က မိစ္ဆာတွေ ရဲ ့အလောင်း တော်တော်များများကို လိုချင်နေတာ မှော်ရတနာ တစ်မျိုးကို ဖန်တီးဖို့့ပဲ ဖြစ်နိုင်တယ်။

❄️❄️❄️

အသချေင်္ စာအုပ်တောင်မှာတော့ ..

ဂျာကော့ဘ် ထုတ်လုပ်ရေးအဖွဲ့က သူတို့ရဲ ့ပြင်ဆင်မှုတွေ ပြီးစီးသွားတာကြောင့် ရိုက်ကူးဖို့ ကင်မရာတွေ အဆင်သင့်ဖြစ်နေပါပြီ။

နောက်ဇာတ်ဝင်ခန်းက ဂိုဏ်းရဲ ့အစောင့်အရှောက်သားရဲဖြစ်တဲ့ ကောင်ကင်ဖျက်ဆီးခြင်း ကြောင် ကြီးက ဝိညာဉ်တိမ်ဂိုဏ်းက တပည့်တွေ နဲ့ ထွက်ပြေးရင်း လင်းရီ နဲ့ ဆုံတွေ့မယ့် အခန်းပါ။

ဒီအချိန်မှာတော့ ဂေါင်မူမူ ရဲ ့ဇာတ်လမ်းက တစ်ဝက်ကျော်ကျော်လောက် ပြီးစီးနေပါပြီ။

ရူပ်ရှင်ရိုက်ကွင်းစတင်ပြီးတဲ့နောက် အခန်းတော်တောိ်များမျာကို ရိုက်ကူးခဲ့ပါတယ်။ လင်းရီ က မိန်းကလေး လင်းအာ ဝိညာဉ် ဖြစ်ကြောင်း သိသွားပြီးတဲ့နောက် ဝိညာဉ်တိမ်ဂိုဏ်း ဖျက်ဆီးခံရတဲ့ သတင်းကိုပါ သိခဲ့့ရပါတယ်။ ဒါကြောင့် ဝမ်းနည်းစွာ နဲ့ ဝိညာဉ်တိမ်ဂိုဏ်းဆီကို အပြေးပြန်လာခဲ့တယ်။

ဇာတ်ညွှန်းအရ လင်းရီက အရက်နွံ့ထဲမှာနစ်မြုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ မြို့ဆီကို ပြန်လာခဲ့ပါတယ်။ အဲ့မှာတော့ ချမ်းသာ တဲ့ မိသားစု တစ်ခု ရဲ ့တပည့်တစ်ယောက် နဲ့ ဆုံတွေ့မှာပါ။ ဒီလို အရေးကြီးတဲ့ နေရာမှာ သရုပ်ဆောင်မှာက တဇောက်ကန်းယဉ်မောင်း ဒေါင်ဖန်းခြောက်ပါ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now