Part 16

748 143 76
                                    

Unicode

ညသည်နက်သည်ထက်နက်လာခဲ့သည်။ Takoyamaနှင့် မင်းခွန်မှိုင်းတို့ လမ်း၌ပင် ရှိသေး၏။ ကားမှတ်တိုင်နှင့် တိုက်ခန်းက လှမ်းတာမို့ လမ်းထပ်လျှောက်ရသေးသည် မဟုတ္လား။ မင်းခွန်မှိုင်းကတော့ ရကောက် ရထားကြီးပျော်ပျော်စီးဆိုသလိုမျိုး Takoyamaကျောပေါ် ပျော်ပျော်ကြီးလိုက်စီးလာခဲ့သည်။ ကိုယ့်တိုက်ခန်းကိုယ်ပြန်ရောက်သည့်အချိန်တွင် Takoyama မောလည်းမော၊ ညောင်းလည်းညောင်းပေပြီ။

အပေါ်ထပ်တက်ဖို့ရာ လှေကားတွင် မင်းခွန်မှိုင်းအား လှေကားလက်ရန်းခဏမှီထားစေပြီး အသက်ဝဝရှူနေစဉ် ကျော်ထွဋ်အောက်ဆင်းလာသည်။

"ခြေသံကြားလို့ ဆင်းလာတာ ၊ ဟော...အမောင်မင်းခွန်မှိုင်းတို့ ရှယ်သောက်ပြီးမှောက်ခဲ့ပြီထင်ပါ့"

Takoyamaက ရယ်လျက်ခေါင်းညိတ်ပြကာ တုန့်ပြန်သည်။

"အဲ့တာမ်ား အမှိုက်ပုံးထဲပစ်ချခဲ့တာမဟုတ်ဘူး၊ သယ်လာနေသေးတယ် Tako-kunရယ်"

မင်းခွန်မှိုင်းလုံးဝအိပ်ပျော်နေသည်အထင်နှင့်ပြောခဲ့ပေမဲ့ ရုတ်တရက် စကားထပြောသော မင်းခွန်မှိုင်းကြောင့် ကျော်ကြီးတစ်ယောက် တွန့်ခနဲ့ပင်ဖြစ်သွားသည်။

"အောင်မာ...ငါ့ကိုမ်ား၊ ဖိနပ်နဲ့ပိတ်ပေါက်လိုက်ရ၊ မင်းခွန်မှိုင်းကို အမှိုက်ပုံးထဲပစ်ရင် ကောက်ချင်တဲ့လူတွေဝိုင်းလုကုန်မှာပော့....ဟဲဟဲဟဲ...."

အာလေးလျှာလေးဖြင့် ရန်ပြန်တွေ့ရင်း ရှူးဖိနပ်ကိုချွတ်ကာ လှမ်းပေါက်ပေမဲ့ လက်မမြဲတာမို့ ကျော်ကြီးထံမရောက်လိုက်ပေ။

"ကဲ....သူ့ကိုအပေါ်တင်ကြစို့၊ ဘေးအခန်းတွေအားနာဖို့ကောင်းတယ်"

ကျော်ကြီးက မင်းခွန်မှိုင်းကို ချိုင်းကမပြီးဆွဲထူသည်။ Takoyamaကလည်းတစ်ဖက်ကဆွဲထူထားစဉ် ဝေါ့ခနဲထပ်အန်ချပြန်သည်။

"ဒီလိုပုံစံနဲ့တော့ ကိုကျော်ထွဋ်တစ်ညလုံး အန်ဖတ်ကျုံးနေရလိမ့်မယ်၊ ကျွန်တော့်အခန်းထဲပဲ ပို့ကြရအောင်၊ ကျွန်တော်ခေါ်သွားမိတာဆိုတော့...."

"ဖြစ်ပါ့မလား...ဒီကောင်မူးရင် အဲ့အတိုင်းပဲ"

"ရတယ် ရတယ်၊ ကျွန်တော်က နည်းနည်းသောက်ထားရင် သိပ်အိပ်မပျော်တတ်လို့ ကျွန်တော်ပဲလုပ်ပေးလိုက်တော့မယ်"

Sakura PresentWhere stories live. Discover now