အပိုင်း (၈၃၅)

175 33 0
                                    


#Unicode


ဒါက သူများမိသားစု က လိမ်မာရေးခြားရှိတဲ့ ကလေးမလေးတွေ တွေနဲ့ ကိုယ့်မိသားစု က ဆိုးသွမ်းကလေးတွေ ကြား ကွာခြားမှုပါပဲ။

"ငါတို့က လမ်းလျှောက်သွားရုံပဲလေ။ ဘာတစ်ခုမှ ဆိုးတာတွေ လုပ်မှာ မဟုတ်ဘူး" ကိုရင်လေးက ပြောလိုက်တယ်။

တစ်ဖက်လူက စိတ်ထားမြင့်မြတ်တဲ့ ကျင့်ကြံသူ တစ်ယောက် ဆိုရင် သူတို့က ဘာမှ စိတ်ပူစရာ မလိုပါဘူး။ ဒါပေမဲ့ တစ်ဖက်လူက မိစ္ဆာကျင့်ကြံသူ ဆိုရင်လည်း ကိစ္စမရှိပါဘူး။ တစ်ခုခု မမျှော်လင့်တာတွေ ဖြစ်ခဲ့မယ် ဆိုရင် ကိုရင်လေးဆီမှာ အသက်ကယ် မှော်ရတနာတွေ ရှိနေပါတယ်။ ဒါအပြင် စီနီယာအစ်ကိုတော် သုံးရက်ဘုန်းကြီးလေးကို ဆင့်ခေါ်နိုင်တဲ့ အရာ လည်း ရှ်ိနေတယ်။

အနည်းငယ်အသက် ကြီးတဲ့ မိန်းကလေး က စိုးရိမ်စွာနဲ့ ပြောလိုက်တယ် "ကိစ္စတွေ ထပ်မရှုပ်စေဖို့ ပဲ ငါစဉ်းစားမိတယ်"

ဒါပေမဲ့ ကိုရင်လေး နဲ့ သူမ ညီမ က ထထွက်သွားပါပြီ။ ဒါ့ကြောင့် သူမ က သက်ပြင်းချပြီး နောက်ကလိုက်လိုက်တယ်။ ပြီးတော့ သူမ က သုံးူယောက်ထဲမှာ အကြီးဆုံးပါ။ အငယ်တွေကို စောင့်ရှောက်ရမှာ သူမ တာဝန်လေ။

ရထားတွဲနှစ်တွဲကို ဖြတ်ပြီးတဲ့နောက် ကလေးသုံးယောက်က ရူဟန် အတွဲရှိတာကို ရောက်ရှိလာကြတယ်။

"ကောင်းလိုက်တဲ့အနံ့" အနည်းငယ် အသက်ကြီးတဲ့ ကလေးမ က အနံ့ကို ရှုရင်း ဗိုက်ထဲက တဂွီဂွီ မြည်လာပါတယ်။ ဒီအန့ံ က ဂိုဏ်းရဲ့ အင်မော်တယ် စာဖိုမှုးတွေ ချက်ပြုတ်ပေးတဲ့ ဟင်းပွဲတွေထက် ပိုပြီးး မွှေးပျံတယ်။

"စိတ်ဝိညာဉ်ချီ စုဝေးမှုက ငါတို့ ရှေ့နားမှာ ဖြစ်နေတာပဲ" ကိုရင်လေးက တီးတိုးပြောလိုက်တယ် "သတိထား ... ငါတို့က ရထားတွဲထဲမှာ ဖြတ်လျှောက်သွားဖို့လျှောက်ပဲ လုပ်မှာ ။ အဲ့ဒီ စီနီယာ အာရုံစိုက်မိအောင် လုပ်လို့ မဖြစ်ဘူးနော်။"

သူတို့ဆွေးနွေးနေတုန်းမှာပဲ သူတို့ရှေ့့က ခုံမှာ ထိုင်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ ဖုန်းသံက မြည်လာတယ်။ ခုံမှီတွေက မြင့်တာကြောင့် သူတို့က ဘယ်သူလဲ ဆိုတာကို မမြင်ရပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းحيث تعيش القصص. اكتشف الآن