Part 4

973 165 41
                                    

Unicode

"ကဲ....စိတ်ဆိုးပြေရင် ပြန်ကြစို့ ကိုယ်တော်ချော၊ ကျွန်တော်တို့ ဗိုက်ဆာလှပြီဗျ"

ကျော်ကြီးအပြောကို မကြားသလိုဖြင့် ခုံမွေကာက္ထကာ ပခုံးချင်းတိုက်ပြီး ထွက်သွားလေသော မင်းခွန်မှိုင်းကို ကျော်ကြီးထုရိုက်ပစ်လိုက်ချင်ပါသည်။

"မင်းခွန်မှိုင်းတို့ ပင်ပန်းနေပြီလား၊ ဒီအပတ်ထဲတော့ နည်းနည်းအလုပ်ရှုပ်ဦးမယ်နော်၊ စနေနေ့ညနေကျရင်တော့ ကိုယ်မင်းတို့ကို အသားကင်လိုက်ကျွေးပါ့မယ်၊ ဆိုင်ကောင်းကောင်းသိထားတယ်"

"ကောင်းတာပေါ့၊ ကောင်းတာပေါ့"

မင်းခွန်မှိုင်းစိတ်ထဲမှ စနေနေ့မြန်မြန်ရောက်ပါတော့ဟု ဆုတောင်းလိုက်မိသည်။ ဒီနေ့တော့ မနေ့ကဝင်ခဲ့သည့် စတိုးဆိုင်၌ပင် သောက်စရာအချို့နှင့် မုန့်အနည်းငယ်ဝယ်သည်။ မိမိတို့တိုက်ခန်းမှရေခဲသေတ္တာထဲတွင် စားစရာတွေကျန်နေသေးသည်မို့ အသုံးအဖြုန်းလျှော့ချထားလိုက်သည်။

"အသင့်စားတွေချည်းပဲ စားရေတာ့ အိမ်လွမ်းနေကြတော့မှာပဲ"

ကိုဘုန်းကျော်စွာက သူတို့အစားညည်းပေးသည်။ သူတို့သုံးယောက်လည်း ခေါင်းသာဆတ်ဆတ်ညိတ်လိုက်ကြသည်။ တိုက်ခန်းရှေ့ရောက်သောအခါ သူတို့ကိုချပေးပြီး ကိုဘုန်းကျော်စွာ ပြန်ထွက်သွားသည်။ အလုပ်ရှိသေးလို့ဖြစ်မည်။

အခန်းရောက်တော့ အနားယူ၊ ရေချိုး၊ ညနေစာစားပြီးနောက် အိပ်ရာထက်ပြန်လှဲကြပြန်သည်။

"ငစိုင်း၊ မင်း ကိုသာ့ကိုမလွမ်းဘူးလား"

မင်းခွန်မှိုင်း ရေအိမ်ဝင်နေတုန်း ကျော်ကြီးကသတိတရမေးရှာသည်။

ငစိုင်း ချိနဲ့နဲ့ပုံစံဖြင့်သာ ပြုံးရင်းအားတင်းလိုက်သည်။ အလွမ်းပြေကြည့်ဖို့တော့ ခိုးရိုက်ထားသည့်ပုံအချို့အပြင် မင်းခွန်မှိုင်းအကောင့်ထဲမှ ရှာယူထားသော ကိုသာနှင့် မင်းခွန်မှိုင်း၏ နှစ်ယောက်တွဲပုံများရှိပါသေးသည်။ ဘေးနားက မျက်နှာဆိုးမင်းခွန်မှိုင်းကိုတော့ ကိုသာ့မျက်နှာထောက်ပြီး ကြည့်ရတာပေါ့။

Sakura PresentWhere stories live. Discover now