Part 1

2.7K 235 75
                                    

Unicode

ခြောက်ကပ်နေသောလေအေးစိမ့်စိမ့်တို့ တိုက်ခတ်နေသည်။ အနက်ရောင်လွင်ပြင်၏သခင်လေးသည် သူ၏ခန့်ညားလှသော အတောင်များအား ရုတ်သိမ်းပြီး သူ့နန်းဆောင်သို့ဝင်ဟန်ပြင်စဉ် သူ့အနောက်မှတစ်ပြိုင်နက် ရောက်လာသောဧည့်သည်ကြောင့် လှည့်ကြည့်လိုက်သည်။

မျက်နှာတစ်လျှောက် အမာရွတ်အစင်းကြောင်းထင်ရှားသူ ၊ လူသားတို့၏ကံဆိုးမှုကိုဖြစ်စေသူ ကံကြမ္မာနတ်ဆိုးပင်ဖြစ်သည်။

လွင်ပြင်သခင်သည် ကြမ္မာနတ်ဆိုးကိုမြင်မြင်ချင်းပင် လက်ထဲ၌ဆောင်ယူလာသော နတ်ဆိုးဝိဉာဉ်ဖမ်းကရားလေးကို နောက်သို့ထိမ်ဝှက်လိုက်သည်။

"အသင့်လက်ထဲက ကရားကို ကျွန်ုပ်ကိုပေးပါ လွင်ပြင်သခင်"

လွင်ပြင်သခင်သည် မျက်နှာလွှဲခေါင်းငုံ့ထားရာမှ ဆတ္ခနဲ မော်လာပြီး ကြမ္မာနတ်ဆိုးကို ကြည့်လိုက်သည်။

"ကျွန်ုပ်ကိစ္စတွေ အသင်ဝင်မပါပါနဲ့"

"ကျွနု်ပ်တောင်းတာပေးပါ လွင်ပြင်သခင်၊ အသင်ဒီလိုမျိုး နတ်ဆိုးဝိဉာဉ်ကို ချုပ်နှောင်ထားလို့မရဘူး၊ နတ်ဆိုးသခင် ခွင့်ပြုချက်မရှိဘဲ နတ်ဆိုးဝိဉာဉ်ဖမ်းခွင့်မရှိပါဘူး"

"အသင့်ကြောင့် ကျွနု်ပ်အကြံအစည်တွေအကုန် ပ်က္စီးကုန္တာ၊ ကျွနု်ပ်ကျွတ်လွတ်ခွင့်ကို အသင်ဖျက်ဆီးပစ်တာ၊ ဒါကြောင့် ကျွန်ုပ်က ကျွနု်ပ်ရပိုင်ခွင့်ကို ပြန်ယူတဲ့သဘောပဲ၊ အသင် ဝင်မပါပါနဲ့"

"ကျွနု်ပ်က အသင့်ကိစ္စဝင်ပါနေတာ မဟုတ္ဘူး၊ အသင့်ကျွန်နတ်ဆိုးက ကျွနု်ပ်ဆီမှာအလဲအထပ်လုပ်သွားလို့ သဘောတူညီခဲ့ရုံပဲ၊ အခု အသင်က နတ်ဆိုးတိုင်းပြည်ရဲ့စည်းမျဉ်းကို ဖောက်ဖျက်ရာ ရောက်နေပြီ၊ ခွင့်ပြုချက်မရှိဘဲ လူ့ဘုံကိုကျူးကျော်နှောက်ယှက်တဲ့ နတ်ဆိုးတွေကိုပဲ ကရားကိုအသုံးပြုဖမ်းခွင့်ပေးတာ၊ အသင်ကအခု ကံကြမ္မာပြောင်းလဲတော့မယ့်နတ်ဆိုးကို ဖမ်းချုပ်ထားတာ"

လွင်ပြင်သခင်သည် ကရားကိုသူ့ဝတ်ရုံအောက်တွင် ပိုမိုဖုံးကွယ်လိုက်ပြန်သည်။ နောက်ပြန်လှည့်သောအချိန်ကာလအတွင်း သူဝင်ရောက်ပြီး အတိတ်ကနတ်ဆိုးကို အချိန်မီလေးပြန်ဖမ်းယူခဲ့ရသည်မှာ လွယ်သည်မဟုတ်။ အခက်မသင့်လျှင် အတိတ်ထဲသူပိတ်မိနေခဲ့နိုင်သည်။ ဒါတောင် ကံကြမ္မာအသစ်မစခင် အချိန်နောက်ပြန်သွားချိန်၌ နတ်ဆိုးဝိဉာဉ်ကို အရဖမ်းယူခဲ့သည်။ သည်လောက်စွန့်စားပြီးကာမှ သူ့လက်အောက်ခံကျွန် နတ်ဆိုးကို ပြန်မပေးနိုင်ပါ။

Sakura PresentWhere stories live. Discover now