#Unicode
တစ်ဖက်လူက သူ့ကို ဘာမှ ဆက်မပြောချင်တော့ပါဘူး။ ဒါ့အပြင် ပိုးအိမ်ကြီးနဲ့ ပါ ကောက်ပေါက်လိုက်ပါသေးတယ်။
မဟုတ်ဘူး။ ဒီနေရာက ငရဲပြည် မဟုတ်နိုင်ဘူး.။ ငရဲဲပြည်ရဲ့ သဘာဝ ဖြစ်တဲ့ မိစ္ဆာစွမ်းအင်တွေကို ရှာမတွေ့ဘူး။ ပြီးတော့ မိစ္ဆာတွေကိုလည်း မတွေ့ဘူး။ ရူဟန် က တွေးလိုက်တယ်။
ခဏလောက် စဉ်းစားပြီးတဲ့နောက် ဖြစ်နိုင်ချေ တစ်ခုကို သူတွေးလိုက်မိတယ်။
ကျောင်းတော်သားတွေ ဖန်တီးထားတဲ့ ရွှေကြာပန်းကြီးက ငရဲပြည် ရဲ့ အမဲရောင်ကြာပန် နဲ့ ဆက်စပ်နေတဲ့ လမ်းတစ်ခု ရှိတယ်။
ဒီလမ်းကြောင်းကနေ တဆင့် သံလက်ချောင်းကြီး ရဲ့ ပိုင်ရှင် က အဓိက ကမ္ဘာဆီကို ဝင်ရောက်ဖို့ ကြိုးစားဖူးသေးတယ်လေ။
သူ့နှလုံးချက်ကရာထဲက အတွင်းကမ္ဘာကလည်း ရွှေကြာပန်း ကြီးနဲ့ ထပ်တူထပ်မျှ တူညီတဲ့အရာတစ်ခု ဖြစ်တယ်။ ဒါကြောင့် အမဲရောင် ကြာပန်း ကမ္ဘာကို တိုးဝင်နိုင်တာလား။
ဒါပေမဲ့ ဒီနေရာက အမဲရောင်ကြာပန်း ကမ္ဘာဆိုရင် စီနီယာအဖြူ နှစ် က ဘာကြောင့် အိပ်နေတာလဲ။
"စီ်နီယာအဖြူနှစ် နဲ့ ရွှေကြာပန်း ကို ဝင်လာဖို့ ကြိုးစားတဲ့ သံလက်ချောင်း ပိုင်ရှင်တို့က ဘယ်လို ဆက်စပ်နေတာလဲ။" ရူဟန် က တီးတိုးရေရွတ်လိုက်တယ်။
[ငါနဲ့ သံတုံးကောင်နဲ့က ရန်ဘက်တွေပဲ။ ဆိုးတာက ငါသူ့ကို မသတ်နိုင်သလို သူလည်း ငါ့ကို မသတ်နိုင်ဘူး] ဒီအချိန်မှာပဲ အသံတစ်ခု က ရူဟန် စိတ်ထဲကို ဝင်လာတယ်။
ဒါက စီနီယာအဖြူ နှစ်ရဲ့ အသံပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ စီနီယာအဖြူ က အိပ်ပျော်နေပြီး ဟောက်တောင်ဟောက်နေတာပါ။
ရူဟန်က ခဏလောက်စဉ်းစားလိုက်တယ် ။ စီီနီယာအဖြူ နှစ် က အိပ်ပျော်နေရင်းတောင်မှ သူ့ကို မေးတဲ့မေးခွန်းတွေ ဖြေနိုင်တာလား။