Unicode
မင်းခွန်မှိုင်းတစ်ယောက် မနက်စောစောစီးစီး ဗြောင်းဆန်နေချေပြီ။
"ကျော်ကြီး၊ ငါဗိုက်နာနေပြီလို့..."
"ဟိတ်ကောင်၊ ငါအခုမှဝင်တာလေ၊ နေဦး"
မင်းခွန်မှိုင်း ခြေနှစ်ဖက်လုံးကစုန်ပေါက်နေချေပြီ။ တစ်ညလုံး မနားတမ်းလျှောက်စားထားသမျှက အစွမ်းကုန်ပြနေပြီဖြစ်သည်။
"ခဏထြက္ကြာ၊ ငါတကယ် မရတော့လို့..."
ဗိုက်ကိုနှိပ်ပြီး ဂနာမငြိမ်လှုပ်ရွနေမိသည်။
"ငါလည်းဒီမှာထွက်လို့မရတော့လို့ဟ"
မင်းခွန်မှိုင်း တစ်ကိုယ်လုံးကျဉ်တက်လာပြီး ငိုချင်စိတ်ပါပေါက်လာသည်။
"မင်းခွန်မှိုင်း၊ မင်းကိုဘုန်းကျော်စွာအခန်းသွားလိုက်ပါလား"
မနက်စာပြင်နေသော ငစိုင်းမှဝင်ပြောသည်။ မင်းခွန်မှိုင်းမသွားချင်၊ အင်တင်တင်ဖြစ်နေသည်။ သူ့ဖရိုဖရဲပုံစံကို သူများမြင်ပြီးရယ်မှာလည်းကြောက်သည်။
"သူ့ဆီမသွားချင်ရင် Takoyamaဆီသြားပါလား၊ သူအလုပ်မသွားလောက်သေးဘူး"
Takoyama....။
Takoyamaကိုတော့ သူမျက်နှာမပူ။ သူ့ထက်အငယ်ဖြစ်သည်။ နောက်ပြီးစိတ်ထဲပိုရင်းပြီး အနိုင်ကျင့်လို့ရမည်ဟု သတ်မှတ်ထားသည်။ ကျော်ကြီးကလည်း ထွက်ဦးမည်မထင်တာမို့ အောက်ထပ်ကိုသာပြေးဆင်းရတော့သည်။ လှေကားထစ်တစ်လျှောက်လုံး "Takoyama"ဟု အကျယ်ကြီးအော်သွားသေးသည်။
"Takoyama....."
အခန်းတံခါးပင်မခေါက်ရပါ။ သူ့အသံနဲ့တင် လန့်ပြီး Takoyamaမှာတံခါးဖွင့်ပြီးနေပြီ။
"မင်းခွန်မှိုင်း-စံ..ဘာ..."
"မစံနဲ့၊ မစံနဲ့တော့၊ ဖယ်..."
တံခါးဝတွင်ပိတ်ရပ်နေသော Takoyamaအားတွန်းဖယ်ကာ အိမ်ထဲသို့ ခြေဗလာဖြင့်ပြေးဝင်သည်။ တိုက်အခန်းအနေအထားကပုံစံတူဖြစ်တာကြောင့် အိမ်သာရှေ့ကိုသာ အတင်းကာရောပြေးရတော့သည်။ ကိုယ်ဝန်သည်များလို ကိုယ့်ဗိုက်ကိုလည်းလက်ဖြင့် ပြန်သယ်ထားရသေးသည်။ အခြေအနေမကောင်းလျှင် ဒီနားပင် ကိစ္စပြီးသွားနိုင်သည်မို့...။
YOU ARE READING
Sakura Present
Teen FictionI'm just waiting for a stranger! #နတ်ဆိုးတစ်ကောင်နှင့်အတူ မွေးဖွားခြင်း S2